သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ မှတ်တမ်းတင်ထားသည့် အစီရင်ခံစာသစ်ထုတ်ပြန်ခြင်း
ရက်စွဲ။ ။ ၂၀၁၆ ခုုနှစ် ဖေဖော်ဝါရီလ၊ ၂၉ ရက်။
၂၀၁၅ ခုုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ မြန်မာနိုုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ ခုကို ND-Burma မှ မှတ်တမ်းတင်ထားသည့် အစီရင်ခံစာကို ယနေ့ထုတ်ပြန်လိုက်သည်။ ချိုးဖောက်မှုများမှာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားသည့်ဒေသများနှင့် အပစ်အခတ်ရပ်စဲထားသည့် ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း အဖြစ်အများဆုံုး ချိုးဖောက်မှုဖြစ်သည့် ညှင်းပန်းနှိပ်စက်မှု ဖြစ်ပြီး၊ ND-Burma မှ မှတ်တမ်းတင်ထားသည့် ညှင်းပန်းနှိပ်စက်မှု၂၆ မှုနှင့်အတူ မီးမောင်းထိုး တင်ပြထားသည်။ ထို့အ ပြင်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် နှင့် အဖွဲ့အစည်းအသင်းအပင်း ဖွဲ့စည်းခွင့်ကို ပိတ်ပင်သည့် ချိုးဖောက်မှု ၁၇ ခုနှင့်၊ သတ်ဖြတ်မှု ၁၁ ခုကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်များအရ အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အချို့မှ အရပ်သားများအပေါ် ပစ်မှတ်ထား ကျူးလွန်ခြင်းကို တွေ့ရ သည်။
အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ ၂၀၁၅ အောက်တိုုဘာလတွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးပြီး၊ ငြိမ်းချမ်းမှု အနည်းငယ်သာ ဆောင်ကျဉ်းနိုင်ခြင်း၊ EAOs ၈ဖွဲ့သာ NCA ကို လက်မှတ်ရေးထိုးပြီး၊ အားလုံးပါဝင်ရေးမူအရ NCA ကို လက်မှတ်မရေးထိုုးသည့် အဖွဲ့များ ရှိသကဲ့သို့၊ အဖွဲ့အစည်း ၆ ဖွဲ့မှာလည်း NCA တွင် ပါဝင်ရန် ဖယ်ထုတ်ထားခြင်း ခံနေရသည်။ NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ လက်မှတ်ရေးထိုုးရန် ငြင်းဆန်ထားသည့်အဖွဲ့များရှိရာ ရှမ်းပြည်မြောက်ပိုုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တချို့ဒေသတို့တွင် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်စွာ ဖြစ်ပွားနေသည်။
ND-Burma ၏ တွေ့ရှိချက်များအရ ၂၀၁၅ ခုနှစ်အတွင်း ထင်ရှားသည့် ဖြစ်ရပ်များအဖြစ် NCA အား EAOs အချို့နှင့် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးနိုင်ခြင်း၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပနိုင်ခြင်းတို့ ပြုလုပ်နိုင်သော်လည်း၊ အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းနှင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအား ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးနေမှုတိုု့က လက်ရှိအစိုးရသည် ဖိနှိပ်သည့်အစိုးရအဖြစ် ဆက်လက်တည်ရှိနေသည်ကိုု ပြသနေသည်။
စည်းရုံုးလှုံ့ဆော်ရေးအရာရှိ လိုည်းပိုးငယ် က တာဝန်ရှိသူများအနေဖြင့် လူ့အခွင့်အရေးကို လေးစား လိုက်နာရန် ယခုလိုပြောဆိုသည် “မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုုင်အဖွဲ့တွေ အနေနဲ့ ဂျီနီဗာကွန်ဗန်းရှင်း အပါအဝင် နိုုင်ငံတကာ ဥပဒေတွေကို လေးစားလိုုက်နာပြီးတော့၊ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်တာကို ချက်ခြင်းရပ်စဲပါ။ အရပ်သားတွေရဲ့ အသက်၊ အိုးအိမ်နဲ့ ပိုင်ဆိုုင်မှု တွေကို အလေးထားစေလိုပါတယ်”။
ယခုအစီရင်ခံစာနှင့် ပတ်သက်ပြီး ဆက်သွယ်လိုပါက။
မြန်မာနိုင်ငံတွင်-
လိုည်းပိုးငယ်၊ စည်းရုံးလှုံ့ဆော်ရေးအရာရ
ဖုန်း – +၉၅ (၀) ၉ ၇၈၁ ၃၂၉ ၇၄၂
ထိုင်းနိုင်ငံတွင်-
<ဟန်ကြီး၊ ညှိနိုင်းဆောင်ရွက်ရေးမှုး
ဖုန်း- +၆၆ (၀) ၈ ၁၉၆ ၁၅၉ ၉၂