အလုပ်လျှောက်လွှာ ခေါ်ယူခြင်း

သို့/
အဖွဲ့ဝင် အဖွဲ့အစည်း ခေါင်းဆောင်များ

အကြောင်းအရာ။ ။ အလုပ်လျှောက်လွှာ ခေါ်ယူခြင်း

အထက်ပါအကြောင်းအရာ ကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ အချက်အလက် စီမံခန့်ခွဲရေးမှူး မန်နေဂျာ လျှောက်လွှာ ခေါ်ယူခြင်း

နေရာ – ရန်ကုန်
အလုပ်ချိန် – အချိန်ပြည့်
လျှောက်လွာတင်ရန် – ၂၀၂၀၊ ဇူလိုင်လ(၃၀)ရက်နေ့ နောက်ဆုံး ပေးပို့ရန်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သမိုင်းကြောင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် Network for Human Rights Documentation – Burma (လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်) ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
ကွန်ရက်၏အဖွဲ့(၇)ဖွဲ့နှင့် ဆက်စပ်ဖွဲ့အစည်း (၅) ဖွဲ့တို့သည် မြန်မာနိုင်ငံရှိ လူမှု့အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံအကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက်လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်သည် ကွင်းဆင်းအချက်အလက် စုဆောင်းရေး လုပ်ငန်းများအတွက် သင်တန်းများလည်း ပေးပါသည်။ Benetech မှ တီထွင်ထားသော လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များ ပေးသော သတင်းအချက် အလက်များကို ညှိနှိုင်းပြီး၊ ဘုံ အချက်အလက် ဘဏ်မှာ ထည့်သွင်း ပါသည်။

အချက်အလက်စီမံခန့်ခွဲမှု မန်နေဂျာ၏ တာဝန်နှင့် ဝတ္တရားများ
၁။ အချက်အလက် စီမံခန့်ခွဲမှုအဖွဲ့အား ဦးဆောင်ရန်။

၂။ ကွန်ရက်အဖွဲ့ဝင် အဖွဲ့အစည်းများမှ Martus သင်တန်းများ တောင်းဆိုပါက သွားရောက် ပို့ချပေးရန်။

၃။ အဖွဲ့ဝင်အဖွဲ့အစည်းများသို့ သွားရောက်၍ သင်တန်းများ ပို့ချပြီးပါက အခြေအနေများကို အစီရင်ခံ တင်ပြရန်။
၄။ Martus သို့ တင်ပို့လာသော ကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်း တဖွဲ့ချင်းစီ၏ အချက်အလက် သတင်းလွှာ (bulletin) များကို စီစစ်၍လိုအပ်ချက်၊ ချွတ်ယွင်းချက်များ ရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းသို့ အကြောင်းကြားပေးရန်။

၅။ အချက်အလက် သတင်းလွှာများအပေါ် အခြေခံ၍ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ နယ်မြေဒေသအလိုက် ကောက်ခံရရှိမှုနှင့်အရေးကြီးသည့် အကြောင်းအရာများကို စီစစ်ပြီး လစဉ်အလိုက် မှတ်တမ်းအစီရင်ခံစာ ရေးသားရန်။

၆။စည်းရုံးတိုက်တွန်းရေးအဖွဲ့မှ စည်းရုံးတိုက်တွန်းရေးလှုပ်ရှားမှုအတွက် လတ်တလော သတင်းအချက် အလက်များ တောင်းခံလာပါက စုစည်းပေးပို့ရန်။ (စည်းရုံးတိုက်တွန်းရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်)

၇။ သတင်းအချက်အလက် အရည်အသွေး တိုးတက်လာစေရေးအတွက် လိုအပ်သည့် သင်တန်းများ ပို့ချနိုင်ရန် သင်တန်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ရန်။

၈။ တာဝန်ခံညှိနှိုင်းရေးမှူး၏ တာဝန်ပေးချက်အရ အစည်းအဝေးများ၊ ဖိုရမ်များတွင် ကွန်ရက်အား ကိုယ်စားပြု တက်ရောက်ရန်။

၉။အချက်အလက် သတင်းလွှာ အခြေအနေနှင့် ပတ်သက်၍ လစဉ်သော်လည်းကောင်း၊ လေးလတကြိမ် သော်လည်းကောင်း အစီရင်ခံစာ ရေးသားရန်။ သတင်းအချက်အလက် အကဲဖြတ်မှု မှတ်တမ်းကို ကွန်ရက်မှ လိုအပ်ချက်အပေါ် မူတည်၍ သတင်းအချက်အလက်များကို စီစစ်ကာ ရေးသားပေးပို့ရန် ပြီးခဲ့သည့်လအတွက် လုပ်ငန်းပြီးမြောက်မှုနှင့် နောက်လာမည့်လအတွက် လုပ်ငန်းအစီအစဉ်များကို လစဉ်လတိုင်း ရေးသား တင်ပြရမည်။

၁၀။ ကွန်ရက်တခုလုံးနှင့်ဆိုင်သည့် အစီရင်စာများ ရေးသားရာတွင် ပါဝင်ကူညီ လုပ်ဆောင်ရန်။

၁၁။ တာဝန်ခံညှိနှိုင်းရေးမှူးမှ တောင်းဆိုပါက အဆိုပြုလွှာများ ရေးသားရာတွင် ပါဝင်ကူညီ လုပ်ဆောင်ရန်။

၁၂။ ကွန်ရက်၏ Martus တွင်းရှိ Bulletins များပေါ် အခြေခံ၍ အခါအားလျော်စွာ အစီရင်ခံစာ အကျဉ်းချုပ် (Periodic Report) များပြုစုထုတ်ပြန်ရန်။

၁၃။ ကွန်ရက်မှ လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာများ ပြုစုရေးသားပါကလည်း ပူးပေါင်းဆောင်ရွက်ရန်။

အခြားတာဝန်နှင့် ဝတ္တရားများ
၁။ ရုံးတွင်းအစည်းအဝေးများ နှင့် ဝန်ထမ်းအစည်းအဝေးများ တက်ရောက်ခြင်း
၂။ လိုအပ်သလို ကွန်ရက်က ဆောင်ရွက်သော လုပ်ငန်းများအားလုံးတွင် ပါဝင်ကူညီခြင်း
၃။ ကွန်ရက်က အတည်ပြုပြဌာန်းထားသော စည်းမျဉ်း စည်းကမ်းအားလုံးကို လိုက်နာခြင်း

လျှောက်လွာတင်ရန်

  • CV ဖောင်
  • ဆက်သွယ်ရန် အမေဲလ်း နှင့် ဖုန်းနံပတ်
  • ထောက်ခံပေးမည့်သူ နှစ်ဦး၏ အီးမေဲလ်း နှင့် ဖုန်းနံပတ်

ND – Burma ရုံးသို့ ဆက်သွယ်လိုပါက

  • ရုံးအီးမေဲလ်း – office@nd-burma.org
  • Coordinator – ဟန်မင်းစိုး (ကိုဟန်ကြီး)
  • ဖုန်းနံပတ် + ၀၉ ၂၅၈ ၅၃၅ ၀၈၂  (or) hangyi@nd-burma.org သို့ ဆက်သွယ်နိူင်ပါသည်။