(က) နိုင်ငံတကာ ဥပဒေအရဆိုလျှင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခြင်း၏ အင်္ဂါရပ်များကား အ ဘယ်နည်း။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခြင်းအမှုများကို မှတ်တမ်းတင်ရန်အတွက် အင်္ဂါရပ် (၃) ရပ်နှင့် ပြည့်စုံ ကြောင်း သက်သေပြသရန် လိုအပ်ပါသည်။

၁။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ထိပါး နှောင့်ယှက်ခြင်း

၂။ တရားမဝင်ပြုမှု

၃။ အစိုးရ၏ ဆောင်ရွက်ချက်တို့ ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေ – ပုဂ္ဂလိကပိုင်ဆိုင်ခွင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပုဒ်မ (၁၇)သည် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို အတိအ လင်း အသိအမှတ်ပြုထားသည့် တခုတည်းသော အပြည်ပြည်ဆိုင်ရာပင်မ သဘောတူညီချက်ဖြစ် ပါသည်။ အခြားသော အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် လူမျိုးရေးဆိုင်ရာ ခွဲခြားဖိ နှိပ်မှု ပုံစံအားလုံး အဆုံး သတ်စေရေး နိုင်ငံတကာသဘောတူညီချက် Convention on the Elimination of All Forms of Racial Discrimination နှင့် အမျိုးသမီးများကို နည်းပေါင်းစုံနှင့် ခွဲခြားဖိနှိပ်ဆက်ဆံနေ ခြင်း အဆုံးသတ်စေရေး နိုင်ငံတကာ သဘောတူညီချက် Con- vention on the Elimination of All Forms of Discrimination against Women  စသဖြင့်တို့သည် သက်ဆိုင်ရာ ရှုထောင့်အသီးသီးမှ ပုဂ္ဂလိက ကပိုင်ဆိုင်ခွင့်ကို ဆန်းစစ်ထားကြပါသည်။ ဥပမာဖော်ပြရသော်- ခွဲခြားဆက်ဆံမှု မရှိခြင်း ပင်

ြစ်ပါသည်။ ဒေသဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် အမေရိကတိုက် နိုင်ငံများ၏ လူ့အခွင့်အရေး ဆိုင်ရာ သဘောတူညီချက American Convention on Human Rights လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များ ကာကွယ်ပေးရေးဆိုင်ရာ ဥရောပနိုင်ငံများ သဘောတူညီချက် Protocol to the European Convention for the Protec- tion of Human Rights and Fundamental Freedoms တို့တွင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ပိုမိုရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဖော် ပြထားကြပါသည်။

() မည်သည့်အချက်များသည် ထိပါး နှောင့်ယှက်မှု မြောက်သနည်း။

အစိုးရ၏ မည်သည့်ဌာန၊ အဖွဲ့အစည်းကမဆို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ထိပါးနှောင့်ယှက်သည့် မည်သည့် လုပ်ဆောင်မှုမျိုး မဆိုပြုလာပါက အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်ကြောင်း မှတ်တမ်းရယူရန် အတွက် ထိပါးချိုးဖောက်ကြောင်း မြောက်ပါသည်။ ထိပါးနှောင့်ယှက်သည့် အခြေအနေ၊ အတိုင်းအတာ သည် အရေးမကြီးပါ။ ပိုင်ဆိုင်မှုကို အသုံးချရာ၌၊ ပျော်ရွှင်မှုခံစားရာ၌ အနည်းငယ်မျှ အနှောင့်ယှက် ဖြစ်ရလျှင်ဖြစ်စေ၊ သို့မဟုတ် လုံး၀နစ်နာဆုံးရှုံးရလျှင်ဖြစ်စေ ချိုးဖောက်မှု အတူတူပင်ဖြစ်ပါသည်။ မည် သို့ ထိပါးနှောင့်ယှက်သည်ဆိုသည့် ပုံသဏ္ဌာန်ကလည်းအရေးမကြီးလှပါ။ ဤသို့ချိုးဖောက်ပုံများတွင် ကန့်သတ်တားမြစ်သည့် ဥပဒေများ၊ အမိန့်များ၊ ဒီဂရီများ၊ တရားရုံးဆုံးဖြတ်ချက်များ၊ ရုပ်ပိုင်းဆိုင်ရာ လက်တွေ့ပြုမူဆောင်ရွက်မှုများပါဝင်ပါသည်။

(ဂ) ပုဂ္ဂလိက ပိုင်ဆိုင်မှု အခွင့်အရေးတွင် မည်သည့်အခွင့်အရေးများ ပါဝင်နေကြသနည်း။ ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေးတွင် အခွင့်အရေးမျိုးစုံ ပါဝင်နေပါသည်။ ဤအခွင့်အရေးများတွင် ပိုင် ဆိုင်မှုကို ထိန်းချုပ်ခွင့်၊ အသုံးချခွင့်၊ စီမံခန့်ခွဲခွင့်၊ ခံစားခွင့်၊ အကျိုးအမြတ်ထုတ်ယူခွင့်၊ လွှဲပြောင်းခွင့်၊ သို့မဟုတ် ရောင်းချခွင့်၊ သို့မဟုတ် စွန့်ပစ်ခွင့်၊ သို့မဟုတ် အခြားပိုင်ဆိုင်မှုများမှ သီးခြားခွဲခြားထားခွင့် အခွင့်အရေးများပါဝင်ပြီး၊ ဤမျှနှင့် ကန့်သတ်ထားချက်မရှိပါ။ ထို့အပြင် ပုဂ္ဂလိက ပိုင်ဆိုင်မှု အခွင့်အ ရေးနှင့်ပတ်သက်၍ တညီတညွတ်တည်း အဓိပ္ပာယ်ဖွင့်ဆိုချက်လည်းမရှိပါ။ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွင် ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော အရာဝတ္ထု အားလုံးပါဝင်ပါသည်။ ထိတွေ့နိုင်သော၊ မထိတွေ့ နိုင်သော အရာအားလုံးပါ ဝင်သည်။ဤပစ္စည်းများအပေါ်မှ တန်ဖိုးထုတ်ယူ၍လည်းရသည်။[1] ဥပမာ ဖော်ပြ ရလျှင်- လူတဦး၏ ကိုယ်ပိုင်၊ လူတဦး၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ မြေ၏ယဉ်ကျေးမှုဆိုင်ရာ ပိုင် ဆိုင်မှု၊ အသိညာဏ်ဆိုင်ရာ ပိုင်ဆိုင်မှုတို့ကို ပိုင်ဆိုင်မှုအဖြစ် မှတ်ယူပါသည်။