“နှစ်ခြောက်လုံးလူထုအရေးတော်ပုံနေ့ ဆန္ဒပြပွဲကို အကြမ်းဖက်စစ်တပ်မှ ဖြိုခွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အရှိန်အဟုန်ဖြင့် ဆက်လက်လှုပ်ရှားနေသာ ဆန္ဒပြပွဲများနှင့် စည်းရုံးလှုံ့ဆော်မှုများဖြင့် နွေဦးတော်လှန်ရေး၏ စွမ်းအားကို ရှင်းလင်းပြတ်သားစွာ တွေ့ရသည်။ နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့သော ၂၀၂၁ ခုနှစ် ‘နှစ်ငါးလုံး လူထုအရေးတော်ပုံ’ နှစ်ပတ်လည်နေ့အဖြစ် ‘နှစ်ခြောက်လုံး လူထုအရေးတော်ပုံနေ့’ အထိမ်းအမှတ်ကို ကျင်းပခဲ့သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန် တောင်းဆိုသည့် ပိုစတာများနှင့် ဆိုင်းဘုတ်များကို စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများသည် ဂုဏ်ယူစွာ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ ပန်းများပန်ဆင်ခြင်းနှင့် ရိုးရာသနပ်ခါးများ လိမ်းခြယ်ကာ လက်သုံးချောင်းထောင်ခြင်းကို ဆန့်ကျင်အံ့တုမှုအဖြစ် ရှုမြင်ကြသည်။ ပြီးခဲ့သည့်နှစ်တွင် မကောင်းဆိုး၀ါးများကို မောင်းထုတ်ရန် အိုးနှင့် သံဗုံးတီးခြင်းသည် ထင်ရှားသော အကြမ်းမဖက်သည့် ဆန္ဒပြမှုဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများသည် ငါးမိနစ်ခန့် အသံတိတ်နေခြင်းဖြင့် ပါဝင်ရန် နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ပြည်သူများမှလည်း အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များဖြန့်၀ေခြင်းနှင့် စာတန်းများကို ချိတ်ဆွဲခဲ့ကြသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲသည် ပါဝင်သူအားလုံး၏ ရပိုင်ခွင့်များကို ဆန္ဒထုတ်ဖော်သည့် နေရာဖြစ်သည်။ သို့သော်လည်း စစ်အာဏာရှင်သည် မတရား အကြမ်းဖက်ဖြိုခွင်းခဲ့သည်။  တနင်္သာရီနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူ ဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။

ပြည်သူများသည် နိုင်ငံတကာမှ  အသိအမှတ်ပြုထားသော အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ချိုးဖောက်ခံရသောကြောင့် အကြမ်းဖက်စစ်တပ်မှ ၎င်းချိုးဖောက်မှုများအတွက် အမြန် တာ၀န်ခံရန် လိုအပ်သည်။ 

အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံဝတ်ဆင်ထားသည့်  အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် မွေးနေ့ပါတီကျင်းပနေသည့် လူငယ် ၃၄ ဦးအား သပိတ်လှုံ့ဆော်မှု စွဲချက်ဖြင့် အကြမ်းဖက် စီးနှင်းခဲ့သည်။  ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့်

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM မှ ဖမ်းဆီးမှုများနှင့် ဆက်စပ်၍ ဖမ်းဝရမ်း ထုတ်ထားခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးထားသူများအား လောင်းလုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီး အမျိုးသမီးနှစ်ဦး အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်စာများဖြန့်ကြဲစဥ် အကြမ်းဖက်စစ်တပ်မှ ကားဖြင့်တိုက် ဖြိုခွင်းရာ နှစ်ဦးစလုံး ဆိုင်ကယ် ပေါ်မှ လဲကျသွားခဲ့သည်။ ထိုကဲ့သို့ဖြစ်ပြီးပြီးနောက် အမျိုးသမီးငယ်တစ်ဦးမှာ ကိုယ်၀န် ပျက်ကျသွားခဲ့သည်။

အပြစ်မဲ့ အရပ်သားပြည်သူများအပေါ်  မတရားပြုမှုခြင်းသည် စစ်အာဏာရှင်မှ မည်သည့်အခါမှ ဖုံးကွယ်ထားခြင်းမရှိသော ရက်စက်ကြမ်းကြုတ်မှု တစ်ဖန်ပြနေသကဲ့သို့ ဖြစ်နေသည်။

ကရင်ပြည်နယ်

တပ်ရင်း ၄ တပ်ရင်းအပြင် အကြမ်းစစ်တပ်၏ အခြေစိုက်စခန်းသည် ၂၈ ခုမှ ၃၂ ထိတိုးလာသောကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU သည် စစ်အာဏာရှင်အား ခုခံတိုက်ခိုက်မှု ပိုမိုအားကောင်းလာနေသည်။  တပ်မဟာ ၅ ဒေသတွင်  အကြမ်းဖက်စစ်တပ်အင်အား ၄၀၀၀ ခန့်ရှိသည်။  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်လတာအတွင်း အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်(BGF) တပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ‌ပေါင်း ၃၂၂ ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ဘုရားသုံးဆူမြို့နယ်မှ ၃ ကီလိုမီတာအကွာ နာဂါးတောင်ကုန်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မက်ခထာဒေသခံ မီးဖွားပြီး ၂ ရက်သာရှိသေးသော  အမျိုးသမီးငယ်တစ်ဦး၊ နေ့စားအလုပ်သမား နိုင်သစ်နှင့် စောဖဒိုတို့မှာ လက်နက်ကြိးကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာများမှ အိမ်ခြေပေါင်း ၁၂၀ သည် KNU တပ်မဟာ ၄ သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှ​ အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့၏ လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်(BGF) ကို ကရင့်နယ်မြေအတွင်းမှ ထွက်ခွာရန် သတိပေးခဲ့သည်။

 

ကရင်နီ (ကယား) ပြည်နယ်

မိုးဗြဲမြို့တွင် ကရင်နီပြည်သူ့ကွယ်ရေးတပ် (PDFs ) ပူးပေါင်းတပ်ဖွဲများနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများပြင်းထန်ပြီးနောက်အကြမ်းဖက်စစ်တပ်သည် လေကြောင်းဖြင့် တစ်ဖန် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်သည် မိုးဗြဲအနီးအနားရှိ ကျေးရွာများသို့၀င်ရောက်ခဲ့ပြီး လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကို နေ့စဥ်ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ကရင်အခြစိုက်PDFs

ထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂ ဒါဇင်ကျော်ကို သုတ်သင်နိုင်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြားမှ  ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကြီး ပေါက်ကွဲမှုအရှိန်ကြောင့် ၎င်းတို့၏ အိမ်များပါတုန်ခါသွားခဲ့သည်။ ထောင်ပေါင်းများစွာသော အရပ်သားများသည် ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သို့သော်လည်း စစ်ရေးရေးဂိတ်များစွာကို ဖြတ်ကြော်ခဲ့ရပြီး စစ်သားများ၏ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုအပါ၀င် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။

မြေလှန်စနစ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကရင်နီပြည်သူများ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေသည်။ နှစ်စကတည်းမှစတင်၍ စစ်ဘေးရှောင်စခန်းများသည် လေကြောင်းဖြင့် တိုက်ခိုက်မှုများ ခံခဲ့ရပြီး ထောင်နဲ့ချီ ထွက်ပြေးခဲ့ရသည်။ စိတ်ဒဏ်ရာဖြင့် အသက်ရှင်ကျန်ရစ်သူများသည် မိသားစု၀င်များကို ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းစစ်၏ ဆိုးရွားလှသော သက်ရောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အနီးကပ် မျက်မြင်တွေ့ခဲ့ရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်အစိုးရ၏ အကြမ်းဖက် တိုက်ခိုက်မှုဒဏ်ကို အခံရဆုံး ဒေသ တစ်ခုဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခ တည်နေရာနှင့် အဖြစ်အပျက် ဒေတာများ (ACLED) စီမံကိန်းအရ  အထူးသဖြင့် စစ်အာဏာရှင်ကို ခုခံတော်လှန်ရာတွင် အောင်မြင်ခဲ့သည်ံ ဒေသများတွင် အကြမ်းဖက်စစ်တပ်၏ ကျူးလွန်နေသော အကြမ်းဖက်လုပ်ရပ်များ ပိုမိုဆိုးရွားလာနေသည်။ အရပ်သားပြည်သူများသည်  ပြည်တွင်းစစ်၏ အကျိုးသက်ရောက်မှုများကို ဆိုးဆိုးရွားရွား ဆက်လက် ခံစားနေရသည်။

စစ်ကိုင်းတိုင်းဒေသ ကြီးရှိ ကျေးရွာတစ်ရွာသို့ ဝင်ရောက်စီးနင်းမှုအတွင်း  ဇနီး၊ သားနှင့်သမီးများ ဆုံးရှုံးရသည့်အတွက် ဝမ်းနည်းပူဆွေးနေသော အမျိုးသားတစ်ဦးသည် စပ်သားများထံ ပြေးလာကာ ၎င်းအားပစ်သတ်ရန် တောင်းဆိုခဲ့သည် အကြမ်းဖက်စစ်တပ်၏ ပို၍ ဆိုးရွားသော အကြမ်းဖက်မှုများ တိုးလာနေပြီး ၎င်တို့၏ ရက်စက်ကြမ်းကြုတ်သော ဆက်လက် ထွက်ပေါ်လာနေသည်။ မည်သည့်အရပ်သားမှ မလုံခြုံ၊ မည်သူမှ အသက်အပိုမပါပါ။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ အိုင်တောင် အနောက်ရွာကို အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် တစ်ဒါဇင်ကျော် ပျက်ဆီးခဲ့ပြီး ဒေသခံများ ထပ်မံထွက်ပြေးခဲ့ရသည်။ ချောင်းဦးကျေးရွာတွင်လည်း အကြမ်းဖက်စစ်တပ်မှ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၀င်ရောက်စီးနှင်းမှုနှင့်အတူ ငွေသား၊ အဖိုးတန်ပစ္စည်းများနှင့် တိရစ္ဆာန်များ အပါအဝင် အရပ်သားများ၏ ပစ္စည်းများ ခိုးယူခံခဲ့ရသည်။