ဧရာဝတီ၊ ဇူလိုင် ၁၀၊ ၂၀၂၀ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ဘောင်ဝကျေးရွာမှ ခူမီးချင်း အမျိုးသား ၄ ဦးသည် ပျောက်ဆုံးနေသည်မှာ ယခုလ ၁၆ ရက်တွင် တစ်နှစ်တင်းတင်း ပြည့်ပြီ ဖြစ်ပြီး ယခုအချိန်အထိ အိမ်ပြန်ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၆ ရက် ည ၇ နာရီဝန်းကျင်တွင် ဘောင်ဝကျေးရွာသားများ ဖြစ်ကြသည့် အိုက်ကျော်ကျော်သန်း၊ အိုက်ကျော်စန်း၊ အိုက်စိုးရဲအောင် နှင့် အိုက်ကျော်လင်း တို့သည် ကုလားတန်မြစ်ကြောင်းပေါ်က တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှအပြန် လမ်းတွင် လက်နက်ကိုင်အဖွဲ့တခုက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အင်တာဗျူး – နန်းလွင်နှင်းပွင့် ရိုက်ကူး/တည်းဖြတ် – ငြိမ်းဇော်