ND-Burma မှ တနှစ် နှစ်ကြိမ်ထုတ်ဝေ၀ည့် အစီရင်ခံစာအရပဋိပက္ခများပြင်းထန် တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးအခြေအနေများဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်နေသည်။
၂၀၁၈ ခုနှစ် ဧပြီလ ၁၉ ရက်
သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အကြား ပြင်းထန် သည့် တိုက်ပွဲများ ဖြစ်ပွားသဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ဆက်လက်ဖြစ်ပေ ါ်နေသည်ကို ND-Burma မှ တွေ့ရှိသည်။ အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်နယ် တို့တွင် ဖြစ်ပြီး ND-Burma အဖွဲ့ဝင်များ အများ ဆုံး မှတ်တမ်းတင်နိုင်ခဲ့သည့် ဖြစ်ရပ်များ မှာလည်း အဆိုပါ ပြည်နယ် ၂ ခုမှ ဖြစ်သည်။
ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ရွာသားများနေထိုင်ရာသို့ မဆင်မခြင် ပစ်ခတ်ခြင်း နှင့် လေကြောင်းမှ ဗုံးကြဲခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်စွာ ဆက်ဆံပြုမူခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်း စသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများအပေါ် တပ်မတော်အနေဖြင့် တာဝန်ရှိသည်။ ရပ်ရွာအနီးသို့ မဆင်မခြင် ပစ်ခတ်သည့် ဖြစ်ရပ်တခုတွင် ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်ရပြီး အတော်များများ ဒဏ်ရာရကာ တဦး သေဆုံးမှု ဖြစ်စေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှလည်း မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်းနှင့် ပျောက် ဆုံးခြင်း၊ အတင်းအကြပ် လူသစ်စုဆောင်းခြင်းနှင့် ခိုင်းစေခြင်းနှင့် ရပ်ရွာအနီးတွင် EAOs များအကြား တိုက်ပွဲဖြစ်ပွားသဖြင့် ရွာသားများသေဆုံးမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ကြ သည်။
ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဖမ်းဆီး မှုကြောင့် ရွာသားများ ဆက်တိုက်ပျောက်ဆုံးမှု အထူးသဖြင့် နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားပြီး ရွာသားတဦးက ယခုလို တောင်းပန်သည် “ကျနော်တို့အနေနဲ့ RCSS/SSA ကို ကျနော်တို့ ရွာသား တွေအကုန်လုံး ပြန်လွှတ်ပေးဖို့နဲ့ နောက်ထပ် ထပ်မဖမ်းဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ရွာ သားတွေလည်း ဒီပဋိပက္ခထဲမှာ ပါတာမဟုတ်လို့ ကျနော်တို့ကို လက်နက်ကိုင်အဖွဲ့တွေရဲ့ ဓားစာခံ အဖြစ် မလုပ်ကြပါနဲ့”
၂၀၁၈ ခုနှစ်၏ နောက်ဆုံး ၃ လပတ်တွင် ရခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲများ တစ်ကျော့ ပြန်ဖြစ်ပွား ခဲ့သည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဒီဇင်ဘာလအတွင်း နေ့စဉ် တိုက်ပွဲများ ဖြစ် ပွားပြီးနောက် ရွာသား ၇၀ဝ ကျော် စစ်ရှောင် ဒုက္ခသည်များအဖြစ် နေထိုင်ကြရသည်။
စစ်ပွဲများ ပြင်းထန်များပြားလာခြင်းကြောင့်လည်း တပ်မတော်နှင့် EAOs များထောင်ထား သည့် မြေမြှုပ် မိုင်းများကြောင့် ရွာသားများ သေဆုံး၊ ဒဏ်ရာ ရရှိကြရသည်။
ND-Burma မှ မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအရ လူ့အသက်နှင့် ဂုဏ်သိက္ခာအပေါ် လေးစားတန်ဖိုးထားမှု နည်းပါးသည်ကို တွေ့ရသည်။ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူမှု မရှိခြင်းက နစ်နာခံစားရသူ အများစုအတွက် တရားမျှတမှုကို မရှာဖွေနိုင်ဘဲ (သို့မဟုတ်) ၄င်းတို့ နစ်နာခံစားရမှုများအတွက် ပြန်လည်ကုစားပေးလျော်မှု တစုံတရာ လက်ခံ ရရှိခြင်း ကင်းမဲ့စေပါသည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအနေဖြင့် မကြာခဏဆိုသလို အရေးပေါ်နှင့် ထိရောက်သည့် အကူ အညီများ ဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု (သို့မဟုတ်) အသက်မွေးဝမ်းကျောင်း အထောက်အကူများ လိုအပ်နေသည့်တိုင် ရရှိခြင်းမရှိပေ။ ထို့ကြောင့် မြန်မာ အစိုးရအနေဖြင့် နစ်နာခံစား ရသများ၏ လိုအပ်ချက်ကို ဖြေရှင်းပေးမည့် ပြန်လည်ကု စားပေးလျော်မှု လုပ်ငန်းစဉ်ကို အဆောတလျင် အကောင်အထည် ဖော်ဆောင်ရွက်သင့်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် စနစ်တရပ်ကို ထူထောင် ရမည်ဖြစ်သည်။
အဓိကတွေ့ရှိချက်
• ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှ ၉၄ မှုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည် (နောက်ဆက်တွဲ ၃ ကို ကြည့်ပါ)။ ချိုးဖောက်မှု ၅၂ ခုသည် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ပြီး ကျန်သည့် ၄၂ ခုသည် ယခု အစီရင်ခံ သည့် ကာလမတိုင်မီ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည်။
● ၂၀၁၇ ခုနှစ်တွင် ND-Burma မှ မှတ်တမ်းတင်ခဲ့သည့်နည်းတူ ပဋိပက္ခဆက်လက်ဖြစ်ပွားနေသည့် ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်ပွားသည်ကို ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်းတင်ထားပါသည်။ ချိုးဖောက်မှု သုံးပုံတစ်ပုံကျော်သည် ကချင်ပြည်နယ် (ချိုးဖောက်မှု ၂၃ ခု) နှင့် ရှမ်းပြည်မြောက်ပိုင်း (၂၂ခု) တို့တွင် ဖြစ်ပွားကြခြင်းဖြစ်သည်။
● ချိုးဖောက်မှု အများစုတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်စွာ ဆက်ဆံပြုမူခြင်း၊ တရားလက်လွတ် သတ် ဖြတ်ခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် အတင်းအကြပ်နှင်ထုတ်ခြင်း၊ မဆင်မခြင် ပစ်ခတ်ခြင်း၊ လေ ယဉ် ဖြင့် ဗုံးကြဲခြင်းနှင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်၊ သေဆုံးရမှုများ ပါဝင်ပြီး ကျန်သည့် အချက်အလက်များမှာ သမိုင်းဝင် မှတ်တမ်းများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံ များဖြစ်သည်။
● လူ့အခွင့်အရေးချိုးဖောက်မှု အများစု (၇၄ မှု) ကို အစိုးရ လုံခြုံရေးတပ်များက ကျူးလွန်ချိုးဖောက်ခဲ့ကြခြင်း ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ၏ ချိုးဖောက်မှု (၅ ခု) ရှိသည်။ အရပ် သားများမှ လူ့အခွင့်အရေး ချိုးဖောက်မှု ၂ ခုကို ကျူးလွန်ပြီး ၎င်းတို့မှာ လူကုန်ကူးမှုနှင့် ဘာသာရေးအရ ခွဲခြားမှုတို့ ဖြစ် သည်။ မြေမြှုပ်မိုင်းကြောင့် အရပ်သားများ ထိခိုက်၊ သေဆုံးသည့် အမှု ၁၃ မှု ရှိပြီး မည်သူ့လက်ချက် ဖြစ် ကြောင်း ထုတ်ဖော်နိုင်ခြင်းမရှိပါ။
● အစိုးရ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လူ့အသက်တစ်ချောင်းအပေါ် အလေးအနက်ထားမှု မရှိသည်ကို ND-Burma မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ အထင်အရှား ပြသနေပါသည်။ အထူးသဖြင့် စစ်မက် ဖြစ်ပွားနေသည့် ဒေသများတွင် အရပ်သားများနေထိုင်သည့် နေရာအနီးသို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် မဆင်မခြင် ပစ်ခတ်ခြင်းဖြစ်သည်။ အရပ်သားများမှာ အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ရင်ဆိုင်နေရသည်။ လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးရပ်တန့်ရန်နှင့် အစိုးရမှ တာဝန်ယူဆောင်ရွက်သည့် ပြန်လည်ကုစားပေးလျော်မှု လုပ်ငန်း စဉ်သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် သက်ရောက်မှုများနှင့် အပြစ်ကျူးလွန်သော်လည်း အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေမှုကို ရပ်ဆိုင်းစေရန်အတွက် မရှိမဖြစ်လိုအပ်သည်။
ဆက်သွယ်ရန်
ကိုအောင်ခိုင်မင်း
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့
ဖုန်း: + ၉၅၉ ၂၆၁-ဝ၀၉ -၉၉၅
ND-Burma အကြောင်း
ND-Burma ၏ ကွန်ရက်အဖွဲ့ဝင် ၁၂ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုကာ လုပ်ဆောင်နေသော အဖွဲ့များ ဖြစ်ကြပါသည်။ နစ်နာခဲ့သူများ၏ တရားမျှ တမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် ကွန်ရက်အဖွဲ့အစည်းဖြစ်ပါသည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B)
၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Hurform)
၃။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၄။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (TSYO)
၆။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်ကွန်ဂရက် (AASYC)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၃။ ပအို့လူငယ်အဖွဲ့ (PYO)
၄။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၅။ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (ပဲခူးအရှေ့ခြမ်း)
၆။ ရှေ့ပြေးအသံအဖွဲ့ (PV)