မွန်ပြည်နယ်၊ပေါင် မြို့နယ် အထကခွဲ(မင်းတန်း)တွင် အခြေခံလူ့အခွင့့်အရေးဟောပြောပွဲအား AAPP မှကြီးမှူးကျဘင်းပခဲ့ပါသည်။ ဟောပြောပွဲ တ ွင်
ကိုဝဏ္ဏနွယ် မှ AAPP အဖွဲ့သားများနှင့့်မိတ်ဆက်ပေးပြီး ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုရှင်းပြပေးပါသည်။ ဆက်လက်ပြီး AAPP ၏လူ့အခွင့်အရေးသင်တန်းနည်းပြ မဇွန်ပန်း မှ လူ့အခွင့့်အရေးအကြောင်းများ၊ UDHR အချက် ၃၀ နှင့် တာဝန်ယူမှု၊တာဝန်ခံမှု အကြောင်းများကို ဟောပြောရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို မေးခွန်းများမေးမြန်းခဲ့ပြီး ဟောပြောပွဲကို အထက_ခွဲ(မင်းတန်း)မှကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၇၀) ဦးခန့် နှင့် ဆရာ /ဆရာမမျ ား တက်ရောက်နားထောင်ကြပါသည်။ ဟောပြောပွဲတွင် AAPP မှ နည်းပြ မဇွန်ပန်း ၊ကိုခင်မောင်ဝင်း၊ကိုထွေးမော် နှင့်အတူ ကိုဖြိုးဆွေမောင် ၊ကိုအောင်သက်ထွန်း ၊ ပေါင်မြို့နယ်မှကိုမြင့်မြတ် တို့မှပါဝင်အားဖြည့်ကူညီပေးခဲ့ကြပါသည်။
ဟောပြောပွဲကို ၉.၈၂၀၁၈ နံနက် (၉:ဝ၀) နာရီ မှ (၁၂:ဝ၀) နာရီ ထိကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲ
တွင် AAPP မှ UDHR နှင့် CRC လကမ်းစာစောင်များ၊ ပိုစတာများဝေငှ ပေးခဲ့ပါသည်။
ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..