ဆယ်စုနှစ်များစွာ အလိမ်အညာများ၊ ငြင်းဆိုမှုများ နှင့် အမှန်တရားကိုဖုံးကွယ်သော လုပ်ကြံလီဆယ်မှုများကို မြန်မာ့အကြမ်းဖက်ကောင်စီ အမှီလိုက်နေသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သံတမန်ရေးရာ အခန်းကဏ္ဍသို့ မြေပြင်ပေါ်မှ​ သိရှိထားသော အခြေအနေမှန်များနှင့် ပြည်သူတို့၏ အသံကို မြှင့်တင်ကြားသိစေခဲ့သည်။​ လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း ​(ASEAN) နိုင်ငံခြားရေး ၀န်ကြီးများသည် ယခုနှစ်အစောပိုင်း ဧပြီလ ၂၄ ရက်နေ့ ဂျကာတာတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအ၀ေး တွင် ချမှတ်ခဲ့သည့် အာဆီယံဘုံသဘောတူချက်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ လိုက်နာမှု မရှိသောကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းဆိုင်ရာ အရေးပေါ်အထူးအစည်းအ၀ေးကို  အောက်တိုဘာလ ၁၅ ရက်နေ့တွင်  ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ခွဲခြားမှုမရှိသည့် အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတာဝန်ခံမှု ယန္တရားများ နှင့် ပူးပေါင်းရန် ဆန္ဒမရှိခြင်းတို့ကြောင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများသည် လာမည့် အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပမည့် အာဆီယံ ထပ်သီးအစည်းအ၀ေးတွင် အကြမ်းဖက် စစ်အုပ်စုအား မဖိတ်ကြားရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံနှင့်အာဆီယံအကြား အထူးသဖြင့် အာဆီယံ အထူးသံတမန် Erywan Yusof သည် နိုင်ငံရေးပါတီအားလုံးနှင့် တွေ့ဆုံခွင့်မရသောကြောင့် ၎င်း၏ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သဖြင့် တင်းမာမှုများ ကြီးထွားလာသည်။ အထူးသံတမန်Erywan Yusof သည် စစ်အာဏာသိမ်းသည့် နေ့ကတည်းမှ ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းမရှိရန် တားမြစ်ခံရသည်။ ဖိလစ်ပိုင်၊ ထိုင်းနှင့် တရုတ်ကဲ့သို့ နိုင်ငံများသည် အသီးသီး၌ ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အကျိုးစီးပွားကိုကာကွယ်ရန် စစ်အာဏာသိမ်းမှုကို ရှုတ်ချရန် ကြောက်ရွံ့ခဲ့သောကြောင့် အကြမ်းဖက်စစ်ကောင်စီနှင့် အာဆီယံတို့၏ အပြန်အလှန်ဆက်ဆံရေး အချိန်ဇယားသည် တုံ့ဆိုင်းနေသည်။ သို့သော်လည်း  လများကုန်လွန်လာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီသည် တိုးတက်သော တွေ့ဆုံဆွေးနွေးမှုမှတဆင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိခြင်း သို့မဟုတ် စိတ်၀င်စားမှု မရှိခြင်း ၊ မရှိသည်မှာ ထင်ရှားလာသည်။

မြန်မာ့အရေးကို အာဆီယံအရေးပေါ်အစည်းအ၀ေးတွင် အာဆီယံအဖွဲ့၀င်နိုင်ငံများမှ အကြမ်းဖက်စစ်အုပ်စုအား ထိပ်သီးအစည်းအ၀ေးသို့ တက်ရောက်ခွင့် မပြုရန် ဆုံးဖြတ်ခဲ့ပြီး  မြန်မာနိုင်ငံအတွက် နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် အရပ်ဘက် ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည်။  အာဆီယံ၏ ၀င်ရောက်မစွက်ဖက်ရေးမူ၀ါဒကြောင့် အကြမ်းဖက် စစ်ကောင်စီကို တာ၀န်ခံမှုရှိစေရန် ပျက်ကွက်ခဲ့သည်ဟု ကာလကြာရှည် ၀ေဖန်မှုများ ရှိနေခဲ့သော်လည်း အာဆီယံအပေါ် ယုံကြည်ကိုးစားမှုပေါ်ထွက်လာစေခဲ့သည်။ စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးဌာနမှ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းတို့သည် “ငြိမ်းချမ်းမှုနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်သိမ်းရန် ကြိုးပမ်းနေသည်ဟု ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ပြီး နောက်ဆုံးတွင် အာဆီယံသည် ပြောင်းလွယ်ပြင်လွယ်ခြင်းမရှိဘဲ သို့မဟုတ် ၎င်းတို့၏ အခြေအနေကို နာမလည်ကြောင်း ပြင်းထန်စွာ တုန့်ပြန်ခဲ့သည်။

ပြည်တွင်းတွင် တပ်မတော်သည် အကွဲကွဲအပြားပြားဖြစ်နေသော လက္ခဏာများ တိုးလာသည်နေသည်ကို တွေ့ရသည်။  ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်သားအရေအတွက်များကိုလည်း မှတ်တမ်းတင်ထားသည်။ ပြည်သူ့စစ်သားအဖွဲ့သစ်သည် ပုံစံအမျိုးမျိုးဖြင့် စစ်အာဏာရှင်ကိုတွန်းလှန်ကာ ပြည်သူ့ရင်ခွင် သို့ကူးပြောင်းလာသည့် စစ်သားများဖြင့် ဖွဲ့စည်းထားသည်။ ယခုပတ်အတွင်းတွင် စစ်တပ်အကြီးအကဲများသည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သမ္မတအား အတင်းအဓမ္မ ရာထူးမှ နှုတ်ထွက်ပေးရန် ခြိမ်းခြောက်ကာ နိုင်ငံတော်အာဏာကို လုယူခဲ့သည့်အတွက် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ပြီး တပ်မတော်၏ စည်းကမ်းကိုဖောက်ဖျက်ခြင်း ဖြစ်သည်ဟု ပြည်သူ့စစ်သားအဖွဲ့မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

 ချင်းပြည်နယ်

ချင်းပြည်နယ်ရှိ ဒေသခံများသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်အင်အား တို့းချဲ့လာမှုကြောင့် စိုးရိမ်ထိတ်လန့်နေရသော အခြေအနေတွင် ဆက်လက်နေထိုင်နေရသည်။​ တပ်မတော်သည် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင်တိုးချဲ့ရန် လက်နက်အင်အားအပြည့်အစုံဖြင့် နည်းလမ်းပေါင်းစုံ ကြိုးပမ်းလျက်ရှိသည်။​ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မှတ်တမ်းများအရ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖလန်းမြို့နယ်မှ အသက် ၂၉ နှစ်နှင့် ၃၄ နှစ်အရွယ် အရပ်သားနှစ်ဦးကို အကြမ်းဖက်စစ်တပ်မှ ပစ်သတ်ခဲ့ပြီး ခန္ဒာကိုယ် အထက်ပိုင်းနှင့် မျက်နှာတွင် သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသော ၎င်းတို့၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် တွေ့ရှိခဲ့သည်။ ထိုးစစ်ဆင်တိုက်ပွဲများအတွင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် စေတနာ့၀န်ထမ်းများကို တိုက်ခိုက်ခံရသည့် အကြိမ်ပေါင်း အနည်းဆုံး ၂၀ ရှိသည်ဟု ချင်းလူ့အခွင့်အရေးဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

 

ကယားပြည်နယ်

ကယားပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ သိသာထင်ရှားစွာ များပြားလာနေသည်။ အရပ်သားများသည် ပစ်မှတ်ထားခံနေရသောကြောင့် အသက်ရှင်ရပ်တည်ရေးအတွက် မျော်လင့်ချက်မဲ့နေချိန် ၎င်းတို့၏ အသက်မွေး၀မ်းကြောင်းမှာလည်း  ဆိုး၀ါးစွာ ခြိမ်းခြောက်ခံနေရ သည့် အခြေအနေဖြစ်သည်။ နိုင်ငံရေးအကျဥ်သားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP)

၏ မှတ်တမ်းများအရ  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာတွင် ရိက္ခာယူရန် ပြန်လာသော စစ်ဘေးရှောင် ညီအစ်ကိုနှစ်ဦး ဖြစ်ကြသည့် ဦးကျော်ဟိန်းနှင့် ကိုဒေါမိနစ်တို့အား အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ရာ ဦးကျော်ဟိန်းမှာ သေဆုံးသွားခဲ့ပြီး ကို‌ဒေါမိနစ်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။

ဖရူဆိုမြို့နယ်မှ စစ်ဘေးရှောင်များသည် အရေးပေါ်အကူအညီနှင့် အထောက်ပံ့များ အရေးပေါ် လိုအပ်လျက်ရှိသည်။ အသက်ကယ်တင်စောင့်ရှောက်ရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် စားနပ်ရိက္ခာ၊ ရေ၊ဆေး၀ါးများ နှင့် အကူအညီပေးမှုဆိုင်ရာလမ်းကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ တားမြစ်ထားသည်။

 

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေး၀ါးများ အရေးပေါ် လိုအပ်နေကြောင်း ရှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ ပြောကြားခဲ့သည်။  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များသည် နေရပ်သို့ မပြန်နိုင်ကြသေးပေ။  အကြမ်းဖက်တပ်မတော်သည် Mytel ဆက်သွယ်ရေး တာဝါတိုင်များ အပါအ၀င် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို ဖောက်ကွဲမှုများလုပ်ဆောင် ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လူငယ်များကို ပစ်မှတ်ထားကာ ဖမ်းဆီးနေသည်။ သတင်းများအရ အကြမ်းဖက်စစ်ကောင်စီတပ်သည် လမ်းမပေါ်ရှိပြည်သူများကို အကြောင်းမဲ့ ပရမ်းပတာ ပစ်ခတ်မှုကြောင့် ပြည်နယ်တစ်၀ှမ်းလုံး၌ စိုးရိမ်မှုများကို ကြီးထွားစေခဲ့သည်။