လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ပူးပေါင်းပြုလုပ်သည့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း သင်တန်းများမှတဆင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ တင်ပြသွားမည်ဟု ND-Burma မှ တာ၀န်ရှိသူတဦးက ပြောဆိုသည်။

လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma) နှင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) တို့ပူးပေါင်းလုပ်ဆောင်သည့် လူ့အခွင့်အရေးချိုးဖေါက်မှု ဆိုင်ရာမှတ်တမ်းတင်ခြင်း အခြေခံသင်တန်းကို ၂၀၁၃ခုနှစ်၊ မေလ- ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ND-Burma ရုံးခန်းတည်ရှိရာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တွင် ပြုလုပ်ခဲ့ပြီးနောက် သင်တန်းတာ၀န်ခံ ကိုသားကြီးမှ ပြောဆိုခြင်းဖြစ်သည်။

” HRDP က တနိုင်ငံလုံးမှာ လူ့အခွင့်အရေးနဲ့ပါတ်သက်လို့ အလေးထားဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့က လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုတွေ၊ ကာကွယ်ဆောင်ရွက်ပေးနေတာတွေ စဉျဆက်မပြတ်လုပ်ဆောင်နေတဲ့သူတွေပါ၊ ကျွန်တော်တို့ ရဲ့သင်တန်းကနေ သူတို့ရရှိသွားမဲ့ မှတ်တမ်းတင်မှု ဆိုင်ရာအချက်အလက်တွေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖေါက်မှု တွေကို မှတ်တမ်းတွေဆက်လက်ပြုစု နိုင်တော့မှာပါ။ အဲသည်ကရမဲ့ အချက်အလက်တွေ၊ ကျွန်တော်တို့အဖွဲ့ရဲ့ကောက်ခံရရှိမှုတွေပေါ်မူတည်ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ကို မြန်မာ့လူ့အခွင့်အရေးကော်မရှင် နဲ့ ပြည်သူ့လှှတ်တော် ထိတင်ပြသွားနိုင်ဘို့ရည်ရွယ် ပါတယ်။” ဟု သင်တန်းတာ၀န်ခံဖြစ်သူ ကိုသားကြီး မှပြောကြားခဲ့သည်။

သင်တန်းတွင် HRDP ၏ ဒေသအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ခဲ့ပြီး ND-Burma မှ သင်တန်းဆရာ ၄ဦးက လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းတင်ခြင်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အဓိကထား သင်ကြားပို့ချခဲ့သည်။
သင်တန်းစသည့်နေ့က ကမာရွတ်မြို့နယ် သတင်းတပ်ဖွဲ့နှင့် စအဖ သတင်းပေးများမှ သင်တန်းအကြောင်း လာရောက်မေးမြန်းကြောင်း၊ ရ၀တ ကလည်း မေးမြန်းလာ၍ သွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း၊ နယ်မြေခံ စအဖ မှ လာရောက်မေးမြန်းသည့်အခါ “လူ့အခွင့်အရေးကိစ်စဆောင်ရွက်နေတာဟာ မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ဝိုင်း၀န်းဆောင်ရွက်နေတာ၊ အောက်ခြေအာဏာပိုင်တွေက လူ့အခွင့်အရေးနဲ့ နိုင်ငံရေးကွဲကွဲပြားပြား ကိုမသိသေးဘူးလို့” ရှင်းပြခဲ့ကြောင်း ကိုသားကြီးက ပြောသည်။
ယခုသင်တန်းသည် လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ ၏ မြန်မာပြည်တွင်း တွင် ပြုလုပ်သည့် သင်တန်းများမှ တခုဖြစ် ပြီး ၄င်းကဲ့သို့ သင်တန်းများကို မြန်မာနိုင်ငံတွင်း ဒေသများအနှံ့ ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်းသိရှိရသည်။