လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ၏ ၂၆ ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင်လ ၅ ရက် နေ့မှ ၈ ရက်နေ့အထိ ကျင်းပခဲ့သည်။ ကွန်ရက်သည် အဖွဲ့၀င် ၈ ဖွဲ့နှင့် ဆက်စပ်အဖွဲ့၀င် ၃ ဖွဲ့တို့ဖြင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေခြင်းဖြစ် သည်။

အစည်းအဝေးတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ (အလွတ်သဘော) အမှန် တရား ဖော်ထုတ်ရေး လုပ်ငန်းစဉျကို ဦးဆောင်အကောင်ထည်ဖော်၍ ကွန်ရက်၏ လုပ်ငန်း များကို မြန်မာနိုင်ငံအတွင်း တိုးချဲ့ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုလုပ်ငန်းစဉျမှာ လူ့ အခွင့်အရေးချိုးဖောက်ခံရသူများက ၄င်းတို့ခံစားခဲ့ကြရသည့် အဖြစ်မှန်များအား ဖော်ထုတ် ပြောဆို၍ ပြည်သူလူထုနှင့် အစိုးရအား အတိတ်က လူ့အခွင့် အရေးချိုးဖောက်မှုများအား အသိအမှတ်ပြုလာစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ များသောအားဖြင့် ကျူးလွန်ခံခဲ့ ရသူများအနေဖြင့် အတိတ်မှ ဆိုးကျိုးများနှင့် လက်ရှိကာလ တွင်လည်း ဆက်လက်ကျူး လွန်နေသည့် ချိုးဖောက်မှုများကို ရင်ဆိုင်ခံစားနေရသည်။

အမှန်တရားဖော်ထုတ်ရေးလုပ်ငန်းစဉျသည် အထူးသဖြင့် အရေးပေါ် ပြန်လည်ကုစားပေး ရန်လိုအပ်နေသူများကို အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးနိုင်ရန်ရည်ရွယ်ပြီး၊ ရေရှည် တွင်လည်း ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တားဆီး၊ ရပ်တန့်သွားစေရန် ရည်ရွယ်သည်။

လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ ရသူများအား အသိအမှတ်ပြုပေးခြင်းသည် အတိတ်မှဒဏ် ရာဒဏ်ချက်များ သက်သာရာရစေရန် မရှိမဖြစ်လိုအပ်သည့် ခြေလှမ်းတရပ်အဖြစ် နား လည်သဘောပေါက်ခြင်းဖြစ်သည်။ အမှန်တရားဖော်ထုတ်ရေးလုပ်ငန်းစဉ်သည် မြန်မာ့လူ့ အဖွဲ့အစည်း အနေဖြင့် အတိတ်ကိုသင်ခန်းစာယူ၍ ပိုမိုငြိမ်းချမ်းသာယာသည့် အနာဂတ်လူ့ အဖွဲ့အစည်းကို တည်ဆောက်နိုင်စေရန် ဖြစ်သည်။

အမှန်တရားဖော်ထုတ်ရေးလုပ်ငန်းစဉျတွင် ပါ၀င်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့မှ တာ၀န်ရှိသူ လျန်ဘွေထန်းက “အခု မြန်မာနိုင်ငံမှာ အမှန်တရားဖော်ထုတ်ရေးကော်မရှင် ဒါမှမဟုတ် အမှန်တရားဖော်ထုတ်ရေးလို့ ပြောလိုက်ရင် တချို့လူတွေက လန့်ဖြန့်ကုန်တယ်။ အရင်က စစ်အာဏာရှင်တွေအနေနဲ့လည်း တရားစွဲခံရမှာ ကြောက်နေသလို၊ စစ်တပ်အရာရှိကြီး တွေအနေနဲ့လည်း သူတို့ကို အပြစ်ပေးအရေးယူမယ်လို့ ခြိမ်းခြောက်ခံရတာကြောင့် အာ ဏာပြန်သိမ်းမှာကိုလည်း စိုးရိမ်တဲ့သူတွေရှိနေတယ်” ဟု ပြောသည်။

“ကွန်ရက်အနေနဲ့ အမှန်တရားဖော်ထုတ်ရေးလုပ်ငန်းစဉျကို အကောင်အထည်ဖော်မယ်ဆို တာ ကျူးလွန်တဲ့သူတွေနဲ့ ကျူးလွန်ခံရတဲ့သူတွေအကြား ပြသနာတွေ ပိုကြီးလာဖို့ မဟုတ် ပါဘူး။ ငြိမ်းချမ်းစွာ အတူတကွယှဉျတွဲနေထိုင်ပြီး တိုင်းပြည်ကို ရှေ့ကိုပိုရောက်အောင် ဆောင်ရွက်တာဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အသိအမှတ်ပြု ပေးတာ ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် လိုအပ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အမှန်တရားဖော်ထုတ်ရေးလုပ်ငန်းစဉျ အောင်မြင်စေရန်အတွက် တိုင်းပြည်တွင်းရှိ သက် ဆိုင်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါ၀င်ဆောင်ရွက်ရန်လိုသည်။ ကွန်ရက်အ နေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၊ ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် လူ ထုအခြေပြုအဖွဲ့အစည်းများနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉျနှင့် ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်နေသည့် ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ အမှန်တရားဖော်ထုတ်ရေးလုပ်ငန်းစဉျကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉျအတွင်း နိုင်ငံတကာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော် ထုတ်ရေး ဗဟို (ICTJ) မှ နည်းပညာအကူအညီများ ပေးသွားမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစပြီး ကွန်ရက်အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲတခုထားရှိကာ လုပ်ငန်းများ ဆောင်ရွက်နေသည်။ ၂၀၁၃ ခုနှစ် မတ်လမှစပြီး ၄လတာ ကာလအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့် တင်သူများ ကွန်ရက် (HRDP) အပါအ၀င် အဖွဲ့အစည်းအသီးသီးနှင့် သင်တန်းများ အ ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ရံဖန်ရံခါပြု လုပ်သောဆွေးနွေးပွဲများသို့ တက်ရောက်ကာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများ ကို တင်ပြခဲ့သည်။

၂၆ ကြိမ်မြောက်ကွန်ရက်အစည်းအေ၀းမှ နောက်ထပ် ၁နှစ်ခွဲတာ ကာလအတွင်း ကွန်ရက် အား ဦးဆောင်သွားမည့် စီမံအဖွဲ့အား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ အသစ်ရွေးချယ် တင်မြှောက်ခံရသည့် စီမံအဖွဲ့များမှာ ဦးတိတ်နိုင် (AAPP)၊ နိုင်အိုးမွန် (HURFOM)၊ ဆိုင်း သျှဒန် (KWAT)၊ စောအယ်ခူးသူ (BI) နှင့် လျန်ဘွေထန်း (CHRO) တို့ ဖြစ်သည်။