အကျဥ်းချုပ်

မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲရလဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဒုတိယအကြိမ်လွတ်တော်အမတ်နေရာ ၄၉၈ နေရာအနက် ၃၉၆ နေရာ အနိုင်ရခဲ့ပြီး ဒုတိယအကြိမ် အစိုးရ သက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။ NLD မှ ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ်၂၀၁၅ ရွေးကောက်ပွဲထက် အမတ်နေရာများစွာ ပိုရရှိခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကို အဓိက အတိုက်အခံပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ( USDP )မှ ခုခံငြင်းဆိုသော်လည်း ရွေးကောက်ပွဲကော်မတီ မှ ဆက်လက် အတည်ပြုခဲ့သည်။ USDP ပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၁၉ ခုမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အား အရေးယူပေးရန် လက်မှတ် ရေးထိုးပြီး နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ ခဲ့သည်။​

၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းနှင့်မီဒီယာများအား ကာကွယ်ပေးရန် ကတိက၀တ်များ ထားရှိ ခဲ့သော်လည်း ထိုကဲ့သို့သော ကတိက၀တ်များကို ဖယ်ရှားပစ်လိုက်ခြင်းသည် နောက်လာမည့် ငါးနှစ်သက်တမ်း အတွက် စိုးရိမ်ဖွယ်ရာလက္ခဏာဖြစ်စေခဲ့သည်။

အောင်ပွဲသတင်းရသောအခါ NLD နှင့် မြန်မာ့တပ်မတော်သည် အချိန်ကြာမြင့်စွာနှောင့်နေးနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို ပြန်လည်စတင်ရန် အလျှင်အမြန် ခြေလှမ်းစခဲ့သည်။ NLD ရွေးကောက်ပွဲမနိုင်ခင်ကတည်းကပင် မြန်မာ့ တပ်မတော်သည် ငြိမ်းချမ်းရေးစကား၀ိုင်းကို အလျှင်အမြန်စတင်နိုင်ရန် ကော်မတီထံသို့တိုက်တွန်းခဲ့သည်။ ငြိမ်းချမ်း ရေး လုပ်ငန်းစဥ်သည် ၂၀၁၁ တွင်စတင်ခဲ့သော်လည်း လုပ်ငန်းစဥ်များသည် ပြီးခဲ့သည့်နှစ်များတွင် နှေးကွေးခဲ့သည်။ များမကြာသေးမှီကာလဖြစ်သော  သြဂုတ် ၂၀၂၀ တွင် ပင်လုံညီလာခံကို ကျင်းပခဲ့သည်။

NLD အစိုးရသည် တိုင်းရင်းနိုင်ငံရေးပါတီ ၄၈ ဖွဲ့ ကို ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းဆောင်ရွက်ရန် နှင့် ပြည်တွင်းစစ်ကို ရပ်တန့်ရန် ကြေငြာချက်ထုတ် ကမ်းလှမ်းခဲ့သည်။ ဧရာ၀တီ၏ အဆိုအရ ဤကြိုးပမ်းမှုသည် NLD ၏ပထမခြေလှမ်းဖြစ်ပြီး သည်။ NLD ၏ ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီ (MUP) ဥက္ကဌ နိုင်တလနွန် မှ ယခုကဲ့သို့ကမ်းလှမ်းမှုသည် ကောင်းမွန်သောကမ်းလှမ်းမှုဖြစ်ပြီး NLD အစိုးရအနေဖြင့် ပြီးခဲ့သည်ကာလများတွင် တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ကိုင်တွယ်မှုသည် လုံး၀လွဲမှားနေသည်ဟုပြောဆိုခဲ့သည်။ ယခင်ကဲ့သို့ ရှေ့ဆက် သွားပါက စစ်ဘောင်တွေပဲ ကျယ်ဖို့ရှိလာပြီး တိုက်ပွဲများ ပိုပြီးများ ပိုပြီးပြင်းထန်လာကာ ပိုမိုကျယ်ပြန့်လာ ဖို့ပဲ ရှိသော ကြောင့် ပုံစံပြောင်းရမည် ဟုပြောဆိုသည်။  ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ (KySDP) မှ တိုင်းရင်းသား အရေး တိကျခိုင်မာသည့် စာချုပ်စာတမ်းရှိမှသာ  NLD အစိုးရနှင့် ပူးပေါင်းမည်ဟု ပြောဆိုခဲ့သည်။ ဤအချက်သည် တိုင်းရင်းသားပါတီ များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၀င်များသည် NLD ၏ ရွေးကောက်ပွဲ ရလဒ် အပေါ် ကြိုဆို ရာရောက်ပြီး မြန်မာပြည်၏ ကာလကြာရှည်စွာဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန် တွေ့ဆုံ ဆွေးနွေးမှု အတွက် ကောင်းမွန်တိုးတက်သည့် အလားအလာြဖစ်သည်။

၂၀၂၀ ရွေးကောက်ပွဲအကြို စည်းရုံးလှုံ့ဆော်ရေးကာလတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများထံမှ ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး  ကိုယ်စားလှယ်လောင်းများသည်လည်း ခွဲခြားဆက်ဆံခံရခြင်း နှင့် ဆင်ဆာဖြတ်ခံ ရခြင်း များ ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ကိုဗစ် ၁၉ နှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲများကို နေရာတော် တော် များများတွင် ဖျက်သိမ်းခြင်းများဖြစ်ပေါ်ခဲ့သည်။ 

အပြုသဘောအားဖြင့်ကြည့်မည် ဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး အမတ်များတိုးလာခဲ့သည်။ အမျိုးသမီး ဥပဒေပြုအမတ်နှင့် တိုင်းရင်း သားရေးရာ ၀န်ကြီး ကိုယ်စားပြုအမတ်များ ၁၇ % ထိရှိခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲအပေါ် ပြည်နယ်များ၏ တုံ့ပြန်မှု

ရခိုင်ပြည်နယ်

ရခိုင့်တပ်မတော် (AA) မှ ရွေးကောက်ပွဲမကျင်းပနိုင်မှုကြောင့် မဲပေးခွင့်မရရှိခဲ့သော နေရာများတွင် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပေးရန် ထုတ်ပြန် တောင်းဆိုခဲ့သည်။ ထိုသို့မဲပေးခွင့်ဖျက်သိမ်းခဲ့သောနေရာများတွင် ဒီမိုကရေစီ အခွင့်အရေး ချိုးဖောက်ခံခဲ့ရသော တိုင်းရင်းသားနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများအပေါ် ချစ်ကြည်မှုစေတနာ ပြသရာ ရောက်သည်ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အများစုတွင် ရွေးကောက်ပွဲမကျင်းပနိုင်သောကြောင့် ၎င်းဒေသတွင်နေထိုင်သော ပြည်သူလူထုများ အနေဖြင့် မဲပေးခွင့်မရရှိဘဲ ပြည်သူလူထုအသံကို ကိုယ်စားပြုနိုင်သော ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဆုံးရှုံးရ သကဲ့သို့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများနစ်နာခဲ့ရသည်ဟု AA ၏ ထုတ်ပြန်ချက် နှင့် ၎င်း၏လက်၀ဲပါတီဖြစ်သော ရခိုင်စည်းလုံးညီညွတ်ရေးပါတီ ULP တို့မှပြောဆိုခဲ့သည်။

ကရင်ပြည်နယ်

KNU အထွေထွေအတွင်းရေးမူးချုပ် စောတာတိုမူး မှ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ မြန်မာတိုင်း သို့ အောက်ပါအတိုင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲမသာမှုများများကို စုံစမ်းစစ်ဆေးရန်လိုအပ်ပြီးအောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းများဖြင့်ဖြေ ရှင်းရန် လိုအပ်သည်။ မှတ်တမ်းများသက်သေပြနိုင်သည်အထိ ပြည်သူများ၏ရွေးချယ်မှုကို အသိအမှတ်ပြု ရန်လိုအပ်သည်။ ရွေးကောက်ပွဲတိုင်းတွင်  မဲမသမာမှုများသည် တစ်ချို့သောနေရာတွင်  ရှိနေတက်သည်။ ရွေးကောက်ပွဲတွင် တရားမျှတမှု မရှိခဲ့ ပါက မှန်ကန်သောလမ်းကြောင်း နှင့် အတည်ပြုပြီးသော မှတ်တမ်းများဖြင့် ဖြေရှင်းရန် လိုအပ်သည်။  ရွေးကောက် ပွဲ၏ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု နှင့်တရားမျှတမှုတို့သည် လေ့လာသုံးသပ်သူများ၏ အကဲဖြတ်မှု အပေါ်တွင် မူတည် သည်။

မွန်ပြည်နယ်

မွန်စည်းလုံးညီညွတ်ရေးပါတီ (MUP)မှ မွန်ပြည်နယ်တွင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ သတ်မှတ်ထားသော အချက်အလက်များကိုစုံစမ်းရန် တောင်းဆိုခဲ့သော် လည်း ငြင်းပယ်ခံခဲ့ ရသည်။

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ၀င်ကိုယ်စားလှယ်လောင်းများကို ပုံစံ ၁ ထုတ်ပေးရမည်ဖြစ်သည်။​ နိုင်ငံရေးပါတီမှ အချက်အလက်များကိုစုံစမ်းပေးရန်တောင်းဆိုခဲ့သော် လည်းမည်သည့်အချက်အလက်မှ မပေးခဲ့သောကြောင့် ရွေးကောက်ပွဲ၏ သမာသမတ်အပေါ် သံသယဖြစ်မိသည် ဟု မွန်စည်းလုံးညီညွတ်ရေးပါတီ၏ စည်းရုံးလှုံ့ဆော်ရေး ကော်မတီ မှပြောကြားခဲ့သည်။

ရှမ်းပြည်နယ်

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ်(၁) အနိုင်ရကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာနေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ မှုသည် ရွေးကောက်ပွဲရလဒ်ကြောင့်ဖြစ်သည် ဟုကောက်ချက်ချနေကြသည်။ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သောကြောင့် အကြမ်းဖက်မှုများ တိုးလာနိုင်သည် ဟု စိုးရိမ်မှုများတိုးလာလျက်ရှိသည်။ ထိုလုပ်ကြံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရေးပါတီများမှ ပစ်တင်ရှုံ့ချ ခဲ့ကြသည်။

အထွေထွေရွေးကောက်ပွဲကျင်းပပြီး နှစ်ပတ်အကြာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုများပြားလာသည်။ Burma News International ၏အဆိုအရမြောက်ပိုင်းမဟာမိတ်အဖွဲ့ KIA၊ TNLA၊ AA နှင့် MNDAA တို့နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန်  ညှိနှိုင်းမှုများ ရှိခဲ့သော် လည်း မည်သည့် သဘောတူညီချက် မှ မရရှိခဲ့ဘဲ  ကိုဗစ်ကပ်ရောဂါကြောင့် တွေ့ဆုံဆွေးနွေးမှုမှာလည်း ပြတ်တောက်သွားခဲ့ရသည်။

ချင်းပြည်နယ်

ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) မှ ချင်းပြည်နယ်တောင်ပိုင်းတွင် လတ်တလောကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ဆုံးရှုံးခဲ့မှုကြောင့် အစိုးရကို ပစ်တင်၀ေဖန်ခဲ့သည်။ ပလက်၀မြို့နယ်တွင် မဲပေးခွင့် ၂၀% သာရရှိခြင်းသည် အစိုးရ၏ အားနည်းချက်ကြောင့်ဖြစ်ပြီး ပြည်သူမျာ၏ အခွင့်အရေးကိုကာကွယ်ရန် ပျက်ကွက်ခဲ့သည် ဟုပြောဆိုခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများ

ရခိုင်ပြည်နယ်

ရမ်းဗြဲမြို့နှင့် စနဲမြို့သို့ ဒေသခံ ၅ဝဝ ကျော်ထွက်ပြေးခိုလှုံ၊ နို၀င်ဘာလ ၁၃ ရက် ၂၀၂၀

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ပေါ်နှင့် ကျောက်ဖြူမြို့နယ်စနဲမြို့ပေါ်သို့ ဒေသခံ ပြည်သူ ၅ဝဝ ကျော်ခန့်သည် တပ်မတော် စစ်ကြော၏ ကျေးရွာသားအချို့ကိုဖမ်းဆီးခြင်း၊ နေအိမ်အချို့ကို၀င်ရောက်ရှာဖွေမှု များကြောင့်  ထွက်ပြေးခိုလှုံ လာ ကြသည်။ ထွက်ပြေးလာသူများသည် လတ်တလောတွင် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြပြီး စားရေး သောက်ရေး ကို ရမ်းဗြဲမြို့ အရပ်ဖက် အဖွဲ့အစည်းများမှ ကူညီပေးလျက်ရှိသည်။

ရခိုင်ဒေသခံတစ်ဦးသည် ဖမ်းဆီးထိန်းသိမ်းခံရစဥ် ရိုက်နှက်ညှင်းပမ်းခံရ၊ နို၀င်ဘာ ၁၇ ရက် ၂၀၂၀

စစ်တပ်မှဖမ်းဆီးထိန်းသိမ်းခံရသော အမ်းဒေသခံတစ်ဦးသည် ဖမ်းဆီးထိန်းသိမ်းခံရစဥ် ရရှိခဲ့သည့်ဒဏ်ရာများကြောင့် ဆေးကုသမှုခံနေရသည်ဟု မိသားစု၀င်များမှပြောခဲ့သည်။

မောင်တောတွင် ပေါက်ကွဲမှုကြောင့်ကလေးငယ်တစ်ဦးအပါအ၀င် ၃ ဦးသေဆုံး၊ နို၀င်ဘာ ၁၈ ရက်  ၂၀၂၀

မိုင်းပေါက်ကွဲသည့် အရှိန်ကြောင့် လူ ၉ ဦးစီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် လွင့်စင်သွားခဲ့ပြီး အသက် တစ်နှစ် ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ကျန်သူများလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး ၃၆ ဦးနှင့် ဒဏ်ရာရရှိသူ ၇၅ ဦးအထိ ရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ သိရသည်။
စစ်ဘေးရှောင် အချို့များသည် နေရပ်သို့ပြန်သွားကြသော်လည်း မြေမြုပ်မိုင်းအန္တရာယ် ကိုစိုးရိမ်လျက်ရှိနေကြသည်။ စပါးခင်းများတွင် မပေါက်ကွဲသေးသော ဗုံးလက်ကျန်များကြောင့် အလုပ်သမားများသည် စိုးရိမ်လျက်ရှိကြသည်။ RFA ၏ အဆိုအရ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်ကြား တိုက်ပွဲများကြောင် အရပ်သားပြည်သူ ၃၀၈ ဦးနှင့် ၂၂၆၀၀၀ ဦးစစ်ဘေးရှောင်ခဲ့ရသည်။ 

ပျောက်ဆုံးသွားသော တင်းမကြီး နှင့်တင်းမသစ်ရွာသား ၁၈ ဦးအတွက် အမှုဖွင့်နိုင်ကြောင်း တပ်မတော်မှ အရာရှိပြော ကြား၊ နို၀င်ဘာလ ၃၀ ရက် ၂၀၂၀

ပျောက်ဆုံးသွားသော ရွားသား ၁၈ ဦး၏ မိသားစု၀င်များမှ မြန်မာစစ်တပ်အား အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ပျောက်ဆုံး သွားခဲ့သော ကျေးရွာသားတစ်ဦး၏ ဇနီးမှ မိမိ၏ ခင်ပွန်းမှာ အသက်ရှင်မရှင် မသိရဘဲ မည်သည့် နေရာတွင် ရှိနေသည် ကိုလည်းမသိရ ဟုပြောကြားခဲ့သည်။

ချင်းပြည်နယ်

ပလက်ဝ စစ်ရှောင်ပြည်သူများအတွက် စောင်နှင့်အနွေးအထည်များကူညီပံ့ပိုးပေးကြရန် နယ်ခံလွှတ်တော် ကိုယ်စားလှယ် တောင်းဆို၊ နို၀င်ဘာ ၁၈ ၂၀၂၀

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဆောင်းရာသီကာလအတွင်း စောင်နှင့်အနွေး အထည်များလုံလောက်မှုမရှိသည့်အတွက် ကူညီပံ့ပိုးပေးကြရန် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဆလိုင်းမျိုးထိုက်က တောင်းဆိုလိုက်သည်။ တမ်မတော်နှင့် ရခိုင့်တပ်မတော် (AA) အကြားတိုက်ပွဲဖြစ် ပွားမှု ကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင် စခန်းတွင် လူဦးရေ ၃၃၀၀ ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ တစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။

စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို၊ နို၀င်ဘာ ၂၄ ၂၀၂၀

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်

နမ့်ခမ်းမြို့ UP အဖွဲ့ခေါင်းဆောင် ကို သေနတ်ပစ်ခံရ၊ နို၀င်ဘာ ၆ ရက် ၂၀၂၀

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်စန့်ရပ်နေ လူမှုညီညွတ်ရေး အဖွဲ့ (UP) အဖွဲ့ခေါင်းဆောင် ဦးစိုင်းအောင်ဝင်း နှင့် ၎င်း၏သား တို့ သေနတ်ပစ်ခံရပြီး ယခုချိန်အထိ တရားခံ လွှတ်မြောက် နေဆဲ ဟု စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ရက် ည ၆နာရီ ဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် တစ်ဦးက ဆိုင်ကယ်မောင်းလာပြီး ဦးစိုင်းအောင်ဝင်း တို့၏ နေအိမ်ရှေ့တွင် တည့်တည့်တွင် သေနတ်ပစ်ရာ စိုင်းအောင်းဝင်း သေနတ်ဒဏ်ရာ ၂ချက် ရရှိခဲ့ပြီး ၎င်း၏သားလည်း လက်မောင်းနားတွင် ကျည်ဆံရှပ်ထိသွားခဲ့သည်။

KIAတပ်မတော်သားများကအရပ်သား ၄ ဦးကို အကြောင်းမဲ့ရိုက်နှက်

ရှမ်းပြည်‌နယ်မြောက်ပိုင်း ၊မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာသားများကို အကြောင်းမဲ့ စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခဲ့သည်။ ထိုကျေးရွာသားများသည် မိုးမိတ်သို့ဈေးဝယ်ပြီး ရေပုံးကျေးရွာသို့ အပြန် မိုင်းနင်းချောင်း အကျော်တွင် KIAတပ်ရင်း ၃၄ တပ်သားများက ဖမ်းစီးခေါ်ဆောင်သွားပြီး ရိုက်နှက်ခဲ့သည်။

ထိန်းသိမ်းခံထားရသောအမျိုးသားနှစ်ဦးလွှတ်မြောက်လာနိုင်ရေးအတွက်မိသားစုဝင်များမှ(၂)ကြိမ်တိုင်ဆောင်ရွက်ပေးသော်လည်း တုန့်ပြန်မှုမရှိသေး၊ နို၀င်ဘာ ၂၀ ရက် ၂၀၂၀

နမ့်ဆန်မြို့တပ်ကုန်းတွင် ထိန်းသိမ်းခံထားရသော မိုင်းအုန်းကျော်အသက်(၄၃)နှင့် မိုင်းဦးအောင်ကျော်ဦးအသက်(၃၂)ကို မိသားစုဝင်များမှလွတ်မြောက်ရေးအတွက်(၂)ကြိမ်တိုင်တိုင်လုပ်ဆောင်ခဲ့သော်လည်းယနေ့အချိန်ထိထူးခြားလာမှုမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ(၂၂)ရက် ညနေပိုင်း(၈)နာရီခွဲအချိန်တွင် နမ့်ဆန်မြို့နယ်၊ဇယန်းကြီးရပ်ကွက်တွင် နမ့်ဆန် အခြေစိုက်တပ်မှ မြန်မာတပ်သားနှင့်ပြည်သူ့စစ်အဖွဲ့ထွန်းမြတ်လေး၏ သားတို့မှဇယန်းကြီးရပ်ကွက်ရှိ နေအိမ်တွင် ဦးအုန်းကျော်နှင့် ဦးအောင်ကျော်ဦးကို အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ဖမ်းဆီးကာ ထိန်းသိမ်းခဲ့သည်။

မြန်မာ့တပ်မတော်နှင့် TNLA ကြားတိုက်ပွဲများကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရ၊ နို၀င်ဘာ ၂၆ ရက် ၂၀၂၀

မြန်မာ့တပ်မတော်နှင့် TNLA  ကြားတိုက်ပွဲများကြောင့် ဒေသခံရွာသား  ၁ ထောင်ကျော်မှာ ကြောက်လန့်ပြီး ရွာများမှ ထွက်ပြေးကာ မိုး ကုတ်မြို့ပေါ်သို့ ခေတ္တလာရောက်ခိုလှုံလျှက်ရှိသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်

နယ်စည်းမခြားသတင်းထောက်များ အဖွဲ့မှ ယခုလအတွင်းတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲ စည်းရုံးလှုံ့ ဆော်ရေး ကာလ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုဖိနှိပ်မှုကို ပစ်တင်ရှုံ့ချခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်၏ ဆင်ဆာဖြတ် တောက်မှုတိုးလာခြင်းအပေါ်  စည်းရုံးရေးလုပ်ငန်းစဥ်အပေေါ် သံသယတိုးစေခဲ့သည်။

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ကျောင်းသားနှစ်ဦးကို တရားရုံးမှ ထောင်ဒဏ်ချမှတ်၊ နို၀င်ဘာ ၁၉ ရက် ၂၀၂၀

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသော ကိုထက်အောင်(ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုဥက္ကဌ-၂) ၊ ကိုကျော်ရဲသူ (ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဒုဥက္ကဌ) တို့ကို ယနေ့နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက် (၉)နာရီတွင် ပေါင်းတည်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကာတောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့သည်။

အဖွဲ့၀င်များ၏ နောက်ဆုံးရသတင်း

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လျစ်လျူရှုခံရသည်ကို ဖော်ပြထားသည့် “ပစ်ပယ်ခြင်း နှင့် ငြင်းဆိုခြင်း”- ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွင် နိုင်ငံသား အခွင့်အရေး ယုတ်လျော့ စေမှု” စာတန်းငယ် ကိုပြုစုထုတ်ပြန်လိုက်သည်။ ဤစာတမ်းတွင် တွေ့ရှိချက်အရ ရွေးကောက် ပွဲမတိုင်မီအခြေအနေတွင် တိုင်းပြည်၏ အဓိကအင်အားစုများသည် တိုင်းရင်းသားပါတီများနှင့် ဖယ်ကျဥ်ခြင်း ခံနေရ သည့် အုပ်စုများအပေါ် ပစ်မှတ်ထားခွဲခြား ချိုးဖောက် မှုများရှိနေသည်။ အစီရင်ခံစာကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာ ဖြင့်ဖတ်ရှုနိုင်ပါသည်။

ND-Burma  အဖွဲ့၀င် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း နှင့် ND-Burma ၏ စည်းရုံးလှုံ့ဆော်ရေး မန်နေဂျာမှ THE DIPLOMET ၏ သတင်စာခေါင်းကြီးပိုင်းတွင် အပြည်ပြည်ဆိုင်ရာကလေးများနေ့အတွက် မြန်မာနိုင်ငံရှိလူငယ်များ လိင်အကြမ်းဖက်မှု ကျူးလွန်ခံရ သူများအား ပိုမိုအကာအကွယ်ပေးရန် တောင်းဆိုသည့် သတင်းကို ပူးတွဲရေးသား ခဲ့သည်။ လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့ (Human Rights Watch) မှ အပြည်ပြည်ဆိုင်ရာကလေးများနေ့တွင် ကလေးစစ်သား အသုံးပြုမှု ရပ်တန့်ရန်  မြန်မာစစ်တပ်အား တောင်းဆိုခဲ့သည်။

ND-Burma ဆက်စပ်အဖွဲ့၀င် အသံမှ ရွေးကောက်ပွဲအပြီး အခြေအနေသုံးသပ်ချက်စာတမ်း – မြန်မာနိုင်ငံပြည်သူများမှ မဖြစ်ထွန်းသေးသော ဒီမိုကရေစီအတွက် မဲပေးလိုက်ခြင်းဖြင့် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို ငြင်းပယ်လိုက်ခြင်း ကိုထုတ်ပြန်ခဲ့သည်။

ND-Burma အဖွဲ့၀င် AAPP မှ ရခိုင်းနှင့်ချင်းတွင် ဖြစ်ပွားနေသာ စစ်ဆန့်ကျင်ရေးလုပ်ရှားမှုကြောင့် ဖမ်းဆီးခံ ထားရသော ကျောင်းသား ၃၆ ဦးအားပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည်။

Resources: http://themimu.info/sites/themimu.info/files/documents/Infographic_Myanmar_Government_Ministries_Departments_MIMU_IG006v03_19Nov2020_0.pdf

ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။ 

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)

၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)

၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)

၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)

၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)

ဆက်စပ်အဖွဲ့အစည်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

 ၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)

၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)

၄။ ရှေ့ပြေးအသံအဖွဲ့ (PV)