IMM အဖွဲ့အကြီးအကဲနဲ့ RFA ဆက်သွယ်မေးမြန်းချက် IIMM အဖွဲ့အကြီးအကဲနဲ့ RFA ဆက်သွယ်မေးမြန်းချက်
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကစုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အခုလမှာပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်သွင်းတော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ဒီ IIMM အဖွဲ့ကို အသိအမှတ်မပြုကြောင်း ပြောဆိုထားပြီး IIMM အဖွဲ့ကိုလည်း မြန်မာနိုင်ငံကိုဝင်ခွင့်မပြုထားပါဘူး။
ဒါနဲ့ပတ်သက်လို့ IIMM အဖွဲ့အကြီးအကဲ Nicholas Koumjian (နီကိုလပ်စ် ကုမ်ဂျန်) ကို RFA ၀ိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။



