လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ Martus ခေါ် သတင်းအချက်အလက် သိမ်းဆည်း သိုမှီးသည့် စံနစ်အကြောင်း သင်တန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပခဲ့သည်။

သြဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ရက်ကြာကျင်းပသည့် သင်တန်းသို့ ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့ဝင်များနှင့် မဟာမိတ် အဖွဲ့အစည်းများဖြစ်ကြသည့် TWU, TWO, TSYO, AASYC, FPPS, HRDP, KDNG နှင့် UNDO တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၁ ဦး တက်ရောက်လေ့လာကြသည်။

သင်တန်းတွင် ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် AAPP မှ ကိုဇော်မိုး က အဓိကဦးဆောင် ဆွေးနွေး သင်ကြားသွားသည်။

သင်တန်းတွင် Martus Software အား မိတ်ဆက်ရှင်းပြခြင်း၊  ND-Burma မှ အသုံးပြုနေသည့် အချက်အလက် ထည့်သွင်းသည့် ပုံစံ (Template)၊ ND-Burma ၏ martus data form,  martus software အား install လုပ်ခြင်း၊ ဆာဗာချိတ်ဆက်ခြင်း၊ ND-Burma template အား martus အတွင်း ထည့်သွင်းခြင်း၊ Public code အား export ထုတ်ခြင်း၊ Martus တွင် contact များ ထည့်သွင်းခြင်း၊ back up key ထုတ်ခြင်း၊ Martus Bulletin import/export လုပ်ခြင်း၊ Martus Report ထုတ်ခြင်း၊ mobile martus အသုံးပြုပုံ၊ True crypt အသုံးပြုခြင်းတို့အား လေ့ကျင့်ခဲ့သည်။