အကျဥ်းချုပ်

ယခုလအတွင်းတွင် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု အပြင်းထန်ဆုံး လဖြစ်သည်။ COVID-19 ကမ္ဘာ့ကပ် ရောဂါ ဖြစ်ပွားသည့်ကြား နိုင်ငံရေးပါတီများသည် ဒေသအသီးသီရှိ ပြည်သူများထံသို့ရောက်ရှိနိုင်ရန် မဲဆွယ်စည်းရုံးရေးအတွက် ကြိုးပမ်းအားထုတ် ခဲ့ကြသည်။ ဤကာလအတွင်း ရခိုင်နှင့်ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ တိုးလာလျက်ရှိပြီး အရပ်သား ပြည်သူများကို ထိခိုက်ဒဏ်ရာရစေခြင်း နှင့် မတရားဖမ်းဆီးမှုများ တိုးလာ လျက်ရှိ သည်။ ကပ်ရောဂါနှင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာများတွင် မဲဆွယ်လှုပ်ရှားမှု ပြုလုပ်နေမှုများသည် အရပ်သား ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက် စေသည်။ ရွေးကောက်ပွဲကော်မရှင်၏ မြို့နယ် ၅၆ မြို့နယ်တွင် ရွေးကောက် ပွဲဖျက်သိမ်း ကြောင်း ကြေငြာခြင်းသည် ဒေသခံ နိုင်ငံရေးပါတီများအား အံ့သြဒေါသ ထွက်စေခဲ့သည်။​ ထိုကဲ့သို့ ဖျက်သိမ်းမှုကြောင့် မဲပေးပိုင်ခွင့် ၁ သိန်းခန့်ဆုံးရှုံး ခဲ့ရသည်။ ရွေးကောက်ပွဲဖြစ်စဥ်၏ အားနည်းချက်များကြောင့် တရားမျှတသော ရွေးကောက်ပွဲဖြစ်လိမ့်မည် ဟူသောမျော်လင့်ခြင်းကို စိတ်ပျက်စေခဲပြီး နိုင်ငံရေး၀ေဖန်သုံးသပ်သူ Sai Wansai မှ ထိုအခြအနေကို နိုင်ငံရေးအကျပ်အတည်း ဟု ခေါ်ဆိုခဲ့သည်။

နောက်ဆက်တွဲအနေဖြင့် ရခိုင့်တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ၃ ဦးကို မြန်မာ့ တပ်မတော်နှင့်ပူးပေါင်းကာ စစ်ရာ၀တ်မှုများကို ပူပေါင်းဖုံးကွယ်ပေးသည် ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ AA မှ  ငြိမ်းချမ်း စွာဆန္ဒပြမှုအတွက် ဖမ်းဆီးထိန်းသိမ်းထားသူများကို လွတ်ပေးမှသာ ဖမ်းဆီး ထားသော ကိုယ်စားလှယ် လောင်းများကို ပြန်လွတ်ပေးမည်ဟု ထပ်လောင်းပြောကြား ခဲ့သည်။ NLD မှလည်းတောင်းဆိုချက်များကို မလိုက်လျောနိုင်ကြောင်း ပြောဆိုခဲ့ပြီး AA မှလည်း ဖမ်းဆီးထားသောကိုယ်စားလှယ်မျာကို ပြန်လွတ်ပေးမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။

အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဥ်၏ သိက္ခာသမာဓိသည် ရှုပ်ထွေးလျက်ရှိသည်။ မဲပေးပိုင်ခွင့် တစ်သိန်းကျော် ဆုံရှုံးခြင်းသည် နိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်းဖြစ်ပြီး ပွင့်လင်းမြင်သာမှု ရှိမည်မဟုတ်ပေ။ ခွဲခြားဆက်ဆံခြင်း၊ တိုင်းရင်းသား များအခွင့်အရေး ကို ကိုးကွယ်မှုဘာသာ၊ လိင် နှင့် နိုင်ငံရေးအပေါ်အခြေခံသော ခွဲခြားမှုများရှိနေသမျှ တာ၀န်ယူမှု တာ၀န်ခံမှု ရှိနိုင်မည်မဟုတ်ပါ။

ဤကာလအတောအတွင်း COVID-19 ရောဂါဖြစ်ပွားမှုနုန်းတစ်ဖြည်းဖြည့်မြင့်တက်လာခဲ့သည်။ OCHA မှ လတ်တ လောထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အောက်တိုဘာလ ၂၃ ရက်နေ့ထိ မြန်မာပြည်တွင်အနှံ့ အတည်ပြုလူနာပေါင်း   ၄၁၀၀၈ ဦး၊ လက်ရှိဆေးရုံတက်ရောက်ကုသခံသူ ၁၀၀၅ ဦးနှင့်  ဆေးရုံဆင်းခွင့်ရသူပေါင်း ၂၁၁၄၄ ဦးရှိသည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင် အတည်ပြုရောဂါတွေ့ရှိသူပေါင်း ၂၁၅၉ ဦးရှိပြီး နေ့စဥ်ရောဂါဖြစ်ပွားမှုနုန်ုး တွင် အမြင့်ဆုံး နေ့ဖြစ်သည်။​

ရခိုင်ပြည်နယ်

တောင်ကုတ်ဒေသခံနှစ်ဦးအား တပ်မတော်ကဖမ်းဆီးသွားကြောင်း မိသားစုမှပြော၊ အောက်တိုဘာ ၃ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ပဒါကျေးရွာမှဒေသခံနှစ်ဦးအား အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တပ်မတော်မှ ဖမ်းဆီး သွားခဲ့သည်။ တောင်ကုတ်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွား ခြင်းများမရှိသော်လည်း AA နှင့်ဆက်စပ်ပြီး တပ်မတော်မှ သံသယဖြင့်ဖမ်းဆီးမှုများရှိသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလတာကာလအတွင်း ရခိုင်ပြည်နယ်တွင် သံသယဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၄၀ ဦး အထိ ရှိခဲ့သည်။

ကိုဗစ်ကာလ ရခိုင်၌ စစ်ဘေးရှောင် ၃ သောင်းကျော်အထိ တိုးလာ၊ အောက်တိုဘာ ၅ ရက်

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC )၏ အဆိုအရ သြဂုတ်လတွင် စတင်ခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ ၄၀၀၀၀ နီးပါး ခန့်တိုးလာခဲ့သည်။ ကျေးရွာအတွင်း လက်နက်ကြီးကျခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်း အပါအဝင် နှစ်ဖက် စစ်ရေးလှုပ်ရှားမှု တို့ကြောင့် တိုးလာခြင်းဖြစ်သည်။

လက်နက်ကြီး ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ အောက်တိုဘာ ၅ ရက်

ရခိုင်ပြည်နယ်၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မြင့်တက်လာသောကြောင့် ပြည်သူများစိုးရိမ်နေကြချိန်တွင် ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အဆိုပါတိုက်ပွဲအတွင်းမှ လက်နက်ကြီးကျရောက်မှုကြောင့် သေကံကျေးရွာမှ အသက်(၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ခြေထောက်၌ဒဏ်ရာရရှိသွားခဲ့ပြီး မင်းပြားဆေးရုံ ၌ဆေးကုသမှု ခံယူခဲ့ရသည်။

ပစ်ခတ်မှု ကြောင့် ရိုဟင်ဂျာ ၅ ဦးသေဆုံး၊ အောက်တိုဘာ ၆ ရက်

ဘူးသီးတောင်တွင်ပစ်ခတ်မှု ကြောင့် ရိုဟင်ဂျာ ကလေးနှစ်ဦးအပါအ၀င် ၅ ဦးသေဆုံးခဲ့သည်၊ RFA၏ အဆိုအရ  ဒီဇင်ဘာ ၂၀၁၈ တွင် စတင်ခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း ၃၀၀ ခန့်သေဆုံပြီး ၆၅၈ ဦးသေဆုံးခဲ့သည်။

Amnesty International မှ လူ့အခွင့်အရေးချိုးဖောက်မှု များကို သက်သေဖြင့်ဖော်ထုတ်၊ အောက်တိုဘာ ၆ ရက်

Amnesty International ၏အဆိုအရ ရခိုင်ပြည်နယ်တွင် ပရမ်းပတာပစ်ခတ်မှုကြောင့် ကလေးများအပါ၀င် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ များစေသာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။ မြန်မာ့တပ် မတော်နှင့် ရခိုင်တပ်မတော် ကြားတိုက်ပွဲများသည် လည်း လျော့နည်းလာမည့်  လက္ခဏာမတွေ့ရပါ။ ကုလသမဂ္ဂ ၏ ကလေးသူငယ်များအပေါ် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု လေ့လာစောင့်ကြည့်ရေးအစီရင်ခံစာအရ ဇန်န၀ါရီ-မတ်လ ၂၀၂၀ ထိ တိုက်ပွဲများကြား ကလေးသူငယ် ၁၀၀ ဦးထိသေဆုံးခဲ့သည်။ ၂၀၁၉ ခုနှစ် သေဆုံးမှုထက်၀က် ကျော်ရှိပြီး ၂၀၁၈ ခုနှစ်သေဆုံးမှုထက် ပိုများကြောင်းတွေ့ရှိရသည်။ 

ရှမ်းပြည်နယ်

တိုက်ပွဲကြောင့် ကျောက်မဲ တောင်ထိပ် စစ်ရှောင် ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာ မပို့နိုင်သေး၊ အောက်တိုဘာ ၇ ရက်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲ ပြင်းထန်မှုကြောင့် တောင်ထိပ်ရွာဘုန်းကြီးကျောင်းသို့တိမ်းရှောင်လာသည့် စစ်ရှောင် ၇၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေ ရသည်။

အရပ်ဘက် အဖွဲ့အစည်းများမှ အပစ်ခတ်ရပ်စဲရန်တောင်းဆို၊ အောက်တိုဘာ ၉ ရက် ၂၀၂၀

လူအခွင့်အရေးအဖွဲ့အစည်းများနှင့် အရပ်သားပြည်သူများသည် ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ဒေသခံများသည်  ရွေးကောက်ပွဲနှင့် ကမ္ဘာ့ကပ်ရောဂါကြား မိမိတို့၏ လုံခြုံရေးကို အထူးစိုးရိမ်လျှက်ရှိသည်။​ တိုက်ပွဲရှောင် ၁၀၀၀ ကျော်ခန့်သည် ရိက္ခာများလိုအပ်လျက်ရှိနေပြီး ဒေသခံများမှ တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုကြသည်။ စက်တင်ဘာလကုန် အပစ်ခတ်ရပ်စဲရေးကို သက်တမ်း တိုးမြှင့်ခဲ့ သော်လည်း မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားတပ်မတော် (TNLA) ကြား တိုက်ပွဲ ၅ ကြိမ် ခန့်ဖြစ်ပွားခဲ့သည်။ ဒေသခံများသည် မြန်မာ့တပ်မတော်မှ စစ်အင်အား၊ လက်နက်အင်အားအပြည့်အစုံ ဖြင့် စစ်ကူ ဖြည့်မှုကြောင့် စိုးရိမ်ထိန့်လန့် နေကြရသည်။

ဒေသခံများ စစ်ဘေးရှောင်နေစဥ် နေအိမ်များမွှေနှောက်ခံရ၊ အောက်တိုဘာ ၁၉ ရက်

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသားများဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ်  နေအိမ်များ မွှေနှောက် ခံခဲ့ရသည်။ မြန်မာ့တပ်မတော်သည် အောက်တိုဘာလကုန်အထိ အပစ်ရပ်ကြောင်းကြေညာပြီးနောက်တရက်တွင် အဆိုပါဒေသတွင်လှုပ်ရှားနေသော RCSS/SSA တပ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်မှုများကြောင့် ကိုဗစ်ကူးစက်မှုမြင့်မားနေချိန် စစ်ဘေး ရှောင် ရွာသား ၄၀၀၀ ကျော်အထိရှိလာပြီး ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်း ၇ ကျောင်းတွင် စစ်ရှောင်ခိုလှုံနေ ခဲ့ရ သည်။ တိုက်ပွဲကြောင့် ရှမ်းအရပ်သားပြည်သူများ၏ စစ်ဘေးဒဏ် အကျိုးသက်ရောက်မှု နောက်ဆုံးရ အခြေအနေ များကို သိရှိ နိုင်ရန် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း မှတင်ပြထား ပါသည်။

လက်နက်ကြီးတစ်လုံးပေါက်ကွဲမှုကြောင့် လူငယ် (၁)ဦးနှင့် ကိုယ်ရင် (၁)ပါး ဒဏ်ရာရ

ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်

၂၀၂၀ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ကောင်းကလော ကျေးရွာအုပ်စု၊ ငေါ့စဗစ်ကျေးရွာတွင် လက်ဖက်ခြံအတွင်းမပေါက်ကွဲသေးသည့် လက်နက်ကြီး တစ်လုံးကို အိမ်အထိသယ်လာပြီး ထုကြည့်ရာမှ ပေါက်ကွဲပြီး ကိုရင်လေးနှင့်ရွာသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြသည်။

အဆိုပါ ဒဏ်ရာရသူသည် တားအိုက်သဲနှင့် ယားတင်အေးတို့၏သား မိုင်းအိုက်အောင်(၁၇)နှစ်၊ တားအိုက်လန်း နှင့်ယားအေးစွယ်တို့၏သား မိုင်းအိုက်နေ(၁၄)နှစ် ကိုရင်လေးတို့သည် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။ မိုင်းအိုက်နေ၏ မျက်နှာတပြင်လုံး ကျည်စမှန်ပြီး ဘယ်လက်၊ ညာလက်ချောင်း၊ ညာခြေတလုံးတွင် ထိခိုက်ပြီးမိုင်းအိုက်အောင်၏ ဒူးခေါင်း၊ မျက်နှာတွင်လည်း ကျည်စထိမှန်ကာ ဒဏ်ရာ အသီးသီးရရှိခဲ့သည်။

၎င်းးဖြစ်စဉ်ကို ကျေးရွာလူကြီးက “ သူတို့လက်ဖက်ခြံမြတ်ရှင်းနေတဲ့အချိန်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တလုံးကို တွေ့ခဲ့တယ် အဲ့ဒါကို အိမ်အထိသယ်လာပြီး အဲ့လက်နက်ကိုထုလိုက်တော့ ပေါက်ကွဲသွားတယ် အိုက်နေက ဒဏ်ရာတအားပြင်းထန်တော့ နမ့်ဆန်ဆေးရုံကနေ လားရှိူးဆေးရုံကို ပြန်ပို့ရမယ် “ ဟု Plaung Land သို့ပြောပါသည်။

ငေါ့စဗစ်ကျေးရွာတွင် ပြီးခဲ့သည့် နှစ်ခန့်က မြန်မာ့တပ်မတော်နှင့် တအာင်းပြည်လွတ်မြောက်ရေး တပ်မတော် (TNLA)တို့မှ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာလည်းဖြစ်သည်။

 မြန်မာ့တပ်မတော်နှင့်ပြည်သူ့စစ်အဖွဲ့မှ အမျိုးသား နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထား

ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်

၂၀၂၀ခုနှစ် အောက်တိုဘာ(၂၂)ရက်က ညနေပိုင်း(၈)နာရီခွဲ အချိန်တွင် နမ့်ဆန်မြို့နယ်၊ ဇယန်း ကြီးရပ်ကွက်တွင် နမ့်ဆန်အခြေစိုက်တပ်မှ မြန်မာတပ်သားတစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့ ထွန်းမြတ်လေး ၏ သားတို့မှ ဇယန်းကြီး ရပ်ကွက်တွင် အမျိုးသား(၂)ဦးကို အိမ်အတွင်းထိ ဘာမှ မပြောဆိုဘဲ ဝင်ရောက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားခဲ့သည်။

၎င်းကို မိသားစုဝင်မှ “ အဲ့နေ့က ကျမ အစ်ကို ရွာကနေ နမ့်ဆန်တက်လာတယ် မြို့ရောက်တဲ့အချိန်က မိုးရွာတော့ အသိတယောက်ရဲ့ အိမ်တစ်အိမ်မှာ မိုးကာငှားဖို့ဝင်နားတယ် စကားပြောရင်း ခဏအကြာ တံခါးခေါက်ခေါ်တော့ ဂိတ်ဖြတ်တဲ့ သူလို့ ထင်ပြီး အိမ်ရှင်က တံခါးဖွင့်ပေးတယ် အဲ့ချိန်မှာဘဲ ထွန်းမြတ်လေးရဲ့သားနဲ့ဗမာစစ်သားယောက်က အိမ်ထဲဝင်လာပြီး ကျမအစ်ကိုနဲ့အိမ်ရှင်တယောက် ကို ဘာမှ မပြောဘဲ အိမ်အထိလာရောက် ဖမ်းခေါ်သွားတယ် အခုချိန်ထိ ဘယ်ကိုဖမ်းသွားလဲ တော့ မသိရသေးဘူး” ဟုပြောသည်။

ထိုအမျိုးသား(၂)ဦးကို မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယခုအချိန်ထိ မသိရ သေးကြောင်း မိသားစုဝင် များကပြောသည်။ ထို့ပြင် ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် အကြောင်း ကိုနမ့်ဆန်မြို့ရှိ ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ကိုသတင်းပို့တိုင်ကြားထားပြီးတွေ့ဆုံခွင့်တောင်းသော် လည်းတွေ့ဆုံခွင့်မပြုပါ။ ၎င်းအမျိုးသား (၂)ဦးကို နမ့်ဆန် တပ်စခန်း တွင် သာထိန်းသိမ်းထားကြောင်း တာဝန်ရှိသူမှ ပြောသည်။

ဖမ်းစီးချုပ်နှောင်ခံရသူ (၂)ဦးမှာ ဦးအုန်းကျော် အသက် (၄၃) နှင့် ဦးအောင်ကျော်ဦး အသက် (၃၂)တို့ဖြစ်ပြီး ဦးအုန်းကျော်မှာ ရောဂါအခံရှိထားသူလည်း ဖြစ်သဖြင့် မိသားစုဝင်များမှ ၎င်း၏ ကျန်းမာရေးအတွက် စိုးရိမ်ရသည် ဟု Palaung Land သို့ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၁၆)ရက်နေ့တွင် နမ့်ဆန်ပြည်သူ့စစ် အဖွဲ့ ထွန်းမြတ်လေး၏ သားကြီး ကိုခိုင်ဝင်း (၂၉)နှစ်ကို အမည်မသိသူမှ သေနတ်ဖြင့်ပစ်ပြီး သေဆုံးမှုကြောင့် နမ့်ဆန်မြို့ အဝင်အထွက် တွင် စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသည် ဟုလည်းသိရသည်။

ချင်းပြည်နယ်

ပလက်၀တွင်မြေမြှုပ်မိုင်းကြောင့်အမျိုးသမီးတစ်ဦးသေဆုံး။

ချင်းလူ့အခွင့်အရေး၏ အဆိုအရ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့အနီးမှာ မြေမြှုပ်မိုင်းထိပြီး သေဆုံးခဲ့ရသည့် အမျိုးသမီးမှာ အချိန်မီကယ်ထုတ်နိုင် ခြင်းမရှိခဲ့သည့်အတွက် အသက်ဆုံးရူံးခဲ့ရခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူ ဦးဝင်းဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ခဲ့သည်။

အရပ်သားများကို ပြန်လွတ်ပေးရန် ချင်းလူငယ် အဖွဲ့အစည်းမှတောင်းဆို၊ အောက်တိုဘာ ၇ ရက်

AA မှ ဇွန်လ ၂၀၂၀ ခုနှစ် ကတည်းက ဖမ်းဆီးထားသော ဆလိုင်းအောင်စိုးကို ပြန်လွတ်ပေးရန် ဗဟို ချင်းလူငယ်များ အဖွဲ့အစည်း မှတောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်တွင် ချင်းပြည်သူများနှင့် ချင်းလူငယ်များ နောင်တွင် ဆက်လက် ဖမ်းဆီး ခြင်းမပြုရန် ပါ၀င်သည်။

AA အဖွဲ့မှ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရွာသားများထံ ဆန်အတင်းအဓမ္မတောင်းယူ ကောင်းခံ၊ အောက်တိုဘာ ၂၀ ရက်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် AA အဖွဲ့က ဒေသခံရွာသားများထံ ဆန်အတင်းဓမ္မ တောင်းယူနေသည်ဟု  အမည်မဖော်လိုသူဒေသခံတစ်ဦးက ချင်းလူ့အခွင့် အရေးအဖွဲ့ထံ သတင်း ပေးပို့ခဲ့သည်။

ကရင်ပြည်နယ်

မြန်မာ့တပ်မတော်မှ စစ်အင်အားတိုးချဲ့မှုကြောင့်ကရင်ပြည်သူများ ထိတ်လန့်၊ အောက်တိုဘာ ၂ ရက်

ကရင်ပြနည်နယ်ရှိ ကျေးရွာအနီးမြန်မာစစ်တပ်စခန်းများတွင် စစ်သားအင်အား တိုးများ

လာခြင်းကြောင့် ဒေသခံများသည် ဒေသတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်ကြား တင်းမာမှုများ တိုးလားပြီး တိုက်ပွဲများဖြစ်မည် ကိုစိုးရိမ်ထိတ်လန့် နေကြသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆို ပိုင်ခွင့်

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ မတရားဖမ်းဆီးခံရခြင်းနှင့် ပတ်မှတ်ထားခံရခြင်း၊

ရှေ့ပြေးအသံ၏ မှတ်တမ်းအရ ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် တချို့တွင်  အင်တာနက်ပိတ်ဆို့မှုကို ပြန်ဖွင့်ရန် တောင်းဆိုလှုပ်ရှားသူပေါင်း ၅၈ ဦး အမှု ဖွင့်ခံရသည်။ ထိုကဲ့သို့ တရားစွဲဆိုခြင်းကြောင့် လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများ သည် တိမ်းရှောင် ပုန်းအောင်း နေကြရသည်။

တက္ကသိုလ်ကျောင်းသား ၃၀ ကျော်ခန့် ပုန်းခိုတိမ်းရှောင်နေရ

တက္ကသိုလ်ကျောင်းသား ၃၀ ကျော်ခန့် ပုန်းခိုတိမ်းရှောင်နေရပြီး ၁၄ ဦးသည် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများကို ကန့်ကွက် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံကျောင်းသားများသည် တိုက်ပွဲများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများသည် ထိခိုက်ခံစားခဲ့ရမှုကို ဆန်ကျင်ဆန္ဒပြရာ တွင်တက်ကြွစွာပါ၀င်ခဲ့သူများဖြစ်သည်။ အစိုးရသည် ဖမ်းဆီးခံ ကျောင်းသားများကို ချက်ခြင်းပြန်လွတ်ပေးရန်လိုအပ်သည်။

စည်းလုံးညီညွတ်မှုအားကိုပြသသည့်အနေဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၁၈၀ကျော်မှ ပူးတွဲကြေငြာချက် တစောင်ထုတ်ပြန် ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် ရခိုင်နှင့် ချင်းပြည်နယ် များ အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အား ဆန့်ကျင်ဆန္ဒပြ ခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရသည့် ကျောင်းသားများ ကို ချက်ချင်းခြွင်း ချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အဖွဲ့၀င်များ၏ နောက်ဆုံးသတင်း

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM )မှ US Campaign for Burma မှ စီစဥ်သော စကား၀ိုင်းတွင် မွန်ပြည်နယ်တွင်းရှိ နေရပ်စွန့်ခွါ ပြောင်းရွှေ့နေထိုင်သူမှ သည် ၂၀၂၀ ရွေးကောက်ပွဲ တွင် ဖယ်ကြဥ်ခံရခြင်းနှင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခြင်း စသည့် အခက်အခဲနှင့် စိန်ခေါ်မှု အခြေအနေများကို တင်ပြခဲ့သည်။

ထို့အပြင် HURFOM မှ ဖယ်ကြဉ်မရှိမှ လွတ်မျှတ ဟူသောအစီရင်ခံစာကိုထုတ်၀ေခဲ့သည်။ ထိုအစီရင်ခံစာတွင်  မြန်မာနိုင်ငံတောင်ပိုင်းရှိ ကျေးလက်နေပြည်သူများ၊ အခြားနည်း ဖြင့်သန်စွမ်းသူများ၊ ပထမဆုံးမဲပေး မည့်လူငယ်နင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလက်အောက်ရှိ ဒေသခံပြည်သူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများ” တင်ပြထားသည်။

ဆက်စပ်အဖွဲ့၀င်ဖြစ်သော အသံ မှ ND-Burma အဖွဲ့၀င်များဖြစ်သော KWAT နှင့် တအာင်းအမျိုးသမီး အဖွဲ့အစည်း အပါအ၀င် အရပ်ဘက်လူထု အဖွဲ့အစည်း ၁၉ ဖွဲ့နှင့်ပူးပေါင်းကာ “၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တစ်လ အလိုအတွင် အမုန်းစကားများ၏ အကြောင်းရင်းများနှင့် အရပ်ဘက် လူထု အဝန်းအဝိုင်းအပေါ် သက်ရောက်မှုများကို နက်နက်ရှိုင်းရှိုင်း လေ့လာထားသော အစီရင်ခံစာတစ်စောင်” ကို ထုတ်ပြန် ခဲ့သည်။

ထို့အပြင်ရှေ့ပြေးအသံမှ ဘာသာနှင့် လူမျိုး အခြေပြု၍ လူမှုကွန်ယက်ပေါ်တွင် နိုင်ငံရေးပါတီများ၏ ၂၀၂၀ မဲဆွယ်စည်းရုံးမှုများ စောင့်ကြည့်ခြင်း ဟူသောအစီရင်ခံစာကိုလည်းထုတ်ပြန်ခဲ့သည်။​

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါနှင့်ဆက်နွယ်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများကို စောင့်ကြည့်မှတ်တမ်း တင်ခဲ့သည်။ စက်တင်ဘာလ အတွင်းတွင် COVID-19 နှင့်ဆက်နွယ်၍  လူဦးရေစုစုပေါင်း ၁၉၀၂ ဦးသည် တရားစွဲဆို ပစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

ထို့အပြင် AAPP မှ  ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း (၃) ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရမှုအပေါ် သဘောထားကြေညာချက် ကိုထုတ်ခဲ့သည်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုများ စစ်ဘေးဒုက္ခ များ အမြန်အဆုံးသတ်ရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အား တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်  နှင့် ရခိုင်တပ်မတော်မှ ထိန်းသိမ်းထားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်း (၃) ဦးအား ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်လွှတ်ပေးပါရန် တိုက်တွန်းတောင်းဆို ခဲ့သည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က တွဲဖက်အတွင်းရေးမှူး (၁) လွေးပိုးကမေဲးခြိုဝ်း မှ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ ကူးစက်မှုနှင့်အတူ ဒေသအတွင်းက စစ်ရေးပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ပြည်သူများကြုံနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား COVID-19 ကန့်သတ်ချက်ကြောင့် မှတ်တမ်းယူရန် အခက်များနှင့် ရင်ဆိုင်ရကြောင်း သတင်းနှင့်မီဒီယာ ကွန်ရက်သို့ပြောကြားခဲ့သည်။

ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။

 

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)

၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)

၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)

၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)

၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)

ဆက်စပ်အဖွဲ့အစည်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)

၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)

၄။ ရှေ့ပြေးအသံအဖွဲ့ (PV)