လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma မှ ကြီးမှုးကျင်းပသည့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း ပြန်လည်သုံးသပ်ခြင်း၊ လေ့လာစောင့်ကြည့်ခြင်းနှင့် သင်ရိုးညှှန်းတမ်းအား ပိုမိုကောင်းမွန်စေရန် ပြင်ဆင်မွမ်းမံခြင်း ဆွေးနွေးပွဲအား ရန်ကုန်မြို့တွင် မတ်လ ၆ ရက်မှ ၁၂ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

သင်တန်း၏ ရည်ရွယ်ချက်မှာ “Monitoring+ Evaluation နဲ့ပတ်သက်ပြီးတော့  မိခင်အဖွဲ့အစည်း ကွင်းဆင်းလုပ်သားတွေက လူ့အခွင့်အရေးချိုးဖောက်မှု ခေါင်းစဉျ (၁၇)ခုနဲ့ လက်တွေ့သတင်းကောက်တဲ့အခါဖြစ်စေ၊ Unofficial Truth Project ( UTP) လုပ်ငန်းအကောင်အထည်ဖော်ဆောင်တဲ့အခါဖြစ်စေ လက်ရှိ ကြုံတွေ့နေရတဲ့ သွားလာရေး၊ ဆက်သွယ်ရေး၊ လုံခြုံရေး၊ အင်တာဗျူးအခြေအနေနဲ့ အခြားအခက်ခဲတွေကို တဖွဲ့နဲ့တဖွဲ့ ဖလှယ်နိုင်အောင် သင်တန်းကို ပြုလုပ်ခဲ့သလို ဒါ့အပြင် ကွင်းဆင်းလုပ်သားများအတွက် Need Assessment ကိုလည်း တပြိုင်တည်း ပြုလုပ်ခဲ့ကြတယ်။ လက်ရှိ ကွင်းဆင်းလုပ်သားများရဲ့ အခက်ခဲကို အတူတူ ပူးပေါင်းပြီး ၀ိုင်း၀န်းအဖြေရှာဖို့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်။

ပြီးတော့ ND-Burma က ရှိထားတဲ့ Module မူကြမ်းကို up grate ပြုလုပ်ပြီး သင်ရိုးညွန်းတမ်း လက်စွဲစာအုပ်ထွက်ပေါ်လာဖို့အတွက် ၂၀၁၂-၂၀၁၃ခုနှစ် ToT ဆင်းသမားတွေက အဓိက ပါ၀င်ဆွေးနွေးခဲ့ကြပါတယ် ” ဖြစ်သည်ဟု သင်တန်းတာ၀န်ခံ လိုည်းနွေနှောင်းမှ ပြောခဲ့ပါသည်။

သင်တန်းဆွေးနွေးပွဲအား ၂ ပိုင်းခွဲ၍ ကျင်းပခြင်းဖြစ်ပြီး၊ ပထမပိုင်းတွင် ကွင်းဆင်းသတင်းကောက်ယူသူများ၏ အတွေ့အကြုံနှင့် အခက်အခဲများကို ဆွေးနွေးအဖြေရှာကြပြီး၊ ND-Burma မှ လေ့ကျင့်သင်ကြားထားပေးသည့် သင်တန်းဆရာများ၏ သင်ကြားရေးအတွေ့အကြုံများကို အခြေခံ၍ သင်ရိုးညှှန်းတမ်း ပိုမိုကောင်းမွန်လာစေရေးအတွက် ဆွေးနွေး၊ မွမ်းမံပြင်ဆင်ခဲ့ကြသည်။၊

သင်ရိုးညှှန်းတမ်းများနှင့်ပတ်သက်ပြီး အခြေခံလူ့အခွင့်အရေး၊ Hြှs နှင့် ND-Burma မှ ကောက်ယူနေသည့် လူ့အခွင့်အရေးချိုးဖောက်မှု ၁၇ မျိုးနှင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများအတွက် သိသင့်သိထိုက်သည်များကို Equality Myanmar မှ ဆရာအောင်မျိုးမင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဘာသာရပ်ကို ဆရာ စိုင်းမြင့်သူတို့မှ ဦးဆောင်ပြီး ပါ၀င်တက်ရောက်လာသူများနှင့်အတူ မွမ်းမံပြင်ဆင်ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ND-Burma အဖွဲ့၀င်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၁) ဦးနှင့် မိတ်ဆွေအဖွဲ့အစည်းဖြစ်သည့် HြှDP မှ (၂) ဦး တို့ တက်ရောက်ခဲ့ကြသည်။