ND-Burma နှင့် DC-Cam တို့ ပူးတွဲ၍ အမှန်တရားဖော်ထုတ်ရေး ကော်မရှင်အကြောင်း မိတ်ဆက်ခြင်း။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) နှင့် ကမ္ဘောဒီးယား မှတ်တမ်းတင်ဌာန (DC-Cam) တို့သည် ရန်ကုန်ရှိ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် အပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်ပြီး အလွတ်သဘော အမှန်တရားဖော်ထုတ်ရေး လုပ်ငန်းစဉ်ကို စတင်လိုက်နိုင်ပြီဖြစ်သည်။
ဇူလိုင်လ ၂၇ ရက်နေ့တွင် “လူ့အခွင့်အရေးမှတ်တမ်တင်ခြင်းဖြင့် အတိတ်ဖြစ်ရပ်များမှ သည် အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ပြီး၊ သတင်းမီဒီယာများ၊ လူထုအခြေပြုအဖွဲ့အစည်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ အမှန်တရားဖော်ထုတ်ရေးကော်မရှင်များအကြောင်း အခြေခံ အယူအဆနှင့် ကမ္ဘောဒီးယား အတွေ့အကြုံ၊ ခမာနီတို့ အုပ်ချုပ်ခဲ့သည့် ကာလအကြောင်း အကျဉ်းချုပ်နှင့် ခမာနီခေါင်းဆောင်များအား တရားစွဲဆိုနေသည့် (ECCC) ခုံရုံးအကြောင်း လေ့လာနိုင်စေရန်ဖြစ်သည်။ ဆွေးနွေးပွဲတက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ဆွေးနွေးကြပြီး၊ မြန်မာနိုင်ငံအတွက်လည်း နိုင်ငံရေးအသွင်ကူးပြောင်းမှု ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံကဲ့သို့ အမှန်တရားဖော်ထုတ်ရေးကော်မရှင်တရပ် မည်ကဲ့သို့ ဖွဲ့စည်းဆောင်ရွက်သင့်သနည်းဆိုသည့် အရေးပါသည့် မေးခွန်းများ မေးမြန်းကြသည်။
DC-Cam မှ တာဝန်ရှိသူများ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ND-Burma ၏ စီစဉ်ပေးမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း (YSPS) ရှိ ကျောင်းသားများနှင့်တွေ့ဆုံ၍လည်း ကမ္ဘောဒီးယားနိုင်ငံအတွေ့အကြုံနှင့် ပတ်သက်သည့် မှတ်တမ်းတင်ရုပ်ရှင်ပြသခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ အခြားရက်များတွင်လည်း DC-Cam အနေဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။
ND-Burma အနေဖြင့် အလွတ်သဘော အမှန်တရားဖော်ထုတ်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ဇွန်လတွင် ဆုံးဖြတ်ခဲ့ပြီးနောက် DC-Cam အနေဖြင့် မြန်မာနိုင်ငံ သို့ အတွေ့အကြုံဖလှယ်သည့် ခရီးအဖြစ် လာရောက်ခြင်းဖြစ်သည်။ သြဂုတ်လအတွင်းတွင်လည်း ND-Buram မှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များအား DC-Cam တွင် အမှန်တရားဖော်ထုတ်ရေးကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများ လေ့လာရန် စေလွှတ်မည်ဖြစ်သည်။

Website : http://www.nd-burma.org