ဤ ‘မြန်မာနိုင်ငံရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ ” အစီရင်ခံစာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တို့ပူးတွဲထုတ်ဝေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက ကိုလိုနီခောတ် လွတ်လပ်ရေးရပြီးခောတ်၊ မဆလခောတ်နှင့် ယခုနောက်ဆုံး နဝတ၊ နအဖခောတ်များအထိ အမျိုးသမီးများ မပါဝင်ခဲ့သောနိုင်ငံရေးလှုပ်ရှားမှုဟူ၍ မရှိခဲ့ပေ။ နိုင်ငံရေးဟူသည်မှာ အမျိုးသားများ၏ အလုပ်ဖြစ်သည်ဟု ခံယူကျင့်သုံးလျှက်ရှိသော မိမိတို့ လူ့အဖွဲ့အစည်း၏ သမားရိုးကျ အမြင်သဘောထားများ၊ ယုံကြည်မှုများ၊ အစွဲအလမ်းများကြားထဲမှာပင် ယောက်ကျားသားများနှင့် ရင်ဘောင်တန်းကာ နိုင်ငံရေးခရီးကြမ်းထဲသို့ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား၊ ပါဝင်လာခဲ့ကြသော အမျိုးသမီးများစွာ ရှိခဲ့ကြောင်း သမိုင်းတွင် အထင်အရှား တွေ့နိုင်ပေသည်။

လူ့အဖွဲ့အစည်းတခု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာရေးတို့အတွက် မဖြစ်မနေလိုအပ်လျက်ရှိသော အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုအတွက် အမျိုးသမီးများကသာ ကျိုးပမ်းကြရမည်မဟုတ်ပဲ လူ့အဖွဲ့အစည်းရှိ လူသားအားလုံးတွင် တာဝန်ရှိသည်ဟူသော အသိတရားရှိရေးသည် အရေးကြီးပေသည်။ အထူးသဖြင့် အစိုးရအဖြစ် တိုင်းပြည်ရေးရာအဝဝကို စီမံခန့်ခွဲရသော တိုင်းပြည်ခေါင်းဆောင်များတွင် ထိုအသိတရားရှိရေးသည် လွန်စွာအရေးကြီးပေသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *