အကြောင်းအရာ။ ။ အလုပ်လျှောက်လွှာခေါ်ယူခြင်း

အထက်ပါ အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)မှ စာရင်းကိုင်အရာရှိ (Accountant) လျှောက် လွှာခေါ်ယူခြင်း။

နေရာ – ရန်ကုန်မြို့။
အလုပ်ချိန် – အချိန်ပြည့်
လျှောက်လွာတင်ရန် – ၂၀၂၀၊ ဇွန်လိုင်လ (၂၀ )ရက်နေ့ နောက်ဆုံးပေးပို့ရန်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သမိုင်းကြောင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် Network for Human Rights Documentation – Burma(လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်) ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

ကွန်ရက်၏အဖွဲ့(၆)ဖွဲ့နှင့် ဆက်စပ်ဖွဲ့အစည်း (၆) ဖွဲ့တို့သည် မြန်မာနိုင်ငံရှိ လူမှု့အသိုင်း အဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံအကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှု ရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။

တာဝန်ဝတ္တရားများ
၁။ နေ့စဉ်ငွေသုံးစွဲမှုများကို စာရင်းသွင်းခြင်း။
၂။ ကွန်ရက်လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုအစီအစဉ် (Activity) တခုချင်းစီး၏ အသုံးစရိတ်အတွက် cover sheet ပြင်ဆင်ခြင်း။
၃။ ငွေသုံးစွဲမှုအားလုံးအား လုပ်ငန်းများအလိုက်ခွဲခြားခြင်း။
၄။ ငွေစာရင်းနည်းလမ်းများကို အသုံးပြုပြီး ဘဏ္ဍာရေးလုပ်ငန်းများကို မှတ်တမ်း တင်ခြင်း၊ ထိန်းသိမ်းခြင်း။
၅။ ငွေထုတ်ယူမှုများ အားလုံးအား တိတိကျကျ မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း။
၆။ ဘဏ္ဍာရေးအစီရင်ခံစာများအတွက် ဘဏ္ဍာရေးတာဝန်ခံအား ကူညီဆောင်ရွက်ပေးခြင်း။
၇။ ပရောဂျက်များ၊ ဘဏ္ဍာငွေသုံးစွဲမှုခေါင်းစဉ်အလိုက် ဖိုင်များကို စနစ်တကျသိမ်းဆည်းထားခြင်း။
၈။ ဘဏ္ဍာရေးတာဝန်ခံထံသို့ လစဉ် ငွေစာရင်း အစီရင်ခံစာတင်ပြခြင်း။
၉။ စာရင်းစစ်အတွက် ပြင်ဆင်ရာတွင် ဘဏ္ဍာရေးတာဝန်ခံအား ကူညီဆောင်ရွက်ပေးခြင်း။

အခြားတာဝန်နှင့် ဝတ္တရားများ
၁။ ရုံးတွင်းအစည်းအဝေးများနှင့် ဝန်ထမ်းအစည်းအဝေးများ တက်ရောက်ခြင်း။
၂။ ကွန်ရက်က လိုအပ်၍ ကွန်ရက်နှင့်သက်ဆိုင်သော လုပ်ငန်းများကို ကူညီတောင်းလာပါက ပါဝင်ကူညီခြင်း။
၃။ ကွန်ရက်က အတည်ပြုပြဌာန်းထားသော စည်းမျဉ်း စည်းကမ်းအားလုံးကို လိုက်နာခြင်း။

လျှောက်လွာတင်ရန်
– CV ဖောင်
– ဆက်သွယ်ရန် အီးမေးလ် နှင့် ဖုန်းနံပတ်
– ထောက်ခံပေးမည့်သူ နှစ်ဦး၏ အီးမေဲလ်း နှင့် ဖုန်းနံပတ်
ND – Burma ရုံးသို့ ဆက်သွယ်လိုပါက

– ရုံးအီးမေဲလ်း  office@nd-burma.org
– Coordinator- ဟန်မင်းစိုး (ကိုဟန်ကြီး)
– ဖုန်းနံပတ် + ၀၉ ၂၅၈ ၅၃၅ ၀၈၂  (or) hangyi@nd-burma.org သို့ ဆက်သွယ်နိူင်ပါသည်။