မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၇-၂-၂၀၁၉ ရက်နေ့နှင့် ၈-၂-၂၀၁၉ ရက်နေ့များတွင် သာယာဝတီမြို့မရဲစခန်း၊ တရားရုံး အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းဦးစီးဌာနအောက်ရှိ သာယာဝတီဗဟိုအကျဉ်းထောင်ကို ဝင်ရောက်၍ အကျဉ်းသား၊ အချုပ် သားများ၊ အိပ်ဆောင်များ၊ စားဖိုကြီး၊ ထောင်တွင်း ဆေးခန်း၊ အသက်မွေးမှု အတက်သင်ကျောင်း တို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ ၁၆၅ ဦးအား တစ်ဦးချင်းဖြင့် ၂ ရက်တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊ အချုပ်သား၊ အကျဉ်းသားများ နှင့် အဖွဲ့လိုက် ၃၄ နေရာခွဲ၍ တွေ့ဆုံပြီး အခက်အခဲများ မေးမြန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ တရားစာအုပ်များ၊ ဗလာစာအုပ်များ၊ သတင်းစာများ လှူဒါန်း ခြင်းတို့ကို ဆောင်ရွက်ပြီး ပြုပြင်ရန်ရှိသည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်