လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-(မြန်မာနိုင်ငံ)မှ စုစည်းတင်ပြသည်။

မြန်မာနိုင်ငံတွင် ကျူးလွန်နေသော ရာဇ၀တ်မှုများအတွက် လက်ရှိအခြေအနေ၏ အရေးပေါ်အခြေအနေနှင့် ကိုက်ညီသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းတုံ့ပြန်မှုအတွက်  နိုင်ငံတကာမှ အရေးယူဆောင်ရွက်ရန် လိုအပ်သည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ကြာမြင့်စွာ ခံစားခဲ့ရသည့်အတွက်  အကြမ်းဖက်မှုများ ပိုမိုကျူးလွန်ရန် တွန်းအားပေးနေခဲ့သည်။ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှုပိတ်ဆို့ရေး နှင့် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ကျွန်ုပ်တို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ​ အလေးပေး တောင်းဆိုလိုက်သည်။