ကျန်းမာရေး လုပ်သားများသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ကျန်းမာရေးသည် လူ့အခွင့်အရေးတစ်ခုဖြစ်ပြီး အသက်ရှင်နေထိုင်ခွင့်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပါအဝင် လူ့အခွင့်အရေးစာချုပ်များတွင် ပြဌာန်းထားသော အခြေခံမူတစ်ခုဖြစ်သည်။ သို့သော်  စစ်အာဏာရှင်သည် လူထု၏ အသက်ကို တန်ဖိုးမထားဘဲ လျစ်လျူရှုကာ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးပြီး ဒဏ်ရာရ ဆန္ဒပြသူများအား သို့မဟုတ် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံသူများကို ကုသပေးနေသည့် ကျန်းမာရေး လုပ်သားများအား အကြမ်းဖက် ချေမှုန်းရန်အထိ ကြိုးပမ်းခဲ့သည်။