လက်ဖက်တောင်သူ တအာင်းပြည်သူလူထုတို့သည် ၂၀၁၁ ခုနှစ် လက်ဖက်ရာသီ တွင် လက်ဖက်ဈေးကွက် ဆိုးဝါးစွာ ပျက်စီးခြင်းကြောင့် ကြီးမားသည့်စီးပွားရေး အကြပ်အတည်းနှင့် ရင်ဆိုင်နေကြရပါသည်။ ရွှေဖီဦးကာလတွင် လက်ဖက်ဈေးအသင့်တင့်ရှိပြီး ဝယ်ယူ သူများရှိသော်ငြားလည်း တပတ်ခန့်အကြာတွင် လက်ဖက်ဈေးနှုန်းများ တဟုန်ထိုး ကျဆင်းလာပြီး၊ ဝယ်လက်များလည်း နည်းပါးလာပါသည်။ နောက်ပိုင်းတွင် လက်ဖက်ဈေးကွက်ပျက်
ခ့ရပြီး လက်ဖက်လုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ဲ ရွှေဖီလက်ဖက်ရာသီမှာ တပေါင်းလပြည့်ကျော်မှစတင်၍ ကဆုန်လဆန်းထိ တစ်လကျော်ကြာမြင့်ပြီး ပလောင်လူမျိုးတို့၏ အသက်မွေးဝမ်းကြောင်းကို အဓိကထောက်ပံ့ပေးသည့် လက်ဖက်ရာသီ ဖြစ်ပေသည်။ လက်ဖက်လုပ်ငန်း လုပ်ကိုင်ကြသည့် တအာင်းလူမျိုးတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲအနောက်ဖက်ခြမ်း၊ သီပေါ
အနောက်ဖက်ခြမ်း၊ နမ့်ခမ်း၊ ကွတ်ခိုင် အစရှိသည့်မြို့နယ်တို့တွင် အဓိကနေထိုင်ကြသည်။ လက်ဖက်လုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုကြသော တအာင်းလူဦးရေမှာစုစုပေါင်း ခြောက်သိန်းကျော်ခန့် ရှိပါသည်။

 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *