မြန်မာနိ်ုင်ငံ အရှေ့ဖက်ခြမ်းနဲ့ တောင်ဖက်ခြမ်းဒေသတွေမှာ ကလေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အခြေအနေ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေကြောင်း အောက်တိုဘာ ၁၉ ရက် ဒိီကနေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ လေ့လာခဲ့တဲ့ ကျန်းမာရေးနဲ့ လူ့့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းပွဲကို ဒီကနေ့ မနက် ၁၁နာရီက ဗန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အစီရင်ခံစာအတွက် အချက်အလက်များကို ကရင်၊ ကရင်နီ၊ မွန်နဲ့ ရှမ်းစတဲ့ ပြည်နယ်လေးခုအပြင် တနင်္သာရီနဲ့ ပဲခူးတိုင်းတွေမှာ ၂ နှစ်နီးပါး လေ့လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မေးမြန်းခဲ့သူ လူပေါင်း သုံးသောင်း နီးပါး ရှိပါတယ်။

တွေ့ရှိချက်ကတော့ ကူးစက်ရောဂါ ဖြစ်ပွားမှုဟာ တကမ႓ာလုံး အတိုင်းအတာနဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ခလေးသေဆုံးမှုနှုန်းက မြန်မာနိုင်ငံက ထုတ်ပြန်တဲ့ စာရင်းဇယားတွေနဲ့ ယှဉ်ကြည့်ရင် ၂ ဆ၊ မိခင် သေဆုံးမှုနှုန်းက ၃ ဆဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီဒေသက ပြည်သူတွေဟာ အေးချမ်းစွာ နေထိုင်ရသူတွေ မဟုတ်ပဲ စစ်တပ်ရဲ့ အဓမ္မ ရွှေ့ပြောင်းခြင်း ခံနေရတာ ကြုံတွေ့နေရသလို အိုးအိမ်တွေ အဖျက်ခံရခြင်းအပြင် စစ်တပ်ရဲ့ အဓမ္မ လုပ်အားပေး စေခိုင်းခြင်းတွေ ခံနေရတဲ့ ဒေသတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းအမျိုးသမီး ကွန်ရက်အဖွဲ့က နန်းချမ်တောင်းက ဒီဒေသက လူတွေ လူ့အခွင့်အရေး အချိုးဖောက်ခံရတာ နှစ်ပေါင်း ၅၀ ကျော်ပြီလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအဖြစ် ပြသနိုင်တဲ့ သက်သေများ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေ ရာဇဝတ်မှု ကျူးလွန်ခံရမှုတွေဟာ ဒီကနေ့အထိ ဆက်လက်ဖြစ်နေဆဲ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်၊

သတင်းစာရှင်းပွဲကို မယ်တော် ဆေးခန်းက ဒေါက်တာ စင်သီယာမောင်၊ ဂျွန်ဟော့ကင်းတက္ကသိ်ုလ် လူထု ကျန်းမာရေးဌာနက ဒေါက်တာ ဝါနာဝါကစ်၊ ရှမ်းအမျိုးသမီးရေးရာအဖွဲ့က နန်းချမ်တောင်းနဲ့ ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့က နိုင်အေးလွင်တို့ ရှင်းလင်းခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲအပြီး အစီရင်ခံစာနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က အသေးစိတ် မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်