တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ အ ပေါင်ဆိုင်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid) မှ တာဝန်ခံ မိုင်းမျိုးအောင်အား မသင်္ကာမှုနှင့် ဖမ်းဆီး ခဲ့သည်ဟု သိရပါသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သေနတ် ဖြင့်ပစ်ခတ်သည်ဟု သတင်းရသည့် အမျိုးသားသုံးဦးအား မူဆယ်မြို့မရဲစခန်း၌ (ပ)၅၀၁/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄(လူသတ်မှု/ လူသတ်ရန်အားထုတ်မှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်စုံ စမ်းခဲ့ရာ ညနေ (၅)နာရီခွဲခန့်တွင် မိုင်းမျိုးအောင်အား မူဆယ်မြို့၊ တောင်ရပ်ကွက်တွင် ဖမ်းဆီးရမိ သည်ဟု ထုတ်ပြန်ထားသည်။
မိုင်းမျိုးအောင်အား ဖမ်းဆီးစစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်မှုများရှိသည်ဟု တအာင်းဥပဒေပြုအ ထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများနှင့် မိုင်းမျိုးအောင်၏ ဇနီးတို့မှ သတင်းဌာနများသို့ ပြောကြား ချက်အရ သိရှိရသည့်အတွက် မိမိတို့မှ စိုးရိမ်မိပါသည်။
မိုင်းမျိုးအောင်သည် မန္တလေးရတနာပုံတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိထားပြီး ဒေသတွင်းတွင် ဥပရေးရာ အသိပညာများ ဖြန့်ဖြူးပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေခြင်း၊ ဥပဒေရေးရာ အရ အထောက်အကူပြုနေသည့် အဖွဲ့အစည်း (TLA) ကို ဦးဆောင်နေသူ့ဖြစ်သည်။
၁။ မိုင်းမျိုးအောင်အား ဖမ်းဆီးမှုသည် မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်ခြင်းဖြစ်ပြီး ပြည် တွင်းလုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတန်းပါ အပိုဒ် (၉)မှ ပြဌာန်း ချက်များကို ဖောက်ဖျက်ခြင်းဖြစ်သည်။
၂။ မိုင်းမျိုးအောင်အား ဖမ်းဆီးထားစဉ် ညှဉ်းပန်းနှိပ်စက်သည်ဟု သိရ၍ နိုင်ငံတကာလူ့အခွင့် အရေးကြေငြာစာတန်းပါ အပိုဒ် (၅) နှင့် ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်သော နိုင်ငံတကာစာချုပ်ပါ ပြဌာန်းချက်များကိုလည်း ဖောက်ဖျက်ရာကျပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ကြိုးပမ်းနေသည့်ကာလတွင် ဥပဒေရေးရာအရ အထောက် အကူပြုနေသည့် တိုင်းရင်းသားလူငယ်တဦးအား မတရားဖမ်းဆီးထားခြင်းသည် သင့်လျော်မှန်ကန် သည့် လုပ်ရပ်မဟုတ်သည့်အတွက် အမြန်ဆုံး ပြန်လည်လွှတ်ပေးပါ ရန် တောင်းဆိုပါသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)

အဖွဲ့ဝင် အဖွဲ့အစည်းများ

၁။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
၂။ ကချင်ဖွံ့ဖြိုးရေးကွန်ရက်
၃။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၄။ ကချင်အမျိုးသမီးအစည်းအရုံး -ထိုင်းနိုင်ငံ
၅။ ပလောင်အမျိုးသမီးအစည်းအရုံး
၆။ တအောင်းကျောင်းသားလူငယ်များအစည်းအရုံး
၇။ ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင် အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားလူငယ်များအစည်းအရုံး
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့
၃။ EarthRights International (ERI)
၄။ ညီမျှခြင်း-မြန်မာ
၅။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
၆။ ပအိ်ု့ဝ်လူငယ်အစည်းအရုံး
၇။လားဟူအမျိုးသမီးအစည်းအရုံး

ထုတ်ပြန်ချက် PDF File ရယူရန်

Download PDF

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *