သြဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူခြင်း သင်တန်းအား ချင်းမိုင် ကွန်ရက်ရုံးတွင် ကျင်းပခဲ့သည်။ သင်တန်းသား ခုနှစ်ဦးတက်ရောက်ပြီး ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူနှစ်ဦးနှင့် ကွန်ရက်အလုပ်သင်တဦးပါ တက်ရောက်လေ့လာခဲ့သည်။ အချက်အလက်ကောက်ယူခြင်းနှင့် မှတ်တမ်းတင်ခြင်းအကြောင်းကို အဓိကထားသင်ကြားခဲ့သည်။
သင်တန်းအပြီးတွင်လည်း ကွန်ရက်၏ အချက်အလက်စီမံခန့်ခွဲရေးအလုပ်အဖွဲ့ဝင် အာဝမ်က မားတက်စ်(Martus) ဒေတာဘေ့စ်နှင့်ပတ်သက်၍ သင်တန်းသားများကို သင်ကြားပေးခဲ့သည်။ မားတက်စ်ဒေတာဘေ့စ်သည် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ လုံခြုံစွာသိမ်းဆည်းနိုင်သော ကွန်ပြူတာ ဆေ့ဝယ်ယာတခုဖြစ်သည်။ လက်ရှိ ကွန်ရက်အဖွဲ့ဝင်အဖွဲ့အစည်းများ အသုံးပြုနေသော ဒေတာဘေ့စ်တခုဖြစ်သည်။
သင်တန်းအား ပြည်တွင်းအခြေစိုက်လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပိုမိုထိတွေ့ခွင့်ရရန်၊ ၎င်းတို့၏ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူခြင်း လုပ်ငန်း လိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးရန် နှင့် ပြည်တွင်းအခြေစိုက်အဖွဲ့အစည်းများနှင့် ကွန်ရက်အဖွဲ့ဝင်အဖွဲ့အစည်းများအကြားရင်းနှီးမှု ပိုရှိလာစေရန်တို့အတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဤသင်တန်းသည် ကွန်ရက်မှပြုစုရေးသားထားသော သင်တန်းလက်စွဲ  အား ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ်အသုံးပြုခြင်းဖြစ်သည်။ အဆိုပါသင်တန်းလက်စွဲအား ရယူလိုပါက အထက်ပါ လင့်အတိုင်း ရယူနိုင်ပါသည်။ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူလိုသော အဖွဲ့အစည်းများအတွက် ရည်ရွယ်ပြုစုထားခြင်း ဖြစ်ပါသည်။