မန္တလေးမြို့ ၇၄ လမ်းနဲ့ ၃၇ ၃၈ကြား ဆူးလေ၀င်းလို့ အများခေါ်တဲ့ အစ္စလာမ်ဘာသာရေးဝင်းအတွင်းမှာ ဒီကနေ့ ဧပြီ၁၅ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ပစ်ခတ်မှုကြောင့် လူ၄ဦး ဒဏ်ရာရသွားတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူအချို့ထံကသိရပါတယ်။
” ဆန္ဒပြပွဲတွေရှိတဲ့နေရာလည်းမဟုတ်ဘူး။ မူဆလင်ဘာသာရေးကျောင်းထဲကို ဝင်ပစ်သွားတာ။၄ဦးထိထားတယ်။ အခုတော့ ကယ်ထုတ်ပြီး ဆေးကုသဖို့ပို့ထားပြီ။”လို့ အခင်းဖြစ်ပွားရာကို ရောက်ရှိကူညီနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ယခုကာလဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်
ကာလလည်းဖြစ်ပါတယ်။
ပုံစာ-ကျည်ထိမှန်သူတစ်ဦးကို ကယ်ထုတ်နေကြစဥ်
Photo -Cj