အတွင်းရေးမှူးရဲ့ စကား
၂၀၁၃ ခုနှစ်ဟာ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း အတွက် ထူးခြားတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ၂၀ဝ၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ အေအေပီပီအနေနဲ့ အတွင်းရေးမှုးနဲ့ တွဲဘက်အတွင်းရေးမှုးတို့ ဇန်နဝါရီလမှာပဲ မြန်မာနိုင်ငံကို ပြန်ဝင်ခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဆိုရင်လည်း နယ်စပ်ကိုထွက်လာတဲ့ ၁၆ နှစ်တာကာလအတွင်းမှာ မှာ ပထမဆုံး ပြည်တွင်းကို ပြန်လည် ခြေချခဲ့ရတဲ့နှစ်ပါ။
အေအေပီပီအနေနဲ့ ပထမအကြိမ် ဝင်ခွင့်ရတဲ့ အချိန်မှာပဲ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနဲ့ လွတ်မြောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘဝပြန်လည် ထူထောင်ရေး
တို့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအချို့၊ အစိုးရအဖွဲ့၊ နိုင်ငံခြား သံတမန် တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်။
အေအေပီပီအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ လက်ကျန်နိုင်ငံအကျဉ်းသားစိစစ်ရေးကော်မတီရဲ့ စိစစ်တောင်းဆိုချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာပေမယ့် သမ္မတ ဦးသိန်းစိန် ကတိပြုထားအတိုင်း တော့ ဖြစ်မလာဘဲ ၂၀၁၃ အကုန်မှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၀ ဦးဆက်ရှိနေခဲ့တယ်။ အေအေပီပီအနေနဲ့ ပြည်တွင်းမှာ ရုံးခန်းဖွင့်နိုင်ခဲ့တယ်။ အေအေပီပီရဲ့ လုပ်ငန်းစဉ်များကို ပိုမို ဆောင်ရွက်နိုင်ခဲ့သလို အခြားမဟာမိတ်များနဲ့လည်း ပူးပေါင်းလုပ်ဆောင်ခွင့်တွေရခဲ့တယ်။
သို့သော်လည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိသေးပါဘူး။ အခွင့်အရေးအတွက် ဆန္ဒထုတ်ဖေါ်သူတွေ၊ ကူညီသူတွေကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီး၊ ထောင်ချမှုတွေရှိနေတုန်းပါပဲ။ မြေယာသိမ်းဆည်းမှုတွေ ရှိနေဆဲပါပဲ၊ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုတွေ၊ လူကုန်ကူးမှုတွေ၊ မတရားအခွန်ကောက်ခံမှုတွေ၊ လာဘ်စားမှုတွေ ရှိနေတုန်းပါပဲ။

သတင်းအပြည့်စံသို့ အောက်တွင် PDF file Download ရယူနိုင်ပါသည်။

နှစ်ပတ်လည် အစီရင်ခံစာ ၂၀၁၃ (မြန်မာ ဘာသာဖြင့်)

နှစ်ပတ်လည် အစီရင်ခံစာ ၂၀၁၃ (အင်္ဂလိပ် ဘာသာဖြင့်)

ဆက်သွယ်ရန်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
တိတ်နိုင် (အတွင်းရေးမှူး) (+၆၆) ၈၁ ၂၈၇ ၈၇၅၁
ဘိုကြည် (တွဲဖက် အတွင်းရေးမှူး) (+၉၅) ၉၄ ၂၅၃ ဝ၈၈ ၄၀

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *