(BBC) အင်းစိန် ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားတွေက သူတို့ ရသင့် ပေမဲ့ ဆုံးရှုံးနေတဲ့ အခွင့် အရေးတွေ ကို ပေးဖို့ ဗုဒ္ဓဟူးနေ့ကပဲ ထောင် အာဏာပိုင်တွေကို တင်ပြ တောင်းဆိုလိုက်တာပါ။

အဓိက အားဖြင့် ထောင်တွင်းမှာ စာပေ ဖတ်ရှုခွင့်၊ ကျန်းမာရေး စောင့် ရှောက်မှု၊ အစား အသောက် ကောင်းကောင်းမွန်မွန် ကျွေးမွေးမှု၊ ထောင်တွင်းမှာ လွတ်လွတ် လပ်လပ် နေရမှု၊ စာပေရေးသားခွင့် စတဲ့ အချက် ငါးချက်ကို တောင်းဆိုခဲ့ကြတာလို့ အေအေပီပီ အတွင်းရေးမှူး ကိုတိတ် နိုင်က ပြောပါတယ်။


ဒီလို တောင်းဆိုတဲ့ အကြောင်း ထောင်ကျ အကျဉ်းသား မိသားစုတွေက တဆင့် အေအေပီပီ သိခဲ့ရတာ ဖြစ်တယ်၊ တောင်းဆိုတာ တွေ ရတဲ့ အထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရတဲ့ အကြောင်း လည်း သူက ပြောပါတယ်။ ဒီလို အခွင့် အရေး တောင်းဆို မှုတွေကို အရင် ကထဲက အကျဉ်းသားတွေ အဆက်ဆက် နည်း အမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ဖူးပါတယ်။အခု အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေ က တော့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့ အခွင့် အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ကင်တားနား နိုင်ငံတွင်း ရောက်နေချိန် မှာ အချိန်ကိုက် လုပ်ပုံ ရတယ်လို့လည်း သူက ဘီဘီစီကို ပြောပြပါတယ်။

အာဏာ ပိုင်တွေ ဘက်က တော့ အရင်က ပုံစံ တွေ အတိုင်း အကျဉ်းသားတွေ အပေါ် အကြမ်းနည်းသုံး နှိမ်နင်း ကောင်း နှိမ်နင်း နိုင်သလို ဒီလို ကိစ္စမျိုးကို တတ်နိုင်သလောက် နိုင်ငံတကာ မသိ အောင် ဖုံးဖိ မှာ ဖြစ် တယ်လို့ လည်း ကိုတိတ်နိုင်က ယူဆပါတယ်။ အကျဉ်းသား အတော်များများကိုနယ်ဝေး ထောင်တွေဆီ ရွှေ့ ပြောင်း ထားခဲ့ ပြီး ဖြစ်သလို လောလောဆယ် အင်းစိန် ထောင်တွင်းမှာနိုင်ငံရေး အကျဉ်းသား သုံးရာ လောက်ရှိနေတယ်လို့လည်း သိရပါတယ်။