စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်မှာ ၈ လကြာမြင့်ခဲ့ပြီဖြစ်သည်။ နေ့စဥ်နှင့်အမျှ တိုင်းပြည်သည်  ယခင်အခြေအနေသို့ ပြန်မရောက်နိုင်သော အခြေအနေဖြင့်  ပို၍ နက်သောချောက်ထဲသို့ ကျနေသည်။ မြန်မာကျပ်ငွေတန်ဖိုးသည် အနိမ့်ဆုံးသို့ ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ မြို့နယ် ၂၅ ခုကို အင်တာနက်ဖြတ်တောက်မှုကြောင့် ယိုယွင်းနေပြီးသော လူ့အခွင့်အရေးအခြေအနေကို ဆိုး၀ါးစေသည်။​ အင်တာနက်ဖြတ်တောက်မှု နောက်တွင် စစ်ကောင်စီသည် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲရဲတင်းတင်း ကျူးလွန်စေသည်။ စစ်ကောင်စီစည် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါ၊ ထီးလင်းနှင့် မြိုင်မြို့နယ် နှင့် ချင်းပြည်နယ် ဖလမ်း၊ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်၀၊ တီးတိန်၊ ထန်တလန် နှင့် တွန်းဇံမြို့နယ်များ အပါ၀င် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသရှိ မြို့နယ် တော်တော်များများ တွင် အင်တာနက် ဖြတ်တောက်ခဲ့သည်။

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် စစ်ကောင်စီ၏ စစ်ရေးအရ အဓိက ပစ်မှတ်ထားခံရသော်လည်း ခုခံတော်လှန်မှုသည် လုံး၀ လျော့သွားခြင်းမရှိပါ။ လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) ၏ ဆက်စပ်အဖွဲ့၀င် အဖွဲ့အစည်းဖြစ်သော ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ ထုတ်ပြန်ချက်အရ ဒေသခံ ရပ်မိရပ်ဖ နှစ်ဦးသည် စစ်ဘေးရှောင်များအရေး ဆွေးနွေးပြီးနောက် ၎င်းတို့စီးနင်းလာသည့်ယာဥ်အား စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်သဖြင့် သေဆုံးခဲ့သည်။ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော ဒေသခံ နောက်တစ်ဦးကိုလည်း တွေ့ရှိခဲ့သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ အကြမ်းဖက်စစ်ကောင်စီအား “ခုခံတော်လှန်ရေးစစ်” စတင်ကြောင်း ကြေငြာခဲ့သည်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်မှုကိုနှိမ်နှင်းရန် စစ်ကောင်စီ၏ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍  NUG မှ ယခုလအစောပိုင်းတွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်၏ ခန့်မှန်းချက်တစ်ခုအရ မြန်မာနိုင်ငံသည်အာဏာသိမ်းပြီးချိန်မှစ၍ ဆိုး၀ါးသောဆင်းရဲမွဲတေမှု လမ်းကြောင်းပေါ်တွင် ရောက်နေပြီး  အလုပ်အကိုင် ၁.၂ သန်းဆုံးရှုံးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများသည် ၂၀၂၁ ခုနှစ် ပထမခြောက်လတာ ကာလပတ်အတွင်း အရပ်သား ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဖေဖော်၀ါရီလမှ စတင်၍ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူပေါင်း ၂ သန်းကျော် ဘေးဒဏ်သင့် ထိခိုက်ခဲ့ရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သော စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေး၀ါးများ အရေးပေါ်လိုအပ်နေသည်။​ ကိုဗစ်-၁၉ ကူးစက်ရောဂါ မြင့်တက်လာခြင်းနှင့် မယုံကြည်မှုများတိုးလာခြင်းကြောင့် ကြောက်ရွံ့ စိုးရိမ်မှုများကို ဖြေလျော့ရန် အနည်းငယ်သာ ထိန်းချုပ်လုပ်ဆောင်နိုင်ခဲ့သည်။​

အချိန်လွန်လာသည်နှင့်အမျှ စစ်အာဏာသိမ်းမှု တရား၀င်ဖြစ်ရေးကြိုးပမ်းမှု မအောင်မြင်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရသည်။ အမိန့်အာဏာဖြင့်သာ အုပ်ချုပ်ရန်သိသော စစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာများကို မြန်မာပြည်သူများမှ ငြင်းဆန်နေကြသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကုလသမဂ္ဂတို့မှ​ စစ်ကောင်စီသည် အကြမ်းဖက်အဖွဲအစည်းဖြစ်ကြောင်း ကြေငြာရန် တာ၀န်ရှိသည်။

 

တိုင်းရင်းသားဒေသများရှိပဋိပက္ခများ

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဘေးကင်းလုံခြုံရာသို့ ဒေသခံ ထောင်နှင့်ချီ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဒေသတွင်း ကျန်ရစ်ခဲ့သော သူများသည် စစ်အကြမ်းဖက်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရပါက ဖမ်းဆီးခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ခံရနိုင်သည်။ ချင်းဒေသကာကွယ်ရေးအဖွဲ့(CNF)မှ အကြမ်းဖက်စစ်ကောင်စီကို ခြုံခိုတိုက်ခိုက်ပြီးနောက် ထန်တလန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးမှုများကို အတည်မပြုနိုင်သေးပါ။ သေနတ်သံများကို မိနစ် ၃၀ ခန့်ကြားခဲ့ရကြောင်း ဒေသတွင်း ကျန်ရစ်ခဲ့သူများမှ ပြောကြားခဲ့သည်။ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီသည် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် တုန့်ပြန်ပစ်ခတ်သောကြောင့် နေအိမ် ၁၈ လုံးမီးလောင်ပျက်ဆီးခဲ့ရသည်။  သင်းအုပ်ဆရာတစ်ပါး အသတ်ခံခဲ့ရပြီး ဒေသခံအားလုံးနီးပါး လုံခြုံမည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

ချင်းပြည်နယ် ကန်ပက်လက်ဒေသတွင် အသတ်ခံရသော ဒေသခံ၏ အလောင်းများတွင် သေနတ်ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်။ စစ်ကောင်စီတပ်သည် အရပ်သား ရုပ်အလောင်း (၂) လောင်းအား မီးရှို့ပြီး မြောင်းထဲတွင်ပစ်ချထားခဲ့သည်။ နိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်မှုများသည်  စစ်ကောင်စီတပ်ကျူးလွန်သော ရာဇ၀တ်မှုများအား တာ၀န်ခံရန် ရှောင်လွှဲစေသည်။

 

ကယားပြည်နယ်

အကြမ်းဖက်စစ်ကောင်စီသည် ကယားပြည်နယ်တွင်း အရပ်သားများနေထိုင်ရာ အရပ်များတွင် မြေမြုပ်မှိုင်းများ ထောင်ခြင်းဖြင့် နိုင်ငံသားတို့၏ အခွင့်အရေးကိုချိုးဖောက်နေသည်။ အကျိုးဆက်အနေဖြင့် ဒေသခံရွာသားများသည် မြို့ထဲသို့သွားရောက်စဥ် မိုင်းနင်းမိသောကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရှိပြီး သေဆုံးခဲ့သည်။ စစ်ကောင်စီထောင်ထားသော မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည် ၃၀ ခန့်ကို ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ရှင်းလင်းခဲ့သည်။

ကယားပြည်နယ် ဒီမောဆိုမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သား (၂) ဦးသေဆုံးခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူတို့၏ နေအိမ်များကို မီးတင်ရှို့ပြီး ပစ္စည်များမွှေနှောက်ရှာဖွေခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေသောနေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀ ကျော် တပ်စွဲထားသည်။

 

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ အချင်းချင်းကြားတိုက်ပွဲနှင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကြား တိုက်ပွဲများကြောင့် ဒေသခံအရပ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး နီးစပ်ရာကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၉)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့သည်။ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်  ထိမှန်ပေါက်ကွဲရာတွင် အမျိုးသမီးတစ်ဦးသည်လည်း ဦးခေါင်းတွင် နှင့် တခြားနေရာများတွင် ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိပြီး ပြန်လည်သက်သာ လာခဲ့သည်။​

လွန်ခဲ့သောနှစ်ပတ်တွင် ရှမ်းပြည်နယ် မုံကိုးဒေသတွင် စစ်ကား ၁၅ စီးဖြင့်စစ်အင်အား ဖြည့်တင်းခဲ့သည်။ ရှမ်းလက်နက်ကိုင်အဖွဲ့များသည် လက်ရှိဖြစ်ပွားနေသော နယ်မြေစိုးမိုးမှု နှင့် အငြင်းပွားမှု တိုက်ပွဲများကြောင့် စစ်ကောင်စီ၏ အပစ်ခတ်ရပ်စဲရေးကို ပယ်ချခဲ့သည်။