ကိုဗစ်-၁၉ ကူးစက်ရောဂါအား ရင်ဆိုင်နေရသည့်အချိန်တွင် မြန်မာစစ်တပ်အနေနှင့် ကမ္ဘာလုံးဆိုင်ရာ (အကြွင်းမဲ့) အပစ်အခတ်ရပ်စဲရေးကို လိုက်နာ၍ တိုက်ခိုက်မှုများကို ချက်ခြင်းရပ်စဲရမည်

၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်။

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေမှုကို အကြောင်းပြ၍ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်း သားဒေသများတွင် မြန်မာစစ်တပ်မှ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့်တည်ရှိနေမှုကို အခွင့်ကောင်းယူ အသုံး ချနေမှုအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) အနေနှင့် စိုးရိမ်မကင်းဖြစ်မိပါ သည်။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တင်းမာမှုကို ပိုမိုဆိုးရွားစေသကဲ့သို့ ပဋိပက္ခ များကြီးထွားလာခြင်းအတွက် ၎င်းတို့တွင် အဓိကတာဝန်ရှိပါသည်။ ပြည်သူလူထုအတွက် အရေးပေါ်ကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရေးထက် စစ်တပ်၏ လိုလားချက်များကို ရှေ့တန်းတင်ဆောင်ရွက်နေမှု များကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ရှုတ်ချပါသည်။

မြန်မာအစိုးရအနေနှင့် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအစီအမံများကို အထောက်အကူပြုရန်နှင့် ကူးစက် ရောဂါကို တုန့်ပြန်တားဆီးရန်အတွက် စစ်တပ်နှင့် အရပ်ဘက်ဝန်ကြီးဌာနများပါဝင်သည့် အရေးပေါ်လုပ်ငန်း အဖွဲ့  ဖွဲ့စည်းခြင်းအပါအဝင် အဆင့်များစွာကို လုပ်ဆောင်ခဲ့ပါသည်။ သို့သော်ဤသို့ သတိကြီးစွာထား၍ လုပ်ဆောင်နေမှုများသည် မြန်မာစစ်တပ်အနေနှင့် မည်သည့်နည်းနှင့်မဆို ၎င်းတို့ အာဏာကိုဆက်လက်ထိန်း သိမ်းထားရန်သာ စိတ်ဝင်စားနေကြောင်း ပြသသည့် အသွင်ဆောင်နေပါသည်။ စစ်တပ်အနေနှင့် ပြည်သူလူ ထု အများစု မရရှိနိုင်သည့် ကိုယ်ပိုင်ဘတ်ဂျက်နှင့် ကျန်းမာရေးစောင့်ရှောက်ပံ့ ပိုးမှုများရရှိထားပါသည်။ ကိုဗစ်-၁၉ ရောဂါမှ ၎င်းတို့ကိုယ် ၎င်းတို့ကာကွယ်ရန်အတွက် အရပ်သားပြည်သူ လူထုအနေနှင့် စကားအ ဖြစ်ပင် မပြောဆိုနိုင်သည့် ကောင်းမွန်စွာပြင်ဆင်ထားမှုမျိုးကို မြန်မာစစ်တပ်အနေနှင့်  ရရှိထားပြီးဖြစ် ကြောင်း သိသာထင်ရှားနေသည်။

ကူးစက်ရောဂါ အလျှင်အမြန်ပြန့်နှံ့လာသည်နှင့်အမျှ ပဋိပက္ခများဖြစ်ပွားနေသော ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်တို့ရှိ ရောဂါဖြစ်ပွားမှုများအတွက် ဆေးဝါးကုသမှု၊ သတင်းအချက်အလက်နှင့် အကူအ ညီအထောက်အပံ့ရရှိနိုင်မှုကို စစ်ပွဲများနှင့် အပေးအယူသဘောမျိုးညှိနှိုင်းလုပ်ဆောင်မှု ခံနေရခြင်းအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အနေနှင့် အထူးစိုးရိမ်မိပါသည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အဖွဲ့ဝင် တအောင်းအမျိုးသမီးအဖွဲ့ (TWO)၊ တအောင်း ကျောင်းသား နှင့်လူငယ်များအစည်းအရုံး (TSYU) နှင့် တအောင်းလူထုအခြေပြု လူ့မှုအဖွဲ့အစည်းများ၏ မှတ်တမ်းများအ ရ ၂၀၂၀ ခုနှစ် မတ်လ တလတည်းအတွင်းတွင် မတရားဖမ်းဆီးမှု၊ ညှဉ်းပမ်းနှိပ်စက်မှုနှင့် အတင်းအဓမ္မစေ ခိုင်းမှုပေါင်း ၁၈ မှုဖြစ်ပွားခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင်လည်း အစိုးရမှ ဆက်လက်ပြုလုပ်နေသော ကမ္ဘာ့အ ရှည်ကြာဆုံး အင်တာနက်ပိတ်ဆို့မှုကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများထိခိုက်နေရပါသည်။  ဤလုပ်ရပ်များက ကိုဗစ်ရောဂါကူးစက်မှုများအကြားတွင် အရပ်သားများအနေနှင့် ကြိုတင်ကာကွယ်ရေး အတွက် အရေးကြီးသောသတင်းအချက်အလက်များရရှိနိုင်ရေးအတွက် ပိုမိုအန္တရာယ်ကြီးမားစေပါသည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင်ဖြစ်သည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ၏ လွန်ခဲ့သည့်လက မှတ်တမ်းများအရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် သတ်ဖြတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာ ပြုကျင့်မှု၊ ပျောက်ဆုံးမှု၊ အတင်းအ ကြပ်ဖမ်းဆီးခံရမှုနှင့် သတင်းမီဒီယာများအပေါ် ဖိနှပ်မှု ၅၁ ခု  ရှိပါသည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူးတားရက်စ်က ကမ္ဘာလုံးဆိုင်ရာ(အကြွင်းမဲ့) အပစ်အ ခတ်ရပ်စဲရေးကို တောင်းဆိုနေသည့်ကြားမှ မြန်မာစစ်တပ်အနေနှင့် မဟာမိတ်ညီနောင်များအဖွဲ့နှင့် ချင်းအ မျိုးသားတပ်ဦး တို့၏ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုကို ပယ်ချခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါအနေ နှင့် မြန်မာပြည်ရှိ တိုင်းရင်းသားပြည်နယ်များတွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲအစဉ်အလာဓလေ့ကို ပြောင်းလဲနိုင်စွမ်းမရှိသေးကြောင်းတွေ့မြင်နေရသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် မြန်မာတပ်မတော်သားများအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၁.၆ သန်း မကြာသေးမီက လှူဒါန်းကြောင်းသိရသည်။ ဤအပြုအမူမှာ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ဘဏ္ဍာငွေရင်းနှီး မြှုပ်နှံမှုလိုအပ်ချက်ကို ပြသရာရောက်နေသကဲ့သို့ ကျန်းမာရေးအခြေခံအဆောက်အအုံများအတွက် ဘတ်ဂျက်အလုံအလောက်လျာထားသုံးစွဲခဲ့ပါက ဤသို့လုပ်ဆောင်ရန် မလိုအပ်ကြောင်းပြသနေပါသည်။ လှူဒါန်းသော ငွေကြေးပမာဏကိုကြည့်၍ တိုင်းပြည်လူဦးရေ ၅၁ သန်း၏ ၃၇ ရာခိုင်နှုန်းမှာ ဆင်းရဲမှုနွမ်းပါးမှု ပြမျဉ်းအောက် နိမ့်ကျနေသော (သို့) ရောက်လုနီးပါးဖြစ်နေသောနိုင်ငံတခုမှ စစ်တပ်အနေနှင့် လစဉ်လစာ ပေးရန်အတွက်သက်သက် အလွန်များပြားသော ဘဏ္ဍာငွေကိုရရှိနေကြောင်း ပြသနေပါသည်။ မြန်မာနိုင်ငံ တွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရရှိသော၊ မတတ်နိုင်သော ထိခိုက်လွယ်သည့် လူတန်းစားများစွာ ရှိနေပါသည်။

တိုင်းရင်းဘာသာစကား မျိုးကွဲပေါင်းများစွာသုံးစွဲသော နိုင်ငံတွင် ကျန်းမာရေးဆိုင်ရာအသိပညာပေးမှု ထောက်ကူပစ္စည်းများကို ဘာသာခြားစကားတတ်မြောက်မှု မရှိသူများအတွက် မြန်မာအစိုးရအနေနှင့် လုပ်ဆောင်ပေးသင့်သည်။ အိမ်တွင်းအကြမ်းဖက်မှုများ၊ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ကူးစက်ရောဂါထိန်း ချုပ်ရေးအတွက် အများသုံးစွဲနိုင်သောနေရာထိုင်ခင်း လိုအပ်ချက်များမြင့်တက်လာသည်နှင့်အမျှ ဘေးကင်း လုံခြုံမှုအန္တရာယ် မြင့်မားစွာရှိနေသာ လူအများစုအတွက် အစိုးရ၏တုန့်ပြန်ဆောင်ရွက်ချက်များမှာ နှေးကွေး ပြီး သတင်းပေးမှု မလုံမလောက် ဖြစ်နေပါသည်။ ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်းများ အနေနှင့်လည်း အစားအသောက်၊ လက်ဆေးရန်ရေခွက်များနှင့် ပိုးသတ်ဆေးရည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လတ်တလောအချိန်ပိုများစွာပေး၍အလုပ်လုပ်နေကြရပါသည်။

မြန်မာစစ်တပ်၏ ဤကဲ့သို့ အပြုအမူများကို အတိတ်က ကြိမ်ဖန်များစွာကြုံခဲ့ဘူးပါသည်။ တိုင်းပြည်တွင် အကျပ်အတည်းကြုံတွေ့ရတိုင်း မြန်မာစစ်တပ်၏တုန့်ပြန်ဆောင်ရွက်မှုတိုင်းမှာ ကိုယ်ကျင့်သိက္ခာလမ်းညွှန်မှု ကင်းမဲ့လျှက်ရှိကြောင်း သာဓကများစွာရှိပါသည်။ အဓိကကျသောကိစ္စရပ်များကို ဆောင်ရွက်ပေးရမည့် အစား အကြင်နာတရားခေါင်းပါးသော ခေါင်းဆောင်မှုဖြင့် လိမ္မာပါးနပ်စွာ ပရိယာယ်ဖြင့်တုန့်ပြန်ဆောင်ရွက် နေသည်ကိုသာတွေ့မြင်နေရသည်။ ၎င်းတို့ ဂုဏ်သတင်းထိခိုက်စေသည်ဟု ယူဆသော သတင်းဖော်ပြချက် များကို တားဆီးပိတ်ပင်နေမှုများကလည်း စစ်တပ်၏လက်ရှိအခြေအနေကို ကိုင်တွယ်ဆောင်ရွက်နေမှု အပေါ်ဝေဖန်ဆန်းစစ်စရာဖြစ်နေသည်။ အရေးပေါ်အခြေအနေများအတွင်း လွတ်လပ်မျှတသောသတင်းများ ရယူနိုင်ရေးအတွက် စာနယ်ဇင်းများကို အကာအကွယ်ပေးသင့်သကဲ့သို့ ထိခိုက်ခံစားနေရသော ဒေသခံလူထု ၏အသံကို ထုတ်ဖော်နိုင်ရေးအတွက် လုပ်ဆောင်ပေးသင့်ပါသည်။

ကိုဗစ်-၁၉ ပျံ့ နှံ့မှုတားဆီးရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် မည်သည့်အရပ်သားများကိုမျှ ချန်လှပ် မထား ရှိရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အနေနှင့် မြန်မာအစိုးရနှင့် စစ်တပ်ကို တောင်းဆိုပါသည်။ ကူးစက်ရောဂါပျံ့ ပွားနေသည့်အချိန်မျိုးတွင် ၎င်းတို့အနေနှင့်မှန်ကန်ရိုးသားစွာ ပြည်သူလူထုကို အကာအ ကွယ်ပေးလိုပါက မြန်မာစစ်တပ်အနေနှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အင်တာနက်သုံးစွဲမှုပိတ် ပင်တားဆီးခြင်းကို ချက်ခြင်းရုပ်သိမ်းပေးရန်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆောင်ရွက်ရန် သဘောတူလိုက်လျောရမည်။ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များအနေနှင့် ဘေးကင်းလုံခြုံစွာနှင့် စိုးရိမ်ထိတ် လန့်မှုမရှိ လုပ်ဆောင်နိုင်စေရန် ကူညီထောက်ပံ့ပေးရမည့်အပြင် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် သတင်းအ ချက်အလက်များရရှိနိုင်ရန် ဆောင်ရွက်ပေးရမည်။ ပြည်သူလူထုအားလုံး မျက်နှာဖုံး၊ လက်ပိုးသတ်ဆေး အပါအဝင် တကိုယ်ရည် ရောဂါကာကွယ်ရေးပစ္စည်းများရရှိရန်နှင့် လက်ဆေးခွက်များနှင့် တကိုယ်ရည် (သို့) အဖွဲ့လိုက် ကာကွယ်ထိန်းချုပ်ရေး ပြုလုပ်နိုင်ရန် နေရာထိုင်ခင်းရရှိရေးအတွက်သေချာစွာ ဆောင်ရွက်ပေး ရန် အစိုးရနှင့် စစ်တပ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ  တောင်းဆိုပါသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါအပါအဝင် အခက်အခဲအကျပ်အတည်းများကို ကျော်ဖြတ်နိုင်ရန်၊ အထူးသဖြင့် အလွန်းအမင်းထိခိုက်ရှလွယ်သော လူထုကို အကူအညီပေးရန်အတွက်  မြန်မာစစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့ လက်တွဲဆောင်ရွက်နိုင်မှသာ မြန်မာပြည်တွင် ငြိမ်းချမ်းရေးရရှိ နိုင်မည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ ယုံကြည်ပါသည်။ ဤလူထုတွင် အမျိုးသမီး များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပဋိပက္ခကြောင့် အတင်းအကျပ်နေရာရွှေ့ပြောင်းခံရသူများ နှင့် ဆက်သွယ်မှုခက်ခဲသည့် ကျေးလက်ဒေသတွင်နေထိုင်သူများ ပါဝင်ပါသည်။ ဆင်းရဲသားများနှင့် ခွဲခြားပစ်ပယ်ခံထားရသူများ၏ လိုအပ်ချက်များကို ဖြည့်ဆီးပေးရန် မေတ္တာဂရုဏာတရား ပိုမိုထားရှိကြရန် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများက ကမ္ဘာကြီးကိုတောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ တုန့်ပြန်မှုမှာလည်း ခြွင်းချက် မဟုတ်သလို လူ့အခွင့်အရေးအခြေခံဥပဒေသများကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်သော စစ်တပ်နှင့်အစိုးရကို သမိုင်းက သက်ညှာစွာစီရင်ဆုံးဖြတ်လိမ့်မည် မဟုတ်ပေ။

မီဒီယာ ဆက်သွယ်မှုပြုလုပ်ရန် –

ဒေါ်သက်သက်အောင် (အနာဂတ်အလင်းတန်းဆုံမှတ်)

ဖုန်း : +၉၅ ၉၇၉၄၉၃၂၃၄၄

လွေးပိုးစေ (တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး)

ဖုန်း :  +၉၅ ၉၂၆၄၁၆၂၂၂၉

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင် ၁၂ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ကွန်ရက်တွင် အောက်ပါအဖွဲ့အစည်းများ ပါဝင်သည်

အဖွဲ့ဝင်များ

၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း

၅။တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး

၆။ထားဝယ် အမျိုးသမီးသမဂ္ဂ

၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

၉။အနာဂါတ်အလင်းတန်းဆုံမှတ်

ဆက်စပ်အဖွဲ့ဝင်များ

၁။ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ပအိုဝ်းလူငယ်များအစည်းအရုံး

၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၄။ ရှေ့ပြေးအသံ