[metaslider id=”3095″]

ND-Burma မှ ကြီးမှုးပြီး ၄ ကြိမ်မြောက် Reparations Workshop (ပြန်လည်ပေးလျော် ကုစားမှု) ကို ရန်ကုန်တွင် ၂၀၁၈ ခုနှစ် မတ်လ ၅ရက်မှ ၇ ရက်အထိ အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့သည်။ တက်ရောက်သူ များမှ ပီရူး၊ ချီလီနှင့် တောင်အာဖရိကတို့တွင် ပြုလုပ်ခဲ့ သည့် Reparation လုပ်ငန်းများကို လေ့လာကြပြီး မြန်မာနိုင်ငံအတွက် မည်သည့် Reparation ပုံစံက အကောင်းဆုံးဖြစ်သနည်း ဆိုသည်နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ဆွေးနွေးကြသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းသွားပြီး ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်ရေးအတွက် Reparations လုပ်ငန်းသည် အရေးပါသည်ကို တက် ရောက်သူများမှ ဆွေးနွေးကြသည်။

တက်ရောက်သည့်အဖွဲ့အစည်းများမှာ- ND-Burma ၏ အဖွဲ့ဝင်များ၊ အနာဂတ်အလင်း တန်း (FLC), စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS), ဝိမုတ္တိအမျိုးသမီးအဖွဲ့အစည်း (VWO), ရှေ့ပြေးအသံ (PV) နှင့် မြန်မာ့ရှေ့ဆောင် (OMI) တို့မှ ဖြစ်သည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *