မန္တလေး မှာ မတ်လ ၂၃ ရက် ညနေပိုင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြီး ၇ နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။

သေနတ်ကျည်ထိမှန်ခဲ့သူက‌တော့ မန္တလေး အောင်ပင်လယ်ရပ်က ၇နှစ်သမီးလေး မခင်မျိုးချစ် ဖြစ်ပြီး အိမ်မှာ ရှိနေစဥ် ဗိုက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

သူ့ရဲ့ အသက်၁၉ နှစ်အရွယ် အကိုဖြစ်သူကို လည်းဖမ်းသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မခင်မျိုးချစ် ကျည်မှန်သွားတာကို ဆေး အဖွဲ့ကဆရာဝန်တွေဆီအမြန်ရောက်အောင်သွားပြီး ကြိုး စားခဲ့ ပေမဲ့ အသက်မကယ်လိုက်နိုင်ဘူးလို့အကူအညီပေးသူတွေက ပြောပါတယ်။

ဒါ့အပြင်ဒီကနေ့ ညနေပိုင်းက လည်း ၅၇ လမ်းနဲ့ ၁၀၃ လမ်းထောင့်မှာပန်းရံ လုပ်ကိုင်သူတစ်ဦး သေနတ်ကျည်မှန်ပြီးသေဆုံးခဲ့ပါတယ်။

မန္တလေး မှာ မတ်လ ၂၃ ရက်နေ့ ပစ်ခတ်မှုကြောင့် မနက်ပိုင်း ဦးနဲ့ ညနေပိုင်းက နှစ်ဦး တစ်ရက်တည်းမှာ သေဆုံးသူ ၄ ဦး အထိ ဘီဘီစီက အတည်ပြုထားနိုင်ပြီဖြစ်ပါတယ်။

BBC News