2021 ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ အဓိက တယ်လီကွန်းအော်ပရေတာနှင့် ဒုတိယအကြီးဆုံး တယ်လီကွန်းလုပ်ငန်းတစ်ခုဖြစ်သည့် Telenor Group မှ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မအောင်မြင်သော စစ်အာဏာသိမ်းမှု စတင်ပြီးနောက် ခြောက်လခန့်အကြာတွင် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တယ်လီနောသည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည့်အပြင် ကုမ္ပဏီတစ်ခုလုံးကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုအုပ်စုဖြစ်သည့် M1 Group သို့ ရောင်းချခဲ့သည်။ အဆိုပါရောင်းချမှုကို အာဏာသိမ်းစစ်အာဏာရှင်မှ ပယ်ချခဲ့ပြီး M1 Group နှင့် စစ်တပ်၏ စီးပွားဖက်ဖြစ်သည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီအား ရောင်းချရန် သိုသိုသိပ်သိပ် ခွင့်ပြုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

လွန်ခဲ့သည့်လများအတွင်း တယ်လီနော သုံးစွဲသူ ၁၈ သန်း၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ တိုးမြင့်လာခဲ့သည်။ တယ်လီနော၏ ထွက်ခွာမှုသည် ထောင်ပေါင်းများစွာသော သုံးစွဲသူများ၏ အချက်အလက်များကို အကြမ်းဖက်စစ်တပ်မှ ရယူမည့် အန္တရာယ်အတွက် စိုးရိမ်နေကြရသည်။
တယ်လီနောအုပ်စုနှင့် နော်ဝေအစိုးရတို့အား ကုမ္ပဏီရောင်းချမှု ချက်ချင်းရပ်တန့်ရန် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခဲ့ကြသည်။ ထပ်လောင်းစိုးရိမ်ပူပန်မှုများမှာ အရပ်သားပြည်သူများအား ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို အကြမ်းဖက်စစ်တပ်မှ ဆက်လက်ကျူးလွန်ရန် ငွေကြးထောက်ပံ့မှုများ ဖြစ်လာနိုင်ခြင်း ဖြစ်သည်။

တယ်လီနောအုပ်စု၏ အခြေခံလူ့အခွင့်အရေးစံနှုန်းများကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နော်ဝေဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖိုရမ်တို့မှ တယ်လီနော၏ခေါင်းဆောင်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားစာတင်သွင်းခဲ့သည်။ တယ်လီနောဘုတ်အဖွဲ့ဝင်များနှင့် နော်ဝေအာဏာပိုင်များသည် ‘လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကူညီဆောင်ရွက်ပေးခြင်း’ ဖြစ်သည်ဟု မှတ်ချက်ပြုသူများထဲတွင် ထိပ်တန်းတရားသူကြီးတစ်ဦးလည်း ပါဝင်သည်။ သုံးစွဲသူများ၏ အချက်အလက်ကို ကာကွယ်ရမည် ဖြစ်သည်။အကြမ်းဖက်စစ်အာဏာရှင်၏ အသံသည် မြန်မာပြည်သူတို့ကို ကိုယ်စားမပြုပါ။ သို့သော်လည်း နိုင်ငံတကာဆက်သွယ်ရေးအင်စတီကျု့ (IIC)သည် အာဏာသိမ်းစစ်ရာဇဝတ်ဂိုဏ်းအား မြန်မာစစ်အာဏာရှင်အုပ်စုအတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ခဝါချကူညီပေးနေပြီး စစ်အာဏာရှင် ကိုယ်စားပြု ဆက်သွယ်ရေးညွန်ချုပ်အား နိုင်ငံသားနှင့် သုံးစွဲသူများကို ကာကွယ်ပေးခြင်း ဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးရန် ဖိတ်ကြားခဲ့သည်ကို Justice for Myamar ၏ အဆိုအရ သိရှိရသည်။ သတင်းထောက်များအား ပွဲမတက်ရန် ပိတ်ပင်ထားခြင်းသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၏ နောက်ထပ်သက်သေများပင်ဖြစ်သည်။

တစ်နှစ်ကျော်ကြာပြီးနောက် မြန်မာနိုင်ငံရှိ ပြည်သူတို့၏ အသံများသည် ယခင်ကထက် ပိုမို ပြတ်သားလာပါသည်။ မြန်မာပြည်သူတို့အား မည်သည့် တရားမဝင် အကြမ်းဖက်စစ်အာဏာရှင်များ၏ အဖွဲ့ဝင်မှ ကိုယ်စားမပြုရပါ။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ကရင်ပြည်နယ်

ကရင်ပြည်နယ်မှ စစ်ဘေးရှောင်ရွာသားများသည် မတည်မငြိမ်ဖြစ်နေသော ပဋိပက္ခ နောက်ကွယ် မသေချာမရေရာ ဖြစ်နေဆဲဖြစ်သော ၎င်းတို့အနာဂတ်အတွက် စိုးရိမ်နေကြသည်။ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ် ကမ်းနံဘေးတစ်လျှောက်တွင် ခိုလှုံနေကြရသည်။ ဒေသခံအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် လေးကေကော်ဒေသမှ ရွာသား ၁၀၀၀၀ နှင့် အနီးနားမှ ရွာသား (ခန့်မှန်းခြေ ၄၀၀၀) ခန့် သည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ရေသော စစ်ဘေးရှောင်များအတွက် ထိုင်းနိုင်ငံ၏ အကူအညီသည် အကန့်အသတ်ရှိနေသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် မယ်ကော်ကင်း ယာယီစစ်ဘေးရှောင်စခန်းကိုထိုင်းအာဏာပိုင်တို့မှ ပိတ်သိမ်းခဲ့သည်။ ထိုအချိန်ကတည်းမှစ၍ စစ်ဘေးရှောင်တို့ လိုအပ်ချက်များသည် အဆမတန် ပိုမိုများပြားလာခဲ့သည်။

ကရင်နီ (ကယား) ပြည်နယ်

ကရင်နီ (ကယား) ပြည်နယ်တွင် တိုက်ပွဲများကြောင့် လူပေါင်း ၁၇၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး တော်လှန်ရေးအင်အားစုများမှ အပြင်းအထန် တော်လှန်တိုက်ခိုက်မှုကြောင့် ပြည်နယ်၏ ၁၀ % ကိုသာ စစ်အာဏာရှင်မှ ထိန်းချုပ်နိုင်တော့သည်။ ပြည်နယ်တစ်ဝှမ်းရှိ အဆောက်အအုံများနှင့် တောတောင်များတွင် အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ ခန့် တိမ်းရှောင် ခိုလှုံနေကြရသည်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)နှင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) တို့ပူးတွဲထုတ်ပြန်သည့်“ကမ္ဘာကြီး သိပါစေ” ဆိုသည့် အစီရင်ခံစာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ အရပ်သားတို့၏ ဘဝများအား အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်တန့်ရန် အာဏာသိမ်းစစ်တပ်အား အကြိမ်ကြိမ် တောင်းဆိုသော်လည်း ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ အဆက်မပြတ် ဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ဘေးသင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် နှစ်ပတ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား လေးဆယ်ခန့် သေဆုံးခဲ့သည်။ သေဆုံးသူများတွင် မြို့နယ်လေးခုမှ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သည်။ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အတွင်း အကြမ်းဖက်စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း ရွာသား ၃၈ ဦး သေဆုံးခဲ့သည်။ မြေလှန်အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ မင်းကင်းနှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာလေးရွာတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီးနောက် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ စီးနင်းမှုအတွင်း မုဿာကျေးရွာရှိ နေအိမ် ၂၀၀ အနက် ၁၇၈ လုံးနီးပါး မီးလောင်ကျွမ်းခဲ့သည်။ ထို့အပြင် မောက်တက်ကျေးရွာတွင်လည်း အိမ်ခြေ ၁၅၀ အနက် ၁၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် PDF စခန်းတစ်ခုရှိ သင်တန်းဆင်းပွဲတစ်ခုတွင် လေကြောင်းဖြင့် တိုက်ခိုက်ခံရပြီးသည့်နောက် အရပ်သား အလောင်း ၁၁ လောင်းကိုတွေ့ရှိခဲ့သည်။ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဒါဇင်နီးပါသေဆုံးခဲ့သည်။