၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ရက် နံနက်တွင် ဥပက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ သစ်အကြောင်း ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့ဝင်များက ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးတွင် ရှင်းလင်းပြောကြားကြသည်။

ကိုအောင်ခိုင်မင်းမှ အစီရင်ခံစာဖြစ်ပေါ်လာပုံသမိုင်း၊ ကိုဇော်မိုးမှ အချက်အလက်ကောက် ယူမှု နည်းနာ၊ ဆန်းစစ်သုံးသပ်မှုများ၊ လွေးပိုးကမဲခြိုင်းမှ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလေ့ရှိသည့် လူ့အခွင့်အရေးအခြေအနေနှင့် ကိုသွင်လင်းအောင်မှ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး၊ အစီရင်ခံစာပါ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ရှင်းလင်းကြ သည်။

တက်ရောက်လာသူ သံတမန်များမှလည်း အစီရင်ခံစာနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြပြီး အလုပ်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြသည်။

ရှင်းလင်းပွဲသို့ ဥရောပသမဂ္ဂကိုယ်စားလှယ်များ၊ ပိုလန်၊ နော်ဝေ၊ ဂျာမဏီ၊ ပြင်သစ်၊ ဆွစ်ဇာ လန်၊ ဒိန်းမတ်သံရုံးများမှ ကိုယ်စားလှယ်များနှင့် USAID မှ ကိုယ်စားလှယ်တို့ တက်ရောက် ကြသည်။