ယခုအစီရင်ခံစာကာလအတွင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် သိသိသာသာ အချိုးအကွေ့ များဖြစ်ပေါ်ခဲ့သည်။ တချိန်က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုမှ အရပ်သားများကို ချီးမြှင့်သော အမြင့်ဆုံးဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုကိုလက်ခံရယူပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ ခရီးစဉ်အတွင်း အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက နယူးယောက်မြို့သို့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန် ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူဝင့်ကြွား ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းပြောဆိုမှုနှင့် တခြားသော အချက်အလက်များအပေါ်အခြေခံ၍ အမေရိကန်ပြည်ထောင်စုသည် သွင်းကုန်ပိတ်ပင်ခြင်း ပိတ်ဆို့မှုအပါအဝင် ပြစ်ဒဏ်ခတ်အရေးယူမှုကို လျော့ပေါ့ပေးခဲ့သည်။
Blog
You are here: Home / Blog / အစီရင်ခံစာများ / ပုံမှန်အစီရင်ခံစာ / မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ (ဧပြီ – စက်တင်ဘာ ၂၀၁၂ ခုနှစ်)...
ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသို့ အကြံပြုတိုက်တွန်းချက်များ။
- လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ လူ့အခွင့်အရေးနေ့တွင် အသစ်ထုတ်ဝေသော အကျဉ်းချုပ်စာတမ်း“လေကြောင်း တိုက်ခိုက်ခြင်း”
- လေကြောင်းတိုက်ခိုက်မှုများ:၂၀၂၄ ခုနှစ်နိုဝင်ဘာလ တွင် ရှမ်းပြည်မြောက်ပိုင်း၊ ကချင် ပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် စစ်ကောင်စီကျူးလွန်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများ
- အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံခရီးစဉ်ပြန်လာပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | ||||
4 | 5 | 6 | 7 | 8 | 9 | 10 |
11 | 12 | 13 | 14 | 15 | 16 | 17 |
18 | 19 | 20 | 21 | 22 | 23 | 24 |
25 | 26 | 27 | 28 | 29 | 30 | 31 |