KNU/KNLA မူတြော်ခရိုင် တပ်မဟာ (၅) ဒေဘိုးနိုရွာကို အကြမ်းဖက်စစ်အုပ်စုက လေယာဥ်နဲ့ ညနေ(၆)နာရီဝန်းကျင်ကနေစပြီး ပစ်ခတ်သောကြောင့် ဒေသခံ အပြစ်မဲ့ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယမန်နေ့ ၂၇ ရက်နေ့ မနက်တွင် KNU တပ်မဟာ (၅)မှ သီးမူးထာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ (ခမရ ၃၄၉)တပ်စခန်းကို သိမ်းပိုက်ခဲ့တဲ့နေ့တွင် စစ်ကောင်စီမှလေယာဥ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။
ထိုသို့ တိုက်လေယာဉ်ဖြင့် ဝင်ရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၇ ဦး ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သည်။