လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma) ၏ လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ မှတ်တမ်း တင်ခြင်း အခြေခံသင်တန်းကို ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်ရှိ ၄င်းရုံးတည်ရှိရာ သင်တန်းခန်းမတွင် ၂၀၁၃ ခုနှစ် မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၇ ရက်တာပြုလုပ်ခဲ့ရာ သင်တန်းသားတဦးမှ ယခုလိုသင်တန်းများ တိုင်းရင်းသားဒေသများတွင် ပိုမိုလိုအပ်သည်ဟုပြောကြားခဲ့သည်။

သင်တန်းတက်ရောက်ခဲ့သူတဦးဖြစ်သူ ပလောင်အမျိုးသားတဦးက “ကျွန်တော်တို့က တိုင်းရင်းသားဒေသက လာတက်တာပါ။ ကျွန်တော်တို့ဒေသမှာလူ့အခွင့်အရေးဆိုတာဘာမှန်း သိတာမဟုတ်ဘူး၊ ချိုးဖေါက်ခံရတယ်ဆိုတာလဲသိတာမဟုတ်ဘူး။ အခု သင်တန်းတက်ပြီးတော့မှ ငါတို့အခြေအနေတွေ ဒီလိုဖြစ်နေပါလားဆိုတာသိရတာ။ ကျွန်တော့်ဒေသကိုပြန်ရောက်ရင် လူ့အခွင့်အရေးနဲ့ ပါတ်သက်တာတွေကို ပါတ်၀န်းကျင်ကိုပြောပြမယ်။ ချိုးဖေါက်ခံရမှုတွေသိရင်၊ကြားရင် မှတ်တမ်းတင်မယ်၊ ဒီလိုသင်တန်းမျိုးတွေက ကျွန်တော်တို့ မြန်မာပြည်ထဲမှာ အထူးသဖြင့် တိုင်းရင်းဒေသတွေမှာ အများကြီးလုပ်ပေးဘို့ကောင်းတယ်။ ခုလိုစီစဉ်ပေးတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ကိုကျေးဇူး အရမ်းတင်ပါတယ်” ဟုပြောသည်။
ယခုသင်တန်းသည် လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) ၏ မြန်မာနိုင်ငံတွင်း ပြုလုပ်သော လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ မှတ်တမ်း တင်ခြင်း အခြေခံသင်တန်းများအနက် တခုဖြစ်သည်။

သင်တန်းသို့ လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) ၏ အဖွဲ့၀င်အဖွဲ့စည်းများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၄ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် သင်တန်းဆရာ ၄ ဦးမှ လူ့အခွင့်အရေးအခြေခံမူများ၊ UDHR အချက် ၃၀၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂဆိုင်ရာစာချုပ်စာတမ်းများအကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာသမိုင်းများနှင့်၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အမှန်တရားဖေါ်ထုတ်ရေး၊ မှတ်တမ်း တင်ခြင်းဆိုင်ရာ အခြေခံများ၊ဆောင်ရန်ရှောင်ရန် များအကြောင်းကို အဓိကထားပြီး သင်ကြားခဲ့ကြောင်းသိရသည်။

လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းတင်ကွန်ရက်(မြန်မာနိုင်ငံ) သည် လူ့အခွင့်အရေးလှုပ်ရှားနေသည့် တိုင်းရင်းသားအဖွဲ့အစည်း ၁၃ ဖွဲ့ပေါင်းစည်းထားသည့်အဖွဲ့ဖြစ်သည်။ မြန်မာနိ်ုင်ငံတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံရသည့်အဖြစ်အပျက်များကို မှတ်တမ်းပြု၊ထိန်းသိမ်းကာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို နိုင်ငံတကာမှသိရှ
ိအောင် လှုံ့ဆောင်ဆောင်ရွက်နေပြီး ရေရှည်တွင်လည်း စစ်မှန်သည့် အသွင်ကူးပြောင်းရေးကာလတွင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် အမှန်တရားနှင့် တရားမျှတမှုရှာဖွေနိုင်ရန် ဆောင်ရွက်နေသည့် ထိုင်းနိ်ုင်ငံ၊ချင်းမိုင်မြို့ အခြေစိုက်အဖွဲ့အစည်းတခုဖြစ်သည်။