နေ့စွဲ  ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်။

အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေးချိုးဖာက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည်ကုစားရန် တင်ပြထားသည့် အစီရင်ခံစာသစ်အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ သတင်းစာရှင်း လင်းပွဲပြုလုပ် ဖြန့်ချိလိုက်သည်။

အသိအမှတ်ပြုရန် နှင့် ပြုပြင်ရန် ‘’အလွတ်သဘော အမှန်တရားပေါ်ပေါက်ရေးစီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး” အစီရင်ခံစာကို ဇွန်လ ၁၁ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့ရာ မီဒီယာ နှင့် လူ့မှုလူ့အဖွဲ့အစည်း၊ တက်ကြွလှုပ်ရှားသူများ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများစသည့်တို့ လူဦးရေ ၁၀ဝကျော် တက်ရောက်ခဲ့ကြပါသည်။

အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲတွင် မသင်းသင်းအောင်မှ အခမ်းအနားမှုး အဖြစ်ဆောင် ရွက်ခဲ့ပြီး၊ ND-Burma ကွန်ရက်အဖွဲ့အစည်းများမှ လိုည်းပိုးငယ် (စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ)၊ မစုစုဆွေ (အထွေထွေ အတွင်းရေးမှူး၊ ထားဝယ်အမျိုးသမျိုးသမီးများ သမဂ္ဂ)၊ နှင့် မဆန်ထွယ် (ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ) တို့က အစီရင်ခံစာအကြောင်း ရှင်းလင်းတင်ပြကြသည်။

အစီအစဉ်အရ မသင်းသင်းအောင်မှ သတင်းစာရှင်းလင်းပွဲ အစီအစဉ်အား တင်ပြခဲ့ပြီး၊ လိုည်းပိုးငယ်မှ ND-Burma အကြောင်း၊ ယခု အစီရင်ခံစာအား ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းများ မည်သို့ စုစည်းကြိုးပမ်းခဲ့ကြသည်များအား ဦးစွာတင်ပြခဲ့ပြီး၊ အစီရင်ခံစာ အကျဉ်းချုပ်အား ဆက်လက်ရှင်းလင်းခဲ့သည်။

ထို့နောက် မစုစုဆွေမှ အစီရင်ခံစာ၏ အဓိကတင်ပြချက်မှ တစ်ခုဖြစ်သော မြေယာသိမ်းဆည်းမှုအခြေအနေ တင်ပြချက်နှင့် စပ်လျဉ်း၍ ဆက်လက်ရှင်းလင်းခဲ့ပြီး၊ ထိုမြေယာသိမ်းဆည်းမှုပြသနာအား ဖြေရှင်းရန် အရေးပါမှုအား တင်ပြခဲ့သည်။

ဆက်လက်၍ မဆန်ထွယ်မှ အစီရင်ခံစာ၏ဖေါ်ပြချက်ဖြစ်သော ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုတို့အား မည်သို့စုဆောင်းရယူခဲ့ကြောင်းနှင့် အစီရင်ခံစာပါ အချက်အလက်တို့အား ရှင်းလင်းခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖေါက်မှုများဖြစ်ပွားခဲ့မှုနှင့် ဆက်လက်ကျူးလွန်နေကြသည်များအား ဖေါ်ထုတ်တင်ပြခဲ့သည်။ အစီရင်ခံစာတွင် ဖေါ်ပြထားသော အသိအမှတ်ပြုရန်နှင့် ပြန်လည် ပြုပြင်ခြင်း တို့သည် နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် မည်ကဲ့သို့ အရေးပါသည်အား ရှင်းလင်းခဲ့ပြီး၊ ထိုလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရာတွင် အစိုးရ၏ပါဝင်မှု လိုအပ်သည်ကိုလည်း ထောက်ပြခဲ့သည်။

ထို့နောက်တက်ရောက်လာကြသော မီဒီယာများနှင့် တက်ကြွလှုပ်ရှားသူများ၏ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။