RFA
ကုလသမဂ္ဂ ဦးဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန်အစိုးရက ထောက်ခံလိုက်တာကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က

သြဂုတ်လ ၁၈ ရက် ဒီကနေ့ ကြိုဆိုလိုက်ပါတယ်။
အစိုးရလက်အောက်ခံအဖွဲ့ဆိုပေမဲ့ အခုလို စုံစမ်းစစ်ဆေးရေး ကော်မရှင်စေလွှတ်ဖို့ ကိစ္စကို ထောက်ခံပါတယ်လို့ အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Carlos Medina က RFA ကို ပြောပါတယ်။

ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင်လည်း နိုင်ငံတခုချင်းစီထက် ဒေသတခုလုံးရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် ဒီလိုကိစ္စမျိုးကို ဦးစားပေး ဆောင်ရွက်နေပါတယ်လို့ သူက ပြောသွားပါတယ်။

အစိုးရလက်အောက်ခံ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံ အပါအဝင် ပြီးခဲ့တဲ့ နိုဝင်ဘာလက နိုင်ငံအလိုက် စတင်ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လပ်မှု ရှိမရှိဆိုတာ အာဆီယံ လူ့ အခွင့်အရေးဆိုင်ရာ အဖွဲ့အနေနဲ့ မေးခွန်းထုတ်နေသလို ဒီသီတင်းပတ်အကုန်မှာလည်း အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဗန်ကောက်မြို့မှာ အစည်းအဝေးကျင်းပဖို့ ရှိပြီး သဘောထား ထုတ်ပြန်ကြေညာမယ်လို့ မစ္စတာ ကာလို့စ်က RFA ကို ပြောသွားပါတယ်။

နိုဝင်ဘာလမှာ စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဆီယံလူ့ အခွင့်အရေးဆိုင်ရာအဖွဲ့ရဲ့ သဘောထားကိုလည်း RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင်ယူရန်