ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းနှင့် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သိသိသာသာ များပြာလာသည်ကို ND-Burma မှတ်တမ်းများအရ တွေ့ရသည်။
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတို့တွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့် အရေးချိုး ဖောက်မှု ၂၃၉ ခုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည် (နောက်ဆက်တွဲ ၃ ကို ကြည့်ပါ)။ ၂၀၁၈ ခုနှစ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု ၅၂ ခုကို မှတ်တမ်း တင်နိုင်ခဲ့ရာ နှိုင်းယှဉ်ချက်အရ ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်းတွင်ပင် မှတ်တင်းတင်နိုင်မှုက
ယခု အစီရင်ခံသည့်ကာအတွင်း ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်းတင်နိုင်သည့် လူ့အခွင့်အရေးချိုုးဖောက်မှု များမှာ သိသိသာသာ များပြားလာရာ ၂၀၁၉ ခုနှစ် ၆ လအတွင်းမှတ်တမ်းတင်နိုင်မှုက ၂၀၁၈ ခုနှစ် တနှစ်လုံး မှတ်တမ်း တင်နိုင်ခဲ့သည့် လူ့အခွင့်အရေးချိုး ဖောက်မှုများထက် ၃၆၀ ရာခိုင်နှုန်း ပိုများလာသည်ကို တွေ့ရသည်။
ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများပြင်းထန် လာမှု၏ အကျိုးဆက်အဖြစ် ထိုသို့များပြားလာခြင်းဖြစ်ပြီး ND-Burma ၏ ယခင်ကထုတ်ပြန်ခဲ့သည့် အစီရင်ခံ စာနှင့် ပြောင်းပြန်ဖြစ်စေသည်။ စိတ်ထင်တိုင်းပစ်ခတ်ခြင်း၊ လက်နက်ကြီး၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်းတို့ကြောင့် လည်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ တိုက်ပွဲ ၁၅၆ ကြိမ်ဖြစ်ပွားပြီး ၉၈ ကြိမ်မှာ AA နှင့် တပ်မတော်အကြား ဖြစ်ပွားခြင်း ဖြစ်သည်။
မြန်မာ့တပ်မတော်မှ တိုင်းပြည်၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် တဖက်သတ်အပစ်အခတ်ရပ်စဲထား သည် ဆိုသော်လည်း ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ (EAOs) အကြား တိုက်ပွဲများဖြစ်ပွားသည်ကိုတွေ့ရသည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်းကြားလည်း တိုက်ပွဲများဖြစ်ပွားသည်ကို ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်းတင်ထားသည်။
ယခုအစီရင်ခံသည့်ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲ များ ပြင်းထန်နေပြီး အများစုမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိရာ တိုက်ပွဲများနှင့် ဆက်စပ်ပြီး အရပ်သား များအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ သိသာထင်ရှားစွာ များပြားလာသည်။ အများစုမှာ အစိုးရတပ်များက ကျူးလွန်ခြင်းဖြစ်ပြီး စိတ်ထင်တိုင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်းတို့ ကြောင့် အရပ်သားများ သေကြေ၊ ဒဏ်ရာရကြသည်။ အရပ်သားများနေထိုင်ရာ ရပ်ရွာများအနီးတွင် တိုက်ပွဲများဖြစ် ပွားခြင်းနှင့် စစ်ဆင်ရေးပြုလုပ်ခြင်းကြောင့် ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း အရပ်သားအနည်းဆုံး ၂၇,၀၀၀ ခန့် ထွက် ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အနေဖြင့် မည်သည့်အချိန်တွင် လုံခြုံစိတ်ချစွာ နေရပ်ရင်းပြန်ရမည်ကို မသိကြပေ။
ယခုအစီရင်ခံသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်း အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ကို တွေ့ရသည်။ အတင်းအကြပ်ဖမ်းဆီး၊ ထိန်းသိမ်းခြင်း၊ အတင်းအကြပ် လူသစ် စုဆောင်းခြင်း၊ လူ့ဂုဏ်သိက္ခာနှင့်အညီ မဆက်ဆံခြင်း၊ တရားလက်လွတ်သတ်ဖြတ်ခြင်းနှင့် အရပ်သားများ နေထိုင်ရာ သို့မဟုတ် အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားသဖြင့် ဒဏ်ရာရခြင်းနှင့် ထွက်ပြေးတိမ်းရှောင်မှု များဖြစ်ပေါ်စေသည်။
အရပ်သားများမှာ တိုက်ပွဲများကြားမှ မြေဇာပင်များအဖြစ် စစ်၏ ဝန်ထုတ်၊ ဝန်ပိုးကို အမြဲတစေ ခံစားနေရ သည်။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားသည့်ဒေသများရှိ တိုင်းရင်းသားများမှာ အနှစ် ၇၀ ကျော် ပြည်တွင်းစစ်၏ ဒဏ်ကို သိသာထင်ရှားစွာ ခံစားနေရသည်။ မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးပေါ်ထွန်းလာမှသာ တိုက်ပွဲကြားမှ ပြည်သူလူထုဘဝမှာ စစ်ဘေး၊ စစ်ဒဏ်များမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေငြာခြင်း၊ လက်တွေ့ကျပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုက်ပွဲများနှင့် လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်လေ့လာနေသည့် လူထုအခြေပြုအဖွဲ့ အစည်းများ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အပါအဝင် စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိအောင် အားလုံးနှင့် လက်တွဲ လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် မည်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်တိုင်းတွင်မဆို လူသားချင်းစာနာသော အကူ အညီများပေးနေသည့် အဖွဲ့များနှင့် ကျူးလွန်ချိုးဖောက်ခံရသူများကိုပါ ပါဝင်ခွင့်ပြုရမည် ဖြစ်သည်။
အဓိက တွေ့ရှိချက်များ
- ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတို့တွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့် အရေးချိုးဖောက်မှု ၂၃၉ ခုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည် (နောက်ဆက်တွဲ ၃ ကို ကြည့်ပါ)။ ၂၀၁၈ ခုနှစ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု ၅၂ ခုကို မှတ်တမ်း တင်နိုင်ခဲ့ရာ နှိုင်းယှဉ်ချက် အရ ၂၀၁၉ ခုနှစ် ပထမ ၆ လ အတွင်းတွင်ပင် မှတ်တင်းတင်နိုင်မှုက ၂၀၁၈ ခုနှစ် တနှစ်လုံး မှတ်တမ်းတင်နိုင်ခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုများထက် ၃၆၀ ရာခိုင်နှုန်းပိုများ လာသည်ကို တွေ့ရသည်။
- ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ တနှစ်လုံးလူ့အခွင့်အရေးချိုးဖောက်မှုများကို ND-Burma မှ မှတ်တမ်း တင်နိုင်မှုနှင့် သွေဖည်ကာ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ဖြစ်ပွားခဲ့သည့် လူအခွင့်အရေးချိုး ဖောက်မှု ၇၀ ရာခိုင်နှုန်း (၁၆၉ ခု)၊ ကချင်ပြည်နယ်တွင် ၁၀ ခုနှင့် ရှမ်းပြည်နယ်တွင် ၄၂ ခုကို ND-Burma အဖွဲ့ဝင်များက မှတ်တမ်းတင်နိုင်ခဲ့သည်။
- ဖြစ်ရပ်အများစုမှာ အရပ်သားများရှိသည့်နေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စိတ်ထင် တိုင်း ရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်းတို့ကြောင့် အရပ်သားများ ထိခိုက်၊ သေဆုံးရခြင်း။ တရားလက် လွတ် သတ်ဖြတ်ခြင်း။ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်၊ သေဆုံးရခြင်း။ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံမခံရ ခြင်း။ အတင်းအဓမ္မဖမ်းဆီးခြင်းနှင့် ပျောက်ဆုံးသွားခြင်းများဖြစ်သည်။
- ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူ့ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အတင်း အဓမ္မဖမ်းဆီး၊ ထိန်းသိမ်းခြင်း၊ ပျောက်ဆုံးသွားခြင်း၊ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်း တို့အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အများစုကို အစိုးရတပ်များက ကျူးလွန်ခြင်းဖြစ်ပြီး (ချိုးဖောက်မှု ၁၅၀)။ အတင်းအဓမ္မဖမ်းဆီး ထိန်းသိမ်းခြင်း၊ ပျောက်ဆုံးသွားခြင်း၊ လူ့ဂုဏ်သိက္ခာနှင့်အညီ မဆက်ဆံခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း အရပ်သားများနေထိုင်ရာအနီးတွင် တိုက်ပွဲ ဖြစ်ပွားသဖြင့် ရွာသားများသေဆုံးဖြင်းတို့အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု (၂၂ ခု) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်ကြသည်ကိုလည်း ND-Burma အဖွဲ့ဝင်များက မှတ်တမ်းတင်နိုင်ခဲ့ ကြသည်။ မည်သည့်အဖွဲ့က ထောင်ထားမှန်း မသိသည့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးရသည့် ဖြစ်ရပ် (၃၂ ခု) ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။
- ၂၀၁၉ ခုနှစ် ပထမ ၆ လ အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ကို ND-Burma မှတ်တမ်း များက ပြသနေသည်။ မြန်မာ့တပ်မတော်က အထူးသဖြင့် ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ အရပ်သားများ နေထိုင် သည့်နေရာများသို့ လက်နက်ကြီး လက်နက်ငယ်မျာဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းတို့ ကြောင့်ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများရှိ ပြည်သူများမှာ တိုက်ပွဲဒဏ်ကို အပြင်းထန်ဆုံး ဆက်လက်ခံစားနေရပြီး အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများကိုလည်း ခံကြရသည်။ ယခုအချိန်တွင် လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်ရန် အရေးတကြီးလိုအပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ၏ နောက်ဆက်တွဲဆိုးကျိုးကို ခံစားရသူများ အတွက် အစိုးရမှ ဦးဆောင် တာဝန်ယူသည့် ပြန်လည်ကု စားပေးလျော်မှု အစီအစဉ်များ ဆောင်ရွက်ရန်နှင့် အဆိုပါ ကျူးလွန်မှုများအတွက် အပြစ်ကျူးလွန်သူများ ပြစ်ဒဏ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေသည်ကို လည်း အဆုံးသတ်ရမည်ဖြစ်သည်။
ဆက်သွယ်ရန်
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ | ||
၁။လွေးချီ,ဆငါး
ဖုန်း (+၉၅) ၉၇၉၁၅၃၀၄၅၁ |
၂။ ကိုတိန်ဦး
ဖုန်း +၆၆(ဝ)၈၁၅၉၅၆၁၃၈ |
ND-Burma အကြောင်း
ND-Burma ၏ ကွန်ရက်အဖွဲ့ဝင် ၁၂ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုကာ လုပ်ဆောင်နေသော အဖွဲ့များဖြစ်ကြပါသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် ကွန်ရက်အဖွဲ့အစည်းဖြစ်ပါသည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B)
၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFORM)
၃။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၄။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYO)
၆။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်အစည်းအရုံး (AASYC)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၃။ ပအို့လူငယ်အဖွဲ့ (PYO)
၄။ အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)
၅။ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (ပဲခူးအရှေ့ခြမ်း)
၆။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP)
၇။ ရှေ့ပြေးအသံအဖွဲ့ (PV)