(က) နိုင်ငံတကာဥပဒေအရဆိုလျှင် အဓမ္မလုပ်အားစေခိုင်းမှု၏ အင်္ဂါရပ်များကား အဘယ်နည်း။

အဓ္မလုပ်အားစေခိုင်းမှုကို လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်အဖြစ် မှတ်တမ်းပြုရန်အလို့ငှာ အောက်ပါ အင်္ဂါရပ် (၄)ရပ် ထင်ရှားကြောင်းဖေါ်ပြရပါမည်။[1]

၁။ အလုပ် (လုပ်အား) သို့မဟုတ် ဝန်ဆောင်မှု။

 ၂။ အတင်းအဓမ္မ (ဆန္ဒမပါဘဲ) ထုတ်ယူခြင်း။

၃။ အပြစ်ပေး ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခြင်း။

၄။ အစိုးရ၏ လုပ်ဆောင်ချက်။

 (ခ) လုပ်အား သို့မဟုတ် ဝန်ဆောင်မှုကို အတင်းအဓမ္မ သို့မဟုတ် ဆန္ဒမပါဘဲ ထုတ်ယူခြင်းအဖြစ် မည် သည့်အချက်များက ဖေါ် ပြ သနည်း။ လုပ်အားကို အတင်းအဓမ္မ (ဆန္ဒမပါဘဲ) ထုတ်ယူခြင်း ဆိုသည်မှာ လူပုဂ္ဂိုလ်တစုံတယောက် အလုပ် အစီ အစဉ်ထဲသို့ ဝင်သွားပုံ၊ ဝင်သွားနည်းနှင့် သက်ဆိုင်ပါသည်။ လုပ်အား သို့မဟုတ် ဝန်ဆောင်မှုသည် သ ဘောတူ ခွင့်ပြုချက် မရဘဲဖြစ်စေ၊ နိုင်ထက်ကလူပြုသော အခြေအနေအောက်မှာဖြစ်စေ သွတ်သွင်း ခြင်းခံရပါက အတင်းအဓမ္မထုတ်ယူခြင်းအဖြစ် မှတ်ယူရပါသည်။ နိုင်ထက်ကလူပြု လုပ်အားထုတ်ယူမှု တွင် အောက်ပါ အခြေအနေများပါဝင်ပါသည်။


[1] အဓ္မ လုပ်အားခိုင်းစေမှုကို ပြောင်ပြောင်တင်းတင်း တားမြစ်ထားသော အပြည်ပြည်ဆိုင်ရာ သဘောတူ ညီချက်များမှာ အောက်ပါတို့ ပါဝင်သည်။

– လူ့အခွင့်အရေး ကြေညာစာတမ်း။ ပုဒ်မ-၄ Universal Declaration of Human Rights, Article 4

– လူမှုအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်၊ (ICCPR) ပုဒ်မ-၈

– ကျေးကျွန်ပြုမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်။ ပုဒ်မ (1) Slavery Convention, Article 1(1)

– ကျွန်ပြုမှု၊ ကျွန်ကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် အလားတူဖြစ်သည့် အင်စတီကျူးရှင်းများနှင့် လုပ်ဆောင်ကျင့်သုံးနေမှုများ ဖျက်သိမ်းခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် နောက်ထပ်ဖြည့်စွက်မှု။ ပုဒ်မ- ၇

– အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ်- ၂၉ ILO Convention No. 29

– အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ် (၁၀၅) ILO Convention No. 105 (အဓ္မ လုပ်အားခိုင်းစေမှုကို တားမြစ်ထားသည်။)

– အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်။ အမှတ် – ၁၈၂ ပုဒ်မ- ၃ (က) ILO Convention No. 182 Article 3(a) ကလေးများကို အဆိုးရွားဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေမှုများကို ချက်ချင်းတားမြစ်ရန်နှင့် အဆုံးသတ်စေရန်အတွက် အရေးယူဆောင်ရွက်ရန်။

– အိုင်အယ်လ်အို လုပ်သားခန့်ထားမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ် -၁၂၂ ILO Employment Policy Convention No. 122

 – အိုင်အယ်လ်အို ဌာနေတိုင်းရင်းသားများနှင့် လူမျိုးစုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ်- ၁၆၉။ ILO Indigenous and Tribal Peoples Convention No. 169

– ဒေသဆိုင်ရာသဘောတူညီချက်များကလည်း အဓ္မလုပ်အားခိုင်းစေမှုကို တားမြစ်ကြောင်းဖော်ပြထားကြသည်။ ဥပမာအမေရိကနိုင်ငံများ၏ သဘောတူညီ ချက်ဖြစ်သည်။ လုပ်အားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မြောက်အမေရိကတိုက် သဘောတူညီချက် North American Agreement on Labor Cooperation  နှင့် အမေရိကန် လူ့အခွင့်အရေးဆိုင် ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် American Convention on Human Rights (Art. 6) များဖြစ်သည်။ ဥရောပတိုက်တွင်လည်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ကာကွယ်ပေးရေး ဥရောပနိုင်ငံများ သဘောတူညီချက် f European Convention on the Protection of Human Rights and Fundamental Freedoms (Art. 4) နှင့် ဥရောပလူမှုရေးဆိုင်ရာ ကြေညာစာတမ်း European Social Charter (Art. 1)

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ (CIL) ကို လက်မှတ်ရေးထိုး အသိအမှတ်ပြု ထားခြင်း မရှိပါ။ (CIL) သည် အစိုးရ၏ ယေဘုယျလုပ်ဆောင်ချက်မှ လာသည့် ဥပဒေကျောရိုး တခု ဖြစ်ပြီး၊ အချိန်ရလာသည်နှင့်အမျှ စည်းနှောင်မှုရှိသည့် ဥပဒေတခုအဖြစ် လက်ခံလာကြပါသည်။ သို့ သော်လည်း နိုင်ငံတခုသည် စဉ်ဆက်မပြတ် ဤဥပဒေကို ငြင်းပယ်လာခဲ့ပါက နိုင်ငံတခုသည် ဤဥပဒေ အရ စည်းနှောင်မှုမရှိပါ။

အဓမ္မ လုပ်အားခိုင်းစေမှုကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေများအရ တားမြစ်ထားပါသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံသည် အထက် ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုး မထားသော်လည်း၊ ဤ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေများနှင့် ဆက်နွယ်မှု ရှိနေသည်ဟု ယူဆနိုင်ပါသည်။ (သို့မဟုတ်ပါက ဤဥပဒေအရ စည်းနှောင်းမှုမရှိစေရန် အစဉ်အဆက် ငြင်းပယ်ဖော်ပြမှုမျိုး ပြုလာရမည်ဖြစ်သည်။

လူအများစုက အဓမ္မလုပ်အား ခိုင်းစေမှုသည် ယေဘုယျ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ၏ အစိတ်အပိုင်း တခုမျှသာ မဟုတ်ဘဲ ဟုလည်း ယူဆကြပါသည်။ ဆိုလိုသည်မှာ နိုင်ငံတခုက မည်သည့်အခါမျှ မချိုးဖောက်ရသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခြေခံ တန်ဖိုးထားချက် ဖြစ်သည်ဟု ဆိုခြင်းပင်။ ဤနိုင်ငံက အစဉ်တစိုက် ကန့်ကွက်ငြင်းပယ် လာခဲ့လျှင်သော်မှ လိုက်နာရမည် ဖြစ်သည်။ တနည်း ပြောရလျှင် နိုင်ငံများသည် ဤတန်ဖိုးထားချက်ကို ပစ်ပယ်ရောင်းစားခြင်း မပြုရပါ။

တို့ ရှိနေသည်။ အာဖရိကတိုက်တွင်လည်း လူ့အခွင့်အရေးနှင့် ပြည်သူများ အခွင့် အရေးဆိုင်ရာ အာဖရိကတိုက် ကြေညာစာတမ်း African Charter on Human Rights and Peoples’ Rights (Art. 5) ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)တွင် အလားတူ သဘောတူညီချက် ရှိသော်လည်း လက်မှတ်ရေးထိုးခြင်း မပြုရသေးပါ။

-အဓ္မလုပ်အားခိုင်းစေမှုကို တားမြစ်ထားသည့် ဥပဒေအရတင်းကျပ်စည်းနှောင်ထားမှုမရှိသော အပြည်ပြည်ဆိုင်ရာစာချုပ်၊ မှတ်တမ်းများရှိပါသည်။ ၎င်းတို့တွင် ကျွန်ကုန်ကူးမှု တက္ဘာ လုံးတွင်ဖျက်သိမ်းရေးနှင့် သက်ဆိုင်သောကြေညာချက် Declaration Relative to the Universal Abolition of the Slave Trade အိုင်အယ်လ်အို၏ လုပ်ငန်း ခွင်တွင် အခြေခံမူများနှင့် အခွင့်အရေးများဆိုင်ရာ ကြေညာချက် Declaration on Fundamental Principles and Rights at Work နှင့် အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာ အကြံပြုချက်များ (တိုက်ရိုက် မဟုတ်သော တိုက်တွန်းချက်)- အမှတ် -၃၅ Forced labor (Indirect Compulsion) Recommendation No. 35 ၏ တို့ ရှိနေသည်။ ဤဥပဒေ မှတ်တမ်းများကို အင်တာနက်စာမျက်နှာ http://www2.ohchr.org/english/law/ (last visited 27 July 2008).တွင် ရယူနိုင်ပါသည်။