သတင်းထုတ်ပြန်ချက်အောက်တိုဘာလ ၊ ၂၅ရက်၊ ၂၀၁၁
ခုနှစ်မြန်မာစစ်အစိုးရသစ်၏ အာဏာရပါတီချုပ်ကိုင်မှုအောက် မဲဆန္ဒနယ်မြေတွင်ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေခြင်းပလောင်အမျိုးသမီး အစည်းအရုံး (္စ္တဥ) ၏ အသစ်ထုတ်ပြန်သည့် အစီရင်ခံစာတွင်
မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်တွင်းရှိ ပလောင်ဒေသများတွင်ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသိသိသာသာ တိုးတက်လာနေကြောင်း ဖော်ပြထားခဲ့ပါသည်။ ဤဒေသသည် မြန်မာစစ်တပ်က ကျောထောက်နောက်ခြုံပထားသည့်

အစိုးရသစ်ဖွဲ့စည်းပုံတွင် မူးယစ်ဘိန်းရာဇာတစ်ဦး ရွေးချယ်တင်မြေ‡ာက်ခံ ခဲ့ရသည့် မဲဆန္ဒနယ်မြေဒေသတစ်ခု ဖြစ်ပါသည်။ပလောင်အမျိုးသမီးအစည်းအရုံးက (၂၀၁၀)ခုနှစ်တွင်
ထုတ်ပြန်ခဲ့သည့် “အဆိပ်သင့်တောင်တန်းများ” (္စသငျသညနိ ံငျူ) အစီရင်ခံစာ၏ နောက်ဆက်တွဲလေ့လာမှု “အဆိပ်သင့်နေဆဲ” (ှအငူ
္စသငျသညနိ) အမည်ရှိ အစီရင်ခံစာတွင်၊ နမ့်ခမ်းòမိ့နယ်ရှိ ကျေးရွာ
၁၅-ခု တွင် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပချိန်မှစ၍ ဟက်တာ ၁”၁၀ဝ ကျော် ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးတက်လာကြောင်း မှတ်တမ်းတင်ခဲ့ပါသည်။
ပြီးခဲ့သည့် ၂-နှစ်ကာလတွင် ၇၈プ ကျော် တိုးတက်လာခဲ့ပါသည်။
ဤဒေသအတွင်း ဘိန်းဖောက်ကားရောင်းဝယ်မှုကို ပန်းဆေးကျော်မြင့်ခေါ် အစိုးရ၏ပြည်သူ့စစ် လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်ကဦးဆောင်နေပြီး၊ ၎င်းမှာ ယခုအာဏာရအစိုးရ၏ပါတီဖြစ်သည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့òဖိးရေးပါတီမှ ရွေးချယ်ခံခဲ့ရသည့် အမတ်တစ်ဦးလည်းဖြစ်သည်။ပလောင်အမျိုးသမီးအစည်းအရုံး၏ သုတေသနြုပမှုတွေ့ရှိချက်တွင် ဘိန်းစိုက်ပျိုးမှုသည်
ပြီးခဲ့သည့်နှစ်အတွင်း နမ့်ခမ်းòမိ့နယ်တွင် ကျေးရွာသစ် ၁၂-ခုသို့ တိုးချဲ့ပျံ့နှံ့လာပြီး၊ စစ်အစိုးရတပ်များ၊ ရဲများနှင့်ပြည်သူ့စစ်တပ်ဖွဲ့များက ဘိန်းစိုက်တောင်သူများထံမှ ပြောင်ပြောင်တင်းတင်း အခွန်တောင်းခံလျှက် ရှိနေသည်။နောက်ပိုင်းတွင် ပလောင်လူထုတို့၏ ရပ်ရွာအတွင်း မူးယစ်ဆေးထုတ်လုပ်မှုနှင့် ဆေးစွဲမှု သိသိသာသာ တိုးတက်လာနေသည်ကို စိတ်မသက်သာဖွယ်တွေ့ရှိနေရသည်။
ပလောင်အမျိုးသမီးအစည်းအရုံး၏တွေ့ရှိချက်များအရ ကျေးရွာတစ်ရွာတွင် အသက် ၁၅- နှစ်အထက် ယောကျာ်းများ၏ ၉၀プ ကျော်သည်ဘိန်းမဲ သို့မဟုတ်ဘိန်းဖြူဆေးစွဲနေသည်ကိုတွေ့ရှိရပြီး၊
ပြီးခဲ့သည့် ၂-နှစ်တာ ကာလတွေ့ရှိခဲ့သည့် မှတ်တမ်းများထက် ၂-ဆ တိုးတက်များပြားလာသည်ကို တွေ့ရသည်။လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်သည့်အခါ ပန်းဆေးဦးကျော်မြင့်ကသူသာအနိုင်ရပါက
ရွာသားများအနေဖြင့် နောက်ထပ် ၅-နှစ် ဘိန်းစိုက်ခွငြ်ု့ပမည်ဖြစ်ကြောင်း ပြောဆို၍ မဲဆွယ်စည်းရုံးခဲ့ပါသည်။“ရွေးကောက်ပွဲပြီးတော့မှ ဘိန်းစိုက်ပျိုးတာရယ်၊ မူးယစ်ဆေးစွဲတဲ့ပြဿနာက
ကျနော်တို့ရပ်ရွာမှာ ပိုဆိုးလာတယ်။” နမ့်ခမ်း ကျေးရွာနေ ပြည်သူတစ်ဦးကပြောပြပါသည်။ “အခုတော့ ပြည်သူ့စစ်ခေါင်းဆောင်ကျော်မြင့်က အမတ်ဖြစ်လာပြီ။ သူက မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်လို့ ပိုလို့ လုပ်ပိုင်ခွင့်သြဇာကြီးလာပြီ” ဟု
ဆိုပါသည်။ပလောင်အမျိုးသမီး အစည်းအရုံး၏ နောက်ဆုံးသုတေသနြုပမှုတွင် မြန်မာနိုင်ငံတွင် မူးယစ်ဆေးပြဿနာဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးပြဿနာများသည်ရေသောက်မြစ်ပြဿနာဖြစ်နေကြောင်း၊
၎င်းတို့ကို အရေးပေါ်ဖြေရှင်းရန် လိုအပ်နေကြောင်းလည်း ဖော်ပြထားပါသည်။“စစ်အစိုးရက တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်ချေမှုန်းနိုင်ဖို့ သူတို့လက်ကိုင်ဒုတ်ဒေသခံပြည်သူ့စစ်တွေကို ဘိန်းစိုက်ခွင့်၊ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှုကနေ အကျိုးအမြတ်တွေရဖို့ ခွငြ်ု့ပထားတယ်။” ဟု ယခုအစီရင်ခံစာအတွက် အဓိကတာဝန်ခံ သုတေသန
ြုပခဲ့သူ
လိုည်းနွေနှောင်းက ပြောသည်။
“မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်နဲ့ မူးယစ်ဆေးပြဿနာက ဒင်္ဂါး တစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ” ဟု ထပ်လောင်းပြောသည်။ပလောင်အမျိုးသမီးအစည်းအရုံးက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး၊
မြန်မာနိုင်ငံ၏တိုင်းရင်းသားအရေးပြဿနာများကိုဖြေရှင်းနိုင်ရေးအတွက်သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရေးကိုတောင်းဆိုပါသည်။ ဤနည်းသည်သာ မူးယစ်ဆေး ပြဿနာအတွက် ရေရှည် ဖြေရှင်းနိုင်မည့်
နည်းလမ်းဖြစ်သည်ဟုလည်း ယုံကြည်ကြောင်း ဖော်ပြအပ်ပါသည်။အစီရင်ခံစာ အပြည့်အစုံကို
အင်တာနက် စာမျက်နှာ များတွင် ရယူနိုင်ပါသည်။ဆက်သွယ်ရန်
လိုည်းနွေနှောင်း
(ြ၆၆) ၈၂၁ ၆၄၈ ၁၁၅
လိုည်းအမ်
(၈၆) ၁၃၀၉၅၂၁၉၂၈၁
လိုည်းဆဲင်ဘ္လောဿ
(ြ၆၆) ၈၅၆၀၅၇၃၁၈နှင့်တတတ၏စေူကေညါူညေိ၏သမါ