ဖေဖေဖော်ဝါရီလ ၁၅ရက်မှ ၂၁ ရက်အတွင်း ကရင်ပြည်နယ် ဖာပွန်ခရိုင်နှင့် ကော့ကရိတ်တောင်ပိုင်းတို့ကို လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ် တို့တွင် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ စစ်ကြောင်းထိုးရာ ဒေသ တလျှောက်ရှိ ဒေသခံ ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီး ပြုလုပ်ခြင်းများ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ ပြည်သူ ၂ဦးနှင့် မကွေးတိုင်း ရေစကြိုမြို့နယ်မှ ပြည်သူ ၂ဦးတို့ကို မီးရှို့ သတ်ဖြတ် ခဲ့သည်။