(RFA) အခုတပတ် တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံကနေ ယောက်ျားလေး မိန်းကလေး အရွယ်စုံ၊ လူမျိုးစုံ၊ လူပွဲစားတွေရဲ့ လှည့်ဖျားမှုခံရပြီး ပြည်ပ အိမ်နီးချင်းနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ရောင်းစားခံနေရတဲ့ကိစ္စ၊ ပြည်တွင်းမှာ ကလေးစစ်သားအဖြစ် အဓမ္မ သွတ်သွင်းခံရပြီး ပြည်ပကို ထွက်ပြေးသွားတဲ့ကိစ္စတွေ အခြေအနေတွေကို အခြေပြုပြီး

အာအက်ဖ်အေ ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်၊

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်၊ Social Action for Women ခေါ် အမျိုးသမီးနဲ့ ကလေးများ စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဒေါ်အေးအေးမာနဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရခိုင်အမျိုးသမီးများအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း တို့ ဖြစ်ကြပါတယ်။

နားဆင်ရန်

{mp3}CRCTRAF-RFA{/mp3}