မြေယာသိမ်းဆည်းမှုအပါအဝင်  မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ တင်ပြထားသော လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၏ အကျဉ်းချုပ်အစီရင်ခံစာ။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် ၂၀၁၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကောက်ယူရရှိခဲ့သော မြေယာသိမ်းဆည်းမှုအပါအဝင် လတ်တလောလူ့အခွင့်အရေး
ချိုဖောက်မှုများကို သုံးသပ်တင်ပြထားသော လူ့အခွင့်အရေး ကာလအပိုင်းအခြားအလိုက်အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအတွင်း အစိုးရနှင့် ၎င်း၏ထောက်ခံသူများ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၄ ခုကို မှတ်တမ်းတင်ဖေါ်ပြထားသည်။

ချိုးဖောက်မှုများအနက် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု ၂၇ ခု၊ မြေယာသိမ်းဆည်းမှု ၂၆ ခုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၂၁ ခုတို့ပါဝင်သည်ကိုတွေ့ရသည်။ ချိုးဖောက်မှုများသည် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တိုက်ပွဲများ၊ အစိုးရစစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်သည်ကို လေ့လာ တွေ့ရှိခဲ့သည်။

ကွန်ရက်၏ ကွင်းဆင်းအချက်အလက်ကောက်ယူမှုများမှ ရရှိသော အချက်အလက်များအရ မြေယာသိမ်းဆည်းမှုနှင့် ပိုင်ဆိုင်မှုပစ္စည်းဖျက်ဆီးခံရခြင်းချိုးဖောက်မှုများ နေရာကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ကိုတွေ့ရသဖြင့် လတ်တလော မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာများတွင် ဖေါ်ပြနေသော သတင်းပေးပို့ချက်များနှင့်လည်း ထပ်တူကျ တူညီနေသည်ကို တွေ့ရသည်။ ၂၀၁၂ခုနှစ်လယ်ယာ မြေဥပဒေ၏ အားနည်းချက်ကြောင့် အစိုးရနှင့် ၎င်းနှင့်နီးစပ်သောစီးပွားရေး အုပ်စုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ခွင့်ရနေသည်။” ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

“အစီရင်ခံစာတွင် ဖေါ်ပြထားသော မြေယာနှင့်ပိုင်ဆိုင်မှုပစ္စည်းများ ဖြစ်ရပ်မှန်လေ့လာချက်များတွင် လေ့လာခဲ့ရသည့်အတိုင်း မြန်မာနိုင်ငံအဝှမ်းတွင် မိသားစုများ (သို့မဟုတ်) ရွာလုံးကျွတ်ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးနေသည်ကိုတွေ့ရသည်။” ဟု အစီရင်ခံစာတွင် ဆက်လက်ဖေါ်ပြ ထားသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအား လွတ်လပ်စွာလုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ယခုအစီရင်ခံစာသည် မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှု အားလုံး ကို ကိုယ်စားပြုထင်ဟပ်ခြင်း မရှိသည်ကို သတိချပ်စေလိုပါသည်။

အစီရင်ခံစာအား အပြည့်အစုံဖတ်ရှုလိုပါက www.nd-burma.org မှာ ဒေါင်းလုပ်ယူနိုပ်ပါသည်။

ပိုမိုသိရှိလိုပါက
နိုင်အူးမွန်— ဖုန်း (+၆၆) ၈၆၁-၆၇၉-၇၄၁
လွေးပို;ဖိန်း —- ဖုန်း (+၆၆) ၈၅၆–ဝ၅၆-ဝ၄၁