ဗိုက်မှောက်နေရသည့် ဘဝများ

မြန်မာနိုင်ငံရှိ အတင်းအကျပ်နှင့် အကျင့်ပျက်ခြစားနေသည့် အခွန်ကောက်ယူမှုစနစ်၏ မမြင်သာသည့် ဆိုးကျိုးသက်ရောက်မှုများ

အစိုးရက ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရေပေးဝေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ် စသည်ကဲ့သို့သော အများကောင်းကျိုးနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် အရင်းအမြစ်များ လိုအပ်ပါသည်။

အစိုးရ၏ အခွန်ဘဏ္ဍာဝင်ငွေ (Revenue) အများစုသည် အများပြည်သူတို့နှင့်၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အခွန် ကောက်ခံခြင်းအားဖြင့်လည်းကောင်း၊ အစိုးရက ပေးနေသည့် ဗိုက်မှောက်နေရသည့် ဘဝများ၊ မြန်မာနိုင်ငံရှိ အတင်းအကျပ်နှင့် အကျင့်ပျက်ခြစားနေသည့် အခွန်ကောက်ယူမှုစနစ်၏ မမြင်သာသည့် ဆိုးကျိုးသက်ရောက်မှုများဝန်ဆောင်မှုများအတွက် အဖိုးအခကြေးကို ကောက်ခံခြင်းအားဖြင့်လည်းကောင်း၊ အကူ အညီရရှိသည့် ရန်ပုံငွေများနှင့် တိုင်းပြည်၏ သဘာဝသယံဇာတမှရသည့် ဘဏ္ဍာဝင်ငွေများအားဖြင့် လည်းကောင်း စုဆောင်းရရှိပါသည်။

ကမ္ဘာတဝှမ်းရှိ ပြည်သူများသည် သူတို့တာဝန်အရ ပေးဆောင်နေ ကြရသည့် အခွန်များနှင့်ပတ်သက်၍ ကျေနပ်မှုမရှိဘဲ စောဒကတက် ပြောဆိုလေ့ရှိကြပါသည်။

သို့သော် လည်း ဤအစီရင်ခံစာတွင် ဖော်ပြထားသည့် အတိုင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခွန် ကောက်ခံမှုမှာမူ အတင်းအကျပ် ကောက်ခံနေခြင်းဖြစ်ပြီး၊ အကျင့်ပျက်ခြစားမှုများနှင့်လည်း ပတ်သက်နေရာ မြန်မာနိုင်ငံ၏စီးပွားရေးနှင့် ပြည်သူအများ၏ သက်မွေး ဝမ်းကျောင်းမှုများကို ထိခိုက်နစ်နာ စေပါသည်။

ဤသို့အနေအထားတွင် သူတို့၏ လူ့အခွင့်အရေးများကို အကျယ်အပြန့်နှင့် စနစ်တကျ ချိုးဖောက်နေခြင်းပင် ဖြစ်ပါသည်။ စစ်အစိုးရက မြန်မာနိုင်ငံရှိ အခွန်စနစ်ကို ပုံမှန်နှင့် တရားဝင်ဆောင်ရွက်နေသည့် အစိုးရ၏ လုပ်ငန်းဆောင်တာမှနေ၍၊ အဓ္မငွေညှစ်သည့်ပုံစံ၊ ဖိနှိပ်ရေး ကိရိယာတစ်ခု အဖြစ် ပုံစံပြောင်းပစ်ခဲ့ပါသည်။

ဤသို့ပျက်စီးစေသည့် အာနိသင်ရှိသော အခွန်ကောက်ခံမှု စနစ်ကြောင့်နှင့် အခြေခံပြည်သူ့ရပိုင်ခွင့် ပြဌာန်းချက်များ ကင်းမဲ့နေခြင်းကြောင့် မြန်မာပြည်သူများသည် အစိုးရကို အံတုဆန့်ကျင်ရန်မစွမ်းသာသည့် အခြေအနေရှိနေသည်။ သူတို့နေ့စဉ်နှင့်အမျှ အသက်ရှင်သန်ရပ်တည်နိုင်ရေးကိုသာ အဓိကလုံးပမ်း နေကြရသည်။