ဆူဒန္သမၼတ အိုမာအယ္လ္ဘာရွား

(ဘီဘီစီ မြန်မာပိုင်း) ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှား (Omar al-Bashir) ကို ဒါဖိုး (Darfur) ဒေသမှာ ပဋိပက္ခတွေ ဖြစ်ခဲ့တုန်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ခြင်း ရှိမရှိ

အမှုစစ်မလားဆိုတာ ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ အယူခံ တရားသူကြီးတွေက ICC နိုင်ငံတကာရာဇဝတ်မှု ဆိုင်ရာ တရားရုံးကို ညွှန်ကြားလိုက်ပါတယ်။

တရားလိုတွေဖက်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား ခိုင်လုံအောင် မတင်ပြနိုင်ခဲ့ဘူးဆိုတဲ့ အရင် ဆုံးဖြတ်ချက်ကို အယူခံမှုကြားနာတဲ့ တရားသူကြီးတွေက ပြောင်းလဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဒါဖိုး ဒေသမှာရှိတဲ့ အဓိက သူပုန် အဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပြီး ဆူဒန် အစိုးရကတော့ ဒါဟာ နိုင်ငံရေး အရ ဆုံးဖြတ်ချက်သာဖြစ်တယ်၊ ဧပြီလအတွင်း ဆူဒန်မှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲကို နှောင့်နှေးအောင် တမင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်မှု ဆိုင်ရာ ခုံရုံးမှာ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ရဲ့အတွင်းရေးမှူး ဦးအောင်ထူးက ဆူဒန်နဲ့ မြန်မာနိုင်ငံအခြေအနေ ချင်းတူတာတွေရှိနေပြီး အကျိုးစီးပွားကို အခြေခံပြီး ထောက်ခံနေတဲ့ နိုင်ငံတွေက အကာအကွယ် မပေးတော့တဲ့အခါ တရားစွဲ အရေးယူနိုင်တဲ့ အခြေအနေကို ရောက်လာနိုင်တယ်လို့ ပြောပါတယ်။