[metaslider id=”3136″]

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မြန်မာနိုင်ငံ (ND-Burma) ၏ ၃၃ ကြိမ်မြောက် ကွန်ရက် အစည်းအဝေးကို ပြင်ဦးလွင်မြို့တွင် မတ်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှ ND-Burma အဖွဲ့ဝင်များ၊ ဆက်စပ်အဖွဲ့ဝင်များနှင့် ND-Burma သို့ ပူးပေါင်းရန် အဆိုပြုထားသည့်အဖွဲ့များမှ ကိုယ်စားလှယ် ၂၆ ဦးတက်ရောက် ကြပြီး နောက်ထပ် ၂ နှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။ ထို့အပြင် ND-Burma မှ ကူညီပေးနေသည့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် ချိုးဖောက်ခံရသူများအတွက် တရားမ ျှတမှုရှာဖွေနိုင်ရန် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ရန် လည်း ဆွေးနွေးကြသည်။

ND-Burma ထိုင်း-မြန်မာနယ်စပ်တွင် လူ့အခွင့်အရေးမှတ်တမ်းတင်နေသည့် တိုင်းရင်းသား လူငယ်၊ အမျိုးသမီးနှင့် လိင်စိတ်ကွဲပြားမှုအပေါ်အခြေပြုသည့် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ၂၀ဝ၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ND-Burma ၏ ရည်ရွယ်ချက်မှာ အစိုးရနှင့် စစ်တပ်မှချိုးဖောက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန်နှင့် နစ်နာသူများအား အစိုးရမှ အသိအမှတ်ပြုပြီး ၄င်းတို့အတွက် ပြန်လည်ပြုစု ပေးလျော်မှု များ ထောက်ပံ့ရန်နှင့် အနာဂတ်တွင် အတိတ်မှ ဆိုးဝါးသည့် ချိုးဖောက်မှုများ ထပ်မံ မဖြစ်ပေါ်စေရေးအတွက်ဖြစ်သည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *