အစီရင်ခံစာ အနှစ်ချုပ်

စိတ်ကို ညို့ယူဖမ်းစားနိုင်သည့် အလှတရားများနှင့် ဇီဝမျိုးကွဲ စုံလင်ပြီး ထောင်ပေါင်းများစွာသော ကချင်ဌာနေ တိုင်းရင်းသားဘိုးဘေးတို့၏ ဌာနစံပျော်ရာ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းနှင့် တရုတ်နိုင်ငံနယ်စပ်ရှိ ငေါ့်ချမ်းခလွင်ပြင်သည် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများတို့မှ စီမံချက်ဖြင့် အကောင်အထည်ဖော်မည့် အကြီးစား ရေအားလျှပ်စစ်ထုတ်ရေ ကာတာလေးခု၏ ခြိမ်းခြောက်မှုအောက်တွင် ရောက်ရှိနေပါသည်။

အဆိုပါ ရေကာတာစီမံကိန်းများကို တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (International Coorperation and Development Corporation – YEIG)အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေပြီး လျှပ်စစ် ဓာတ်အားမီဂါဝပ် ၁၂၀ဝ ထုတ်လုပ်နိုင်ရေးအတွက် ဧရာဝတီမြစ်၏ အဓိက မြစ်လက်တက် တစ်ခု
ဖြစ်သော မေခမြစ်၏ လက်တက်တစ်ခုဖြစ်သည့် ငေါ့်ချမ်းခမြစ်ကို ပိတ်ဆို့ရန် စီစဉ်နေကြသည်။ ငေါ့်ချမ်းခမြစ်ကို အခြေတည်ကာ ဖြစ်ပေါ်သော ငေါ့်ချမ်းခလွင်ပြင်သည် ချီဖွေနှင့်ဆော့လော်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာမှ ငေါ့်ချမ်း၊ လာချိတ်၊ လော်ဝေါ်နှင့် လီဆူဌာနေတိုင်းရင်းသား စုစုပေါင်း ၄၅၀ဝ ကျော်၏ ဘဝနေထိုင်မှုများကို အကျိုးပြု ထောက်ပံ့ထားသည်။ အထက်ပါ ကျေးရွာလူ့အဖွဲ့အစည်းများ လွန်ခဲ့သော နှစ် ၁၀ဝဝ ကျော်အတည်းကရေရှည်တည်တံ့စွာ နေထိုင်ခဲ့ကြပြီး မြစ်ဝှမ်းလွင်ပြင်တစ်လျှောက် မတ်စောက်လှသောတောင်တန်းများကြားရှိ လွင်ပြင်ထဲတွင် စိုက်ပျိုးမွေးမြူကာ လုပ်ကိုင်စားသောက်ခဲ့ကြသည်။

အစီရင်ခံစာအပြည့်အစုံရယူရန်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *