အကြောင်းအရာ။ ။ အလုပ်လျှောက်လွှာခေါ်ယူခြင်း

အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ ဘဏ္ဍာရေးအရာရှိ (Finance Officer) လျှောက် လွှာခေါ်ယူခြင်း။

နေရာ – ရန်ကုန်

အလုပ်ချိန် – အချိန်ပြည့်

လျှောက်လွာတင်ရန် –  ၂၀၂၀၊ ဇွန်လိုင်လ (၃၀ )ရက်နေ့ နောက်ဆုံးပေးပို့ရန်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သမိုင်းကြောင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက်   Network for Human Rights Documentation – Burma(လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်) ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

ကွန်ရက်၏အဖွဲ့(၆)ဖွဲ့နှင့် ဆက်စပ်ဖွဲ့အစည်း (၆) ဖွဲ့တို့သည် မြန်မာနိုင်ငံရှိ လူမှု့အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံအကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှု ရှိသော လုပ်ဆောင်ချက် အစီအစဉ်များအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။

 

လိုအပ်သည့် အရည်အချင်းနှင့် အတွေ့အကြုံများ

၁။ ဘဏ္ဍာရေးနှင့်ပတ်သက်သောအတွေ့အကြုံရှိရမည်။

၂။ ဘဏ္ဍာရေးနှင့်ပတ်သက်၍ လုပ်သက်တမ်း (၂) နှစ်ရှိရမည်။

၃။ ကွန်ပျူတာအရည်အချင်း (Microsoft word, Excel, E-mail/ Internet နှင့် အခြား applications) များအသုံးပြုနိူင်ရမည်။

၄။ အလုပ်ပေါ်တွင် စိတ်ဝင်စားမူ စိတ်အားထက်သန်မူရှိရမည်။

၅။ လူအများနှင့် ဆက်ဆံရေးပြေပြစ်ပြီးအသင်းအဖွဲ့နှင့် လုပ်ကိုင်နိူင်ရမည်။

၆။ အကျင့်စာရိတ္တကောင်းမွန်ရမည်။

၇။ သတ်မှတ်ထားသည့်အတိုင်းလိုက်နာဆောင်ရွက်နိူင်ရမည်။

 

တာဝန်ဝတ္တရား

၁။ ကွန်ရက်၏ ဘဏ်စာအုပ်များအား စီမံခန့်ခွဲခြင်းနှင့် လုံခြုံစွာထိန်းသိမ်းခြင်း။

၂။ ဘဏ်စာအုပ်၊ အေတီအမ်များနှင့် နေ့စဉ် ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း၊ ငွေပမာဏကို စာရင်းပြုစုခြင်း။

၃။ ဘဏ် နှင့် တခြားသော ငွေကြေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စီမံခန့်ခွဲခြင်း။

၄။ ညှိနှိုင်းဆောင်ရွက်ရေးမှူးက ခွင့်ပြုသော ငွေပမာဏကို ထုတ်ယူရန်။

၅။ ကြိုတင်ငွေထုတ်ယူခြင်းများအတွက် ငွေမလွဲှခင် (သို့မဟုတ်) ထုတ်မပေးခင်တွင် မူရင်းစည်းမျဉ်းနှင့် သက် ဆိုင်ရာပရောဂျက်အလိုက် မူရင်းဘတ်ဂျတ်နှင့် ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးခြင်း။

၆။ဘဏ်ငွေ အဝင်အထွက်စာရင်းများ (Bank Statements) နုင့် အတည်ပြုပြီးသော ဘက်ဂျက်အား စီမံခန့် ခွဲခြင်း။

၇။ ညှိနိုင်းဆောင်ရွက်ရေးမှူးနှင့် ဆွေးနွေးပြီး အဆိုပြုလွှာအသစ်အတွက် လျာထားဘက်ဂျက်ရေးဆွဲခြင်း။

၈။ညှိနှိုင်းဆောင်ရွက်ရေးမှူးနှင့် စီမံအဖွဲ့သို့ လစဉ်နှင့် သုံးလတကြိမ် ဘဏ္ဍာငွေအသုံးစာရင်းနှင့် လက်ကျန် ငွေ စာရင်းအား အချိန်နှင့်တပြေးညီ တင်ပြခြင်း။

၁၀။ စာရင်းကိုင်ဝန်ထမ်းအား ကွပ်ကဲကြီးကြပ်ခြင်း။

၁၁။ လစဉ် ပထမ ရက်သတ္တပတ်အတွင်း ငွေစာရင်းများအား စစ်ဆေးခြင်း။

၁၂။ ငွေစာရင်းစစ်အတွက် လိုအပ်သလို ပြင်ဆင်ခြင်း။

၁၃။ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ငွေကြေးသုံးစွဲျမှုများဖြစ်စေရန် လိုအပ်သလို အကြံဉာဏ်ပေးခြင်း။

၁၄။ သတ်မှတ်ထားသော ပရောဂျက်ဘဏ္ဍာငွေနှင့်အညီ နောက်ဆုံးလက်ကျန်ငွေစာရင်းများ ပြင်ဆင်ခြင်း။

 

အခြားတာဝန်နှင့် ဝတ္တရားများ

၁။ ရုံးတွင်းအစည်းအဝေးများ နှင့် ဝန်ထမ်းအစည်းအဝေးများ တက်ရောက်ခြင်း။

၂။ ကွန်ရက်က လိုအပ်၍ ကွန်ရက်နှင့်သက်ဆိုင်သော လုပ်ငန်းများကို ကူညီတောင်းလာပါက ပါဝင်ကူညီခြင်း။ ၃။ ကွန်ရက်က အတည်ပြုပြဌာန်းထားသော စည်းမျဉ်း စည်းကမ်းအားလုံးကို လိုက်နာခြင်း။

 

လျှောက်လွာတင်ရန်

  • CV ဖောင်
  •  ဆက်သွယ်ရန် အီးမေးလ် နှင့် ဖုန်းနံပတ်
  • ထောက်ခံပေးမည့်သူ နှစ်ဦး၏ အီးမေဲလ်း နှင့် ဖုန်းနံပတ်

ND – Burma ရုံးသို့ ဆက်သွယ်လိုပါက

  •  ရုံးအီးမေဲလ်း – office@nd-burma.org
  •  Coordinator- ဟန်မင်းစိုး (ကိုဟန်ကြီး)
  •  ဖုန်းနံပတ် + ၀၉ ၂၅၈ ၅၃၅ ၀၈၂  (or) hangyi@nd-burma.org သို့ ဆက်သွယ်နိူင်ပါသည်။